နေပြည်တော်ကောင်စီနယ်မြေရှိ မွေးမြူရေးတောင်သူများအတွက် မေထုန်မဲ့သားစပ်သင်တန်း ဖွင့်လှစ်

နေပြည်တော်ကောင်စီနယ်မြေရှိ မွေးမြူရေးတောင်သူများအတွက် မေထုန်မဲ့သားစပ်သင်တန်း ဖွင့်လှစ်


Ministry of Information/ Naypyitaw / August 02, 2024
image_latest


နေပြည်တော် ဩဂုတ် ၁

မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနကကျင်းပသည့် မေထုန်မဲ့သားစပ်သင်တန်း (၁/၂၀၂၄/ နပတ) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော် ရုံးအမှတ်(၃၆)၌ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော် ကောင်စီအဖွဲ့ဝင်၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မွေးမြူရေးတောင်သူ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မွေးမြူရေးလုပ်ငန်းတွင် အချိန်တိုအတွင်း ကြီးထွားနှုန်းမြန်၍ တွက်ခြေကိုက်သော ဒေသနှင့်ကိုက်ညီသော မျိုးကောင်းမျိုးသန့်များ မွေးမြူထုတ်လုပ်ရန်အတွက် မေထုန်မဲ့သားစပ်ခြင်းလုပ်ငန်းကို မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ဝန်ထမ်းနှင့်အတူ လက်တွဲလုပ်ဆောင်ကြမည့် ကျေးလက်အခြေပြု ဒေသခံတိရစ္ဆာန်ကျန်းမာရေးလုပ်သားများကို သင်တန်းပေးပြီး မွေးထုတ်ပေးခြင်းအားဖြင့် လူ့စွမ်းအားအရင်းအမြစ်ကို ဖြည့်ဆည်းပေးခြင်းဖြစ်ကြောင်း။

မေထုန်မဲ့သားစပ်လုပ်ငန်းကို တိုးချဲ့ဆောင်ရွက်လာနိုင်ခြင်းဖြင့် ထုတ်လုပ်မှုအားကောင်းသော မျိုးကောင်းမျိုးသန့်များကို တိုးချဲ့မွေးမြူနိုင်ကြမည်ဖြစ်၍ ဒေသစားသုံးမှု ဖူလုံရေး၊ ဒေသ၏ လူမှုစီးပွားတိုးတက်ရေးကို ထိရောက်စွာအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ မေထုန်မဲ့သားစပ်လုပ်ငန်းကို ကာလတိုသင်တန်းအဖြစ် အခမဲ့ပို့ချပေးခြင်းဖြစ်သော်လည်း ပညာရပ်အပေါ်တန်ဖိုးထားလေ့လာပြီး လက်တွေ့လုပ်ငန်းခွင်၌ အကျိုးရှိစွာအသုံးချနိုင်ရေးနှင့် နည်းပညာပြန့်ပွားရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ပေးနိုင်ရေး ဆက်လက်ကြိုးပမ်းသွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ထို့နောက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲထွန်းဝင်းက သင်တန်းကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ယခုသင်တန်းကို ဩဂုတ် ၁ ရက်မှ ၅ ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး နေပြည်တော်ကောင်စီနယ်မြေမှ မွေးမြူရေးတောင်သူ သင်တန်းသား သင်တန်းသူ ၁၀၀ ကို မေထုန်မဲ့သားစပ်လုပ်ငန်း သမိုင်း၊ နွားမျိုးများနှင့် ဆိတ်မျိုးများအကြောင်း၊ မြိုင်သံသရာနှင့် မြိုင်စစ်ဆေးခြင်း၊ မျိုးပွားမှုဆိုင်ရာ ရောဂါများ၊ တိရစ္ဆာန်ကိုင်တွယ်ထိန်းချုပ်ခြင်း၊ သန္ဓေအောင်မြင်မှုကို အကျိုးသက်ရောက်သောအချက်များ၊ ဇီးစမ်းသပ်ခြင်း၊ မျိုးနွားသိုးမွေးမြူ စောင့်ရှောက်ခြင်း၊ မျိုးပွားမှုဆိုင်ရာ အာဟာရဗေဒ၊ မေထုန်မဲ့သားစပ်ကိရိယာပြင်ဆင်ခြင်းနှင့် မျိုးရည် ခဲချောင်း သိုလှောင်ထိန်းသိမ်းခြင်း၊ နွားမျိုးများဖြင့် မျိုးမြှင့်သားစပ်ခြင်း၊ မေထုန်မဲ့သားစပ်ခြင်းဆိုင်ရာ နည်းလမ်းများ၊ ဌာန၏ဆောင်ရွက်နေသောလုပ်ငန်းများ၊ အမ မျိုးပွားအင်္ဂါ ခန္ဓာဗေဒနှင့် ဇီဝကမ္မဗေဒ၊ နွားနှင့်ဆိတ် အမမျိုးပွားအင်္ဂါ စမ်းသပ်ခြင်းနှင့် မေထုန်မဲ့ လက်တွေ့သားစပ်ခြင်းစသည့် သင်ခန်းစာ များကို ပို့ချပေးသွားမည်ဖြစ်သည်။

