အင်ဒိုနီးရှားနိုင်ငံမှ ဆေးဘက်ဆိုင်ရာ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ နေပြည်တော်မှပြန်လည်ထွက်ခွာ
အင်ဒိုနီးရှားနိုင်ငံမှ ဆေးဘက်ဆိုင်ရာ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ နေပြည်တော်မှပြန်လည်ထွက်ခွာ
Ministry of Information/ Naypyitaw / April 24, 2025

နေပြည်တော် ဧပြီ ၂၄
အင်ဒိုနီးရှားနိုင်ငံ ဆေးဘက်ဆိုင်ရာ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ Police Brigadier General (Retired) Ary Laksmana Widjaja ခေါင်းဆောင်သော အဖွဲ့ဝင် ၄၁ ဦးတို့သည် ယနေ့နံနက်ပိုင်းတွင် လေကြောင်းခရီးစဉ်နှစ်ခုဖြင့် အင်ဒိုနီးရှားနိုင်ငံသို့ ပြန်လည်ထွက်ခွာကြရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံရုံးမှသံမှူးကြီး Harlianto နှင့် အင်ဒိုနီးရှားစစ်သံမှူး Col (Mar) Budi Chayono တို့က နေပြည်တော်လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
အင်ဒိုနီးရှားဆေးဘက်ဆိုင်ရာအဖွဲ့တွင် အထွေထွေရောဂါကုဆရာဝန်များ၊ ခွဲစိတ်ဆရာဝန်များ၊ အရိုးအထူးကုဆရာဝန်များ၊ မေ့ဆေးဆရာဝန်များ၊ ကလေးအထူးကုဆရာဝန်များ၊ အရေးပေါ်အထူးကုဆရာဝန်များ၊ ဆေးဝါးကျွမ်းကျင်သူများ၊ သူနာပြုများ၊ သားဖွားဆရာမများ၊ စီမံရေးအရာရှိနှင့်ထောက်ပံ့ရေးအရာရှိများပါဝင်ပြီး နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ် (ခုတင်-၅၀)ဆံ့ဆေးရုံ၌ ဧပြီ ၇ ရက်မှ ၂၁ ရက်အထိငလျင်ဘေးဒဏ်သင့်ပြည်သူ ၄၈၇၄ ဦးအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ဆေးဝါးကုသပေးခြင်းနှင့် ခွဲစိတ်ကုသခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း (မကွေး၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်၊ ပုသိမ်)အတွက် ပထမနှစ်ကျောင်းသား/သူအသစ်များခေါ်ယူခြင်း
Posted on May 20, 2025၁။ သမဝါယမဦးစီးဌာနအောက်ရှိ သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာသင်တန်း ကျောင်း(မကွေး၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်၊ ပုသိမ်)များတွင် ၂၀၂၅ ခုနှစ်၊ ဇွန်လ(၁၆) ရက်နေ့တွင်ဖွင့်လှစ်မည့် ပထမနှစ်သင်တန်းအတွက် ကျောင်းသား/သူအသစ်များ ခေါ်ယူမည်ဖြစ် ပါသည်။
အခွန်အယူခံခုံအဖွဲ့ရုံးတွင် (၂၉-၅-၂၀၂၅) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီမှစ၍ ခုံအဖွဲ့ရှေ့မှောက်၌ ကြားနာရန်ချိန်းဆိုထားသော အမှုစာရင်း
Posted on May 19, 2025အခွန်အယူခံခုံအဖွဲ့ရုံးတွင် (၂၉-၅-၂၀၂၅) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီမှစ၍ ခုံအဖွဲ့ရှေ့မှောက်၌ ကြားနာရန်ချိန်းဆိုထားသော အမှုစာရင်း
အခွန်အယူခံခုံအဖွဲ့ရုံးတွင် (၂၇-၅-၂၀၂၅) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီမှစ၍ ခုံအဖွဲ့ရှေ့မှောက်၌ ကြားနာရန်ချိန်းဆိုထားသော အမှုများစာရင်း
Posted on May 19, 2025အခွန်အယူခံခုံအဖွဲ့ရုံးတွင် (၂၇-၅-၂၀၂၅) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီမှစ၍ ခုံအဖွဲ့ရှေ့မှောက်၌ ကြားနာရန်ချိန်းဆိုထားသော အမှုများစာရင်း