ဟင်္သာတခရိုင်နှင့် မြန်အောင်ခရိုင်အတွင်းရှိ စိုက်ပျိုးရေးသမဝါယမအသင်းများအတွက် အထွက်တိုးစပါးမျိုးနှင့် သွင်းအားစုများပေးအပ်

ဟင်္သာတခရိုင်နှင့် မြန်အောင်ခရိုင်အတွင်းရှိ စိုက်ပျိုးရေးသမဝါယမအသင်းများအတွက် အထွက်တိုးစပါးမျိုးနှင့် သွင်းအားစုများပေးအပ်


Ministry of Information/ Naypyitaw / June 23, 2025
image_latest


နေပြည်တော် ဇွန် ၂၂

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်၊ ဇလွန်မြို့နယ်နှင့် လေးမျက်နှာမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးသမဝါယမအသင်း ၁၈ သင်း၊ မြန်အောင်မြို့နယ်၊ ကြံခင်းမြို့နယ်နှင့် အင်္ဂပူမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးသမဝါယမအသင်း ၁၁ သင်းတို့အတွက် ငွေကျပ် ၁၅၀၃ သန်းတန်ဖိုးရှိ အထွက်တိုးစပါးမျိုးများ၊ သွင်းအားစုများ၊ မျိုးစေ့ချကိရိယာများ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့က ဟင်္သာတမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပရာ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သမဝါယမအသင်းသား တောင်သူများ တက်ရောက်သည်။

အခမ်းအနားတွင် ဒုတိယဝန်ကြီးနှင့် တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့က မိုးစပါး၊ နွေစပါးပန်းတိုင်အထွက်နှုန်းရရှိရေး၊ ဆီထွက်သီးနှံနှင့် ပီလောပီနံစိုက်ပျိုးရေးဆိုင်ရာများကို ဆွေးနွေးမှာကြားပြီး အထွက်တိုးမျိုးစပါးများဖြစ်သော GW-11 ဆာဖိုးသာ၊ မှော်ဘီ-၃ မျိုးများ၊ သွင်းအားစုများ၊ မျိုးစေ့ချကိရိယာ Drum Seeder များ ပေးအပ်ကြရာ မြို့နယ်အလိုက် အသင်းအမှုဆောင်များက လက်ခံယူကြသည်။

အခမ်းအနားအပြီးတွင် ဒုတိယဝန်ကြီးသည် ဇလွန်မြို့နယ် အဗျဉ်းလယ်ဦးခေတ်မီစံပြကျေးရွာ ဓမ္မာရုံ၌ ကျေးရွာကော်မတီဝင်များ၊ ကျေးရွာသူကျေးရွာသားများနှင့်တွေ့ဆုံပြီး ခေတ်မီစံပြကျေးရွာ စီမံကိန်းရန်ပုံငွေကျပ် သိန်း ၂၀၀ ကို ပေးအပ်ရာ ကျေးရွာကော်မတီဝင်များက လက်ခံယူကြသည်။

ထို့နောက် ခေတ်မီစံပြကျေးရွာအတွက် ဆောင်ရွက်ပေးထားသော အိမ်သွယ်ရေတိုင်စနစ်ဖြင့် သောက်သုံးရေသွယ်တန်းပေးထားမှု၊ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေဖြင့် အစုအဖွဲ့များဖွဲ့၍ ဆောင်ရွက်လျက်ရှိသော တိုးပွားအောင် ဆိတ်မွေးမြူရေးလုပ်ငန်းနှင့် ငွေနှင်းဖြူ နှင်းပန်းစိုက်ပျိုးရေး လုပ်ငန်းများနှင့် ကျေးရွာစာကြည့်တိုက်တို့ကို လိုက်လံကြည့်ရှုသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ဇလွန်မြို့နယ် ကျုံရှကျေးရွာ၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ တစ်လုံးထိုး ဒီဇယ်အင်ဂျင်ပြုပြင်နည်းသင်တန်း တက်ရောက်အောင်မြင်ခဲ့ပြီး ကိုယ်ပိုင်လုပ်ငန်း ထူထောင်ဆောင်ရွက်နေကြသော လုပ်ငန်းရှင် ဦးဟန်စိုးထွန်း၏ စိုးတစ်လုံးထိုးဒီဇယ်အင်ဂျင် ပြုပြင်ရေးလုပ်ငန်းနှင့် လုပ်ငန်းရှင် ဦးဖြိုးဦး၏ ဖြိုးတစ်လုံးထိုးဒီဇယ်အင်ဂျင်ပြုပြင်ရေးလုပ်ငန်းတို့ကို ကြည့်ရှုကာလိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 08, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၇ ရက်၊ စ​နေနေ့။


Posted on Mar 07, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် ၊ မတ် ၆ ရက်၊ သောကြာနေ့။


Posted on Mar 06, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၅ ရက်၊ ကြာသပတေးနေ့။


Posted on Mar 05, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Mar 04, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက် ၊ မတ် ၃ ရက်၊ အင်္ဂါနေ့။


Posted on Mar 03, 2026
AnnouncementsExplore more >

အများပြည်သူသို့ အသိပေးကြေညာ

Posted on Mar 7, 2026

အများပြည်သူသို့ အသိပေးကြေညာ

အများပြည်သူသို့ အသိပေးကြေညာ

Posted on Mar 7, 2026

အများပြည်သူသို့ အသိပေးကြေညာ

ပြောင်းလုပ်ငန်းရှင်များသို့ အသိပေးကြေညာချက်

Posted on Mar 7, 2026

ပြောင်းလုပ်ငန်းရှင်များသို့ အသိပေးကြေညာချက်