အလားတူ ၂၀၂၄ ခုနှစ် ဇူလိုင်လအတွင်းက မိတ္ထီလာခရိုင်တွင်ဖွင့်လှစ်သည့် မေထုန်မဲ့သားစပ် သင်တန်းတွင်လည်း သင်တန်းသား သင်တန်းသူ ၁၀၀ တက်ရောက်ခဲ့ကြပြီး အခြားသော တိုင်းဒေသကြီး ပြည်နယ်များတွင်လည်း ဆက်လက်ဖွင့်လှစ်ပေးသွားရန် စီမံဆောင်ရွက်ထားရှိကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလပြည့်ကျော် ၂ ရက်၊ မတ် ၁၅ ရက် ၊စနေနေ့။


Posted on Mar 15, 2025

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလပြည့်ကျော် ၁ ရက်၊ မတ် ၁၄ ရက် ၊သောကြာနေ့။


Posted on Mar 14, 2025

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလပြည့်နေ့ ၊ မတ် ၁၃ ရက် ၊ကြာသပတေးနေ့။


Posted on Mar 13, 2025

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၁၄ ရက်၊ မတ် ၁၂ ရက် ၊ဗုဒ္ဓဟူးနေ့။


Posted on Mar 12, 2025

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၁၃ ရက်၊ မတ် ၁၁ ရက် ၊အင်္ဂါနေ့။


Posted on Mar 11, 2025

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၁၂ ရက်၊ မတ် ၁၀ ရက် ၊တနင်္လာနေ့။


Posted on Mar 10, 2025
AnnouncementsExplore more >

နိုင်ငံရေးပါတီ (၂၉)ပါတီက ပူးတွဲသဘောထားထုတ်ပြန်ကြေညာ

Posted on Mar 13, 2025

နိုင်ငံရေးပါတီ (၂၉)ပါတီက ပူးတွဲသဘောထားထုတ်ပြန်ကြေညာ

မြန်မာ့စာတိုက်လုပ်ငန်းမှတစ်ဆင့် ပြည်ပနိုင်ငံများသို့ ပေးပို့သည့် ချောထုပ်များနှင့် ပတ်သက်၍ သိရှိလိုက်နာဆောင်ရွက်ပေးပါရန် အသိပေးအကြောင်းကြားခြင်း

Posted on Mar 11, 2025

မြန်မာ့စာတိုက်လုပ်ငန်းမှတစ်ဆင့် ပြည်ပနိုင်ငံများသို့ ပေးပို့သည့် ချောထုပ်များနှင့် ပတ်သက်၍ သိရှိလိုက်နာဆောင်ရွက်ပေးပါရန် အသိပေးအကြောင်းကြားခြင်း

မြန်မာ-အိန္ဒိယ အပြည်ပြည်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များအသင်းချုပ်မှ ဂုဏ်ယူဝမ်းမြောက်ကြောင်း ကြေညာချက်

Posted on Mar 11, 2025

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတကြီး H.E. Mr. Vladimir Vladimirovich Putin နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတကြီး H.E. Mr. Alexander Gregoryevich Lukashenko တို့၏ ဖိတ်ကြားခဲ့မှုအရ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်များအတွင်း နိုင်ငံတော်နှင့် ပြည်သူလူထု၏ အကျိုးစီးပွားကို အောင်မြင်မှုများစွာရရှိအောင် ဖော်ဆောင်နိုင်ခဲ့ခြင်းအတွက် မြန်မာ-အိန္ဒိယ အပြည်ပြည်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များအသင်းချုပ်က အထူးပင်ဂုဏ်ယူဝမ်းမြောက် မိပါကြောင်း သဘောထားထုတ်ပြန်အပ်ပါသည်။

HOT NEWS
January 4,