အခြေခံပညာအလယ်တန်းဆင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးဘာသာရပ်ဆိုင်ရာ နည်းပြသင်တန်းဖွင့်ပွဲနှင့် ဒီဂျစ်တယ်စာကြည့်တိုက်လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကျင်းပ
အခြေခံပညာအလယ်တန်းဆင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးဘာသာရပ်ဆိုင်ရာ နည်းပြသင်တန်းဖွင့်ပွဲနှင့် ဒီဂျစ်တယ်စာကြည့်တိုက်လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကျင်းပ
Ministry of Information/ Naypyitaw / May 15, 2026
နေပြည်တော် မေ ၁၄
အခြေခံပညာအလယ်တန်းဆင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးဘာသာရပ်ဆိုင်ရာ နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်း သီရိရတနာခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်က ကလေးများကို စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးဘာသာရပ် အခြေခံဗဟုသုတများရရှိစေရန်ရည်ရွယ်၍ သင်ကြား စေခြင်းဖြစ်ကြောင်း၊ ဆရာ ဆရာမများအနေဖြင့် ကလေးများနားလည်ပြီး စိတ်ပါဝင်စားမည့်ပုံစံဖြင့် သင်ကြားပေးရမည်ဖြစ်ကြောင်း ပြောကြားပြီး ကျောင်းဥပဓိရုပ်ကောင်းမွန်စေရေး ဆောင်ရွက်ထား ရှိမှု၊ ကျောင်းစာကြည့်တိုက်၊ Football for School Program အတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ဆောက်လုပ်လှူဒါန်းထားသော FIFA ARENA mini-pitch ဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ဒီဂျစ်တယ်စာကြည့်တိုက်ဖွင့်ပွဲနှင့် လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို Naypyitaw State Academy ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌနှင့် Mytel ဒါရိုက်တာ အဖွဲ့ဥက္ကဋ္ဌတို့က စာကြည့်တိုက်ကို ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးပြီး Recreation Centre ဆောက်လုပ်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
အဂတိလိုက်စားမှု ကင်းရှင်းစေရေး " 1111 "ကို ဖြေကြားပေးရန် ပြည်သူသို့ အသိပေးနှိုးဆော်ခြင်း
Posted on Jun 8, 2026အဂတိလိုက်စားမှု ကင်းရှင်းစေရေး " 1111 "ကို ဖြေကြားပေးရန် ပြည်သူသို့ အသိပေးနှိုးဆော်ခြင်း
အဂတိလိုက်စားမှု ကင်းရှင်းစေရေး " 1111 "ကို ဖြေကြားပေးရန် ပြည်သူသို့ အသိပေးနှိုးဆော်ခြင်း
Posted on Jun 8, 2026အဂတိလိုက်စားမှု ကင်းရှင်းစေရေး " 1111 "ကို ဖြေကြားပေးရန် ပြည်သူသို့ အသိပေးနှိုးဆော်ခြင်း
ချင်းပြည်နယ် တရားလွှတ်တော် တရားသူကြီး ခန့်အပ် တာဝန်ပေးခြင်း
Posted on Jun 4, 2026ချင်းပြည်နယ် တရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန် ပေးခြင်း