၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် မဟာဗျူဟာလုပ်ငန်းစီမံချက်အပေါ် လုပ်ငန်းအကောင်အထည်ဖော်မှု သုံးသပ်ခြင်းနှင့် ရှေ့လုပ်ငန်းစဉ်ဆိုင်ရာများ ဆွေးနွေးပွဲကျင်းပ
၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် မဟာဗျူဟာလုပ်ငန်းစီမံချက်အပေါ် လုပ်ငန်းအကောင်အထည်ဖော်မှု သုံးသပ်ခြင်းနှင့် ရှေ့လုပ်ငန်းစဉ်ဆိုင်ရာများ ဆွေးနွေးပွဲကျင်းပ
Ministry of Information/ Naypyitaw / July 19, 2025

နေပြည်တော် ဇူလိုင် ၁၈
၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် မဟာဗျူဟာလုပ်ငန်းစီမံချက်အပေါ် လုပ်ငန်းအကောင်အထည်ဖော်မှု သုံးသပ်ခြင်းနှင့် ရှေ့လုပ်ငန်းစဉ်ဆိုင်ရာများဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ပတ္တမြားခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပသည်။
ဆွေးနွေးပွဲသို့ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦး၊ ဒုတိယစာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦး၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်စာရင်းစစ်ချုပ်ရုံး ညွှန်ကြားရေးမှူးများက Online ဖြင့် တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က ချမှတ်ထားသည့် မဟာဗျူဟာစီမံချက်များနှင့်အညီ လုပ်ငန်းတာဝန်များကို ထိရောက်စွာဆောင်ရွက်နိုင်စေရေးအတွက် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်နှင့် ကျွမ်းကျင်မှုမြင့်မားစေရန် အလွန်အရေးကြီးကြောင်း၊ ဝန်ထမ်းများ စစ်ဆေးရေးစွမ်းဆောင်ရည် မြင့်မားစေရေးနှင့်လုပ်ငန်းခွင်တွင် အသုံးချဆောင်ရွက်တတ်စေရန် လက်တွေ့နှင့် ပေါင်းစပ်သင်ကြားခြင်းတို့ကို ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုတို့ဖြင့် ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်၊ စည်းမျဉ်းစည်းကