ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ယာယီသမ္မတဦးမြင့်ဆွေ၏ ကိုယ်ရေးအတ္ထုပ္ပတ္တိအကျဉ်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ယာယီသမ္မတဦးမြင့်ဆွေ၏ ကိုယ်ရေးအတ္ထုပ္ပတ္တိအကျဉ်း
Ministry of Information/ Naypyitaw / August 08, 2025
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ယာယီသမ္မတဦးမြင့်ဆွေသည် အဘဦးကြီးမောင်၊ အမိဒေါ်ကြည်တို့မှ မန္တလေးမြို့၌ ၁၉၅၁ ခုနှစ်၊ ဇွန်လ ၂၄ ရက်နေ့တွင် မွေးဖွားခဲ့ပြီး ၁၉၆၉ ခုနှစ်တွင် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၅)သို့ တက်ရောက်၍ ၁၉၇၃ ခုနှစ်တွင် ပြန်တမ်းဝင်အရာရှိအဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။
ထို့နောက် တာဝန်ကျရာတပ်ဌာနချုပ်အသီးသီးတွင် ပေးအပ်သည့်တာဝန်များကို ကျေပွန်စွာထမ်းဆောင်ခဲ့ပြီး ၁၉၉၈ ခုနှစ်မှ ၂၀၀၁ ခုနှစ်အထိ အမှတ်(၁၁)ခြေမြန်တပ်မဌာနချုပ်တွင် တပ်မမှူးတာဝန်နှင့် စစ်ဦးစီးဗိုလ်မှူးချုပ်တာဝန်အား တွဲဖက်၍လည်းကောင်း၊ ၂၀၀၁ ခုနှစ်မှ ၂၀၀၄ ခုနှစ်အထိ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တွင် တိုင်းမှူး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တွင် တိုင်းမှူးအဖြစ်လည်းကောင်း၊ ၂၀၀၄ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ တပ်မတော်စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်တာဝန်နှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန်အား တွဲဖက်၍လည်းကောင်း၊ ၂၀၀၆ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ အမှတ်(၅)စစ်ဆင်ရေးအထူးအဖွဲ့မှူးအဖြစ်လည်းကောင်း အဆင့်ဆင့်တာဝန်ထမ်းဆောင်ခဲ့သည်။
ထို့ပြင် ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ပထမလွှတ်တော်သက်တမ်းကာလတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်တာဝန်ကိုလည်းကောင်း၊ ၂၀၁၆ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ဒုတိယလွှတ်တော်သက်တမ်းကာလတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၊ ဒုတိယသမ္မတ(၁)တာဝန်ကိုလည်းကောင်း၊ ၂၀၂၁ ခုနှစ်၊ နိုင်ငံတော်အား အရေးပေါ်အခြေအနေကြေညာထားသည့်ကာလမှ ကွယ်လွန်ချိန်အထိ ယာယီသမ္မတတာဝန်ကိုလည်းကောင်း ထမ်းဆောင်နိုင်ခဲ့သည်။ ထို့သို့ တပ်မတော်၊ နိုင်ငံတော်နှင့် ပြည်သူများ၏ အကျိုးစီးပွားအတွက် ကိုယ်ကျိုးမဖက် နေ့မအားညမနား စွမ်းစွမ်းတမံကြိုးပမ်းထမ်းဆောင်ခဲ့သည့်အတွက် နိုင်ငံတော်စစ်မှုထမ်းတံဆိပ်၊ ပြည်သူ့စစ်တိုက်ပွဲဝင်တံဆိပ်၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတံဆိပ်၊ မိုင်းယန်း/မဲသဝေါတံဆိပ်၊ စစ်မှုထမ်းကောင်းတံဆိပ်၊ သင်္ဂဟတံဆိပ်၊ သရေစည်သူဘွဲ့၊ သတိုးသီရီသုဓမ္မဘွဲ့၊ သတိုးမဟာသရေစည်သူဘွဲ့များကို ထိုက်တန်စွာချီးမြှင့်ခြင်းခံခဲ့ရသည်။ ၎င်းအပြင် အစိုးရအဆက်ဆက် အမျိုး၊ ဘာသာ၊ သာသနာအတွက် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သည့် မြောက်မြားစွာသောကော်မတီ အရပ်ရပ်တွင်လည်း ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌတာဝန်များကို ကျေပွန်စွာထမ်းဆောင်ခဲ့သူ ဖြစ်သည်။
ကွယ်လွန်ချိန်တွင် ဇနီးဒေါ်ခင်သက်ဌေး၊ သမီးဒေါ်ခင်သက်ထားဆွေနှင့် သား ဗိုလ်ကြီးကျော်ဘုန်းမြင့်(ငြိမ်း)တို့ ကျန်ရစ်ခဲ့သည်။ ယာယီသမ္မတ ဦးမြင့်ဆွေ၏ ဈာပနအား ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်နေ့တွင် နိုင်ငံတော်ဈာပနအခမ်းအနားဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဝင်ငွေခွန်ကြေညာလွှာ/ လစာနှစ်ချုပ်စာရင်း/ နှစ်ချုပ်ကုန်သွယ်လုပ်ငန်းခွန်ကြေညာလွှာ တင်သွင်းရန် နှိုးဆော်ခြင်း
Posted on May 8, 2026အခွန်အယူခံခုံအဖွဲ့ရုံးတွင် (၁၄-၅-၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီမှစ၍ ခုံအဖွဲ့ရှေ့မှောက်၌ ကြားနာရန် ချိန်းဆိုထားသော အမှုများစာရင်း
Posted on May 7, 2026အခွန်အယူခံခုံအဖွဲ့ရုံးတွင် (၁၄-၅-၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီမှစ၍ ခုံအဖွဲ့ရှေ့မှောက်၌ ကြားနာရန် ချိန်းဆိုထားသော အမှုများစာရင်း
ကြော်ငြာစာအမှတ် ၁/၂၀၂၆ ၊ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း (၂၄)ခုမှ ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်လစ်လပ်ရာထူး(၆၅၃)နေရာအတွက် လျှောက်လွှာပိတ်ရက်နေ့တွင် အသက်ကျော်လွန်နေသဖြင့်...
Posted on May 7, 2026ကြော်ငြာစာအမှတ် ၁/၂၀၂၆ ၊ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း (၂၄)ခုမှ ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်လစ်လပ်ရာထူး(၆၅၃)နေရာအတွက် လျှောက်လွှာပိတ်ရက်နေ့တွင် အသက်ကျော်လွန်နေသဖြင့် ဖြေဆိုခွင့်မရရှိသူစာရင်း၊ ကြော်ငြာပါ ပညာအရည်အချင်းသတ်မှတ်ချက် မညီညွတ်သဖြင့် ဖြေဆိုခွင်မရသူစာရင်း၊ ( မကွေးတိုင်းဒေသကြီးစာစစ်ဌာန)
