ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ တပ်မတော်ဆေးရုံကို ရှော့တိုက်ဒုံးများ၊ လက်နက်ကြီးများနှင့် Drone များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် MNDAA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့အား အဖွဲ့အစည်းအသီးသီးမှ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း သဘောထားများထုတ်ပြန်
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ တပ်မတော်ဆေးရုံကို ရှော့တိုက်ဒုံးများ၊ လက်နက်ကြီးများနှင့် Drone များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် MNDAA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့အား အဖွဲ့အစည်းအသီးသီးမှ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း သဘောထားများထုတ်ပြန်
Ministry of Information/ Naypyitaw / August 03, 2024

နေပြည်တော် ဩဂုတ်လ ၃
MNDAA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့အနေဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့အတွင်း တိုက်ပွဲများဖော်ဆောင်ပြီး စစ်ရေးနှင့်သက်ဆိုင်ခြင်းမရှိသည့် တပ်မတော်ဆေးရုံအား ရှော့တိုက်ဒုံးများ၊ လက်နက်ကြီးများနှင့် Drone များဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဆေးရုံတွင် တက်ရောက်ကုသမှုခံယူနေကြသည့် ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များ ထိခိုက်သေဆုံးခဲ့ရပြီး အချို့ကိုလည်း မတရားဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသည်။
ထို့ပြင် MNDAA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့သည် စစ်ရေးနှင့်မသက်ဆိုင်သည့် လားရှိုးမြို့အတွင်း ရပ်ကွက်များသို့ ရှော့တိုက်ဒုံးများ၊ လက်နက်ကြီးများနှင့် Drone များ ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ဒေသခံပြည်သူများ ထိခိုက်သေဆုံးမှုများရှိခဲ့ပြီး ကျန်ရှိသည့် ဒေသခံပြည်သူများမှာလည်း ယာယီနေရပ်စွန့်ခွာနေရကြောင်း သိရှိရသည်။
ယခုကဲ့သို့ MNDAA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့၏ စစ်ရာဇဝတ်မှု (War Crime) မြောက်သည့် လူမဆန်စွာရက်စက်ယုတ်မာရိုင်းစိုင်းသော အကြမ်းဖက်လုပ်ရပ်များအပေါ် မည်သို့မျှလက်ခံနိုင်ဖွယ်ရာမရှိသည့်အတွက် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA(ဗဟို)၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို)၊ မြန်မာနိုင်ငံဧဝံဂေလိ ခရစ်ယာန်မဟာမိတ်အဖွဲ့ချုပ်၊ ပြည်ထောင်စုမြန်မာ နိုင်ငံမက်သဒစ်အသင်းတော်(အောက်မြန်မာပြည်)၊ ယုံကြည်ခြင်း ဧဝံဂေလိအသင်းတော်(ပဲခူး)၊ လွတ်မြောက်ခြင်းအသင်းတော်(ရန်ကုန်)၊ မြန်မာနိုင်ငံလုံးဆိုင်ရာဟိန္ဒူဘာသာရေး ဗဟိုအဖွဲ့ချုပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ်ဟိန္ဒူဖောင်ဒေးရှင်း(ဗဟို)၊ သနန္တဓမ္မပါလက(ဟိန္ဒူ)အဖွဲ့ချုပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ မြန်မာနိုင်ငံ အားကစားမီဒီယာများအဖွဲ့ချုပ်၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံ ပန်းချီပန်းပု အစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံ ဟာသပညာရှင်များအစည်းအရုံး၊ မြန်မာနိုင်ငံစာရေးဆရာအသင်း၊ ပိန္နဲကုန်းရခိုင်ဂျာမေဗလီနှင့် ဘူးသီးတောင် မောင်တောဒေသဖွံ့ဖြိုးရေးအသင်းတို့မှ ပြင်းထန်စွာကန့်ကွက်ရှုတ်ချပါကြောင်း သတင်းရရှိသည်။
သဘောထားများ အသီးသီးထုတ်ပြန်ခဲ့ကြကြောင်း


ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအတွက် ထုတ်ပြန်ချက်
Posted on Apr 23, 2025၁။ မတ် ၂၈ ရက်နေ့တွင်ဖြစ်ပေါ်ခဲ့သည့် အင်အားအလွန်ပြင်းထန်သော မန္တလေးငလျင်ကြီး လှုပ်ခတ်မှုကြောင့် ထိခိုက်ခံစားနေရသော တစ်နိုင်ငံလုံးရှိ ပြည်သူလူထုအား စာနာထောက်ထားနားလည်သောအားဖြင့်လည်းကောင်း၊ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်လျက်လည်းကောင်း တည်ငြိမ်အေးချမ်းမှုကိုရှေးရှုလျက် တပ်မတော်အနေဖြင့် ၂၀၂၅ ခုနှစ် ဧပြီ ၂ ရက်မှ ၂၂ ရက်အထိကာလကို ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလအဖြစ် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
Myanmar National Human Rights Commission Statement No. (5/2025)
Posted on Apr 17, 2025မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ် (၅ /၂၀၂၅)
Posted on Apr 17, 2025