မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ


Ministry of Hotel & Tourism/ နေပြည်တော် / August 02, 2024


နေပြည်တော် ဇူလိုင် ၃၀

မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ ကျင်းပသည်။

ဆွေးနွေးပွဲသို့ အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဗဟို ကော်မတီဝင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ နေပြည်တော် State Academy ၊ မန္တလာတက္ကသိုလ်နှင့် အမျိုးသားစီမံခန့်ခွဲမှု ပညာဒီဂရီကောလိပ် တို့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် ညီနောင်အသင်းများမှ တာဝန် ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်သက်ခိုင်က အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်မှာ ဇွန်လအတွင်းကျင်းပပြုလုပ်ခဲ့သည့် (၁/၂၀၂၄) ကြိမ်မြောက် အမျိုးသားခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီအစည်းအဝေးတွင် ဆုံးဖြတ်ထားသည့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် Myanmar Tourism Development Board သို့မဟုတ် Authority တစ်ခုတည်ထောင်ရန် လိုအပ်ချက် ရှိ/မရှိနှင့် ဆောင်ရွက်နိုင်မည့် လုပ်ငန်းစဉ်များကို ဖော်ထုတ်ပြီးဆန်းစစ်ချက်များနှင့်အတူကော်မတီသို့ ပြန်လည်တင်ပြနိုင်ရန်အတွက် ကျင်းပခြင်းဖြစ် ကြောင်း။

ယနေ့အလုပ်ရုံဆွေးနွေးပွဲတွင် Myanmar Tourism Development Board သို့မဟုတ် Authority တစ်ခုတည်ထောင်ရန် လိုအပ်ချက် ရှိ/မရှိနှင့် စပ်လျဉ်းပြီးအရေးပါသည့် ခေါင်းစဉ် (၅) ခုကို ရွေးချယ်သတ်မှတ်ထားပြီးဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးအတွက် Myanmar Tourism Development Board ၏ လုပ်ငန်းယန္တရား စနစ်တကျပေါ်ထွက်လာပြီး လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့်နည်းလမ်းများနှင့် လုပ်ငန်းစဉ်များကို ဖော်ထုတ်နိုင်ရန်အတွက် တက်ရောက်လာကြသူများအနေဖြင့် သက်ဆိုင်ရာ ကဏ္ဍအလိုက် ဝိုင်းဝန်းဆွေးနွေးပေးကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဖြိုးဇော်စိုးက မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍လည်းကောင်း၊ အမြဲတမ်းအတွင်းဝန်ဦးလှိုင်ဦးက အလုပ်ရုံဆွေးနွေးပွဲ၌ ဆွေးနွေးကြမည့်အကြောင်းအရာများနှင့် အဖွဲ့အလိုက်ဆွေးနွေးကြမည့် အစီအစဉ်များနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးများသည် ဆွေးနွေးပွဲသို့တက်ရောက်လာကြသူများနှင့်အတူ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။

ယင်းနောက် အလုပ်ရုံဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာအဖွဲ့ (၅) ဖွဲ့မှ ကိုယ်စားလှယ် များက MTDB ၏ အမည်၊ မျှော်မှန်းချက်၊ ရည်ရွယ်ချက်နှင့် လုပ်ငန်းတာဝန်များ၊ MTDB ၏ ဖွဲ့စည်းပုံ၊ MTDB ဥပဒေရေးဆွဲပြုစုရေးနှင့် ဥပဒေတွင်ထည့်သွင်းရမည့်ကိစ္စရပ်များ၊ MTDB ၏ စီမံကိန်း များချမှတ်ခြင်းနှင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းနှင့် MTDB ၏ ဘဏ္ဍာငွေ အရင်းအမြစ်များရရှိခြင်း၊ ထိန်းသိမ်းခြင်းနှင့်သုံးစွဲခြင်း စသည့်ခေါင်းစဉ်များဖြင့် ဆွေးနွေးတင်ပြ ကြပြီး တက်ရောက်လာကြသူများက သိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။

ဆက်လက်၍ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်က အလုပ်ရုံဆွေးနွေးပွဲ၏ ရလဒ်များကို ဆွေးနွေးတင်ပြရာ ဒုတိယဝန်ကြီးက ပြန်လည်သုံးသပ်ဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က နိဂုံးချုပ်အမှာ စကားပြောကြားကာ အလုပ်ရုံဆွေးနွေးပွဲကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

သတင်းစဉ်

Source From: Myanmar Alin

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၁၁ ရက်၊ ကြာသပတေးနေ့။


Posted on Dec 11, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Dec 11, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၅ ရက် ၊ ဒီဇင်ဘာ ၉ ရက်၊ အင်္ဂါနေ့။


Posted on Dec 09, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၄ ရက် ၊ ဒီဇင်ဘာ ၈ ရက်၊ တနင်္လာနေ့။


Posted on Dec 08, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက် ၊ ဒီဇင်ဘာ ၆ ရက်၊ စနေနေ့။


Posted on Dec 07, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက်၊ ဒီဇင်ဘာ ၆ ရက်၊ စနေနေ့


Posted on Dec 06, 2025
AnnouncementsExplore more >

အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေးကြီးကြပ်မှု ဗဟိုကော်မတီ ဖွဲ့စည်းခြင်း

Posted on Dec 10, 2025

အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေးကြီးကြပ်မှု ဗဟိုကော်မတီ ဖွဲ့စည်းခြင်း

ဒုတိယဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း

Posted on Dec 10, 2025

ဒုတိယဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း

ဒုတိယဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း

Posted on Dec 10, 2025

ဒုတိယဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း

HOT NEWS
January 4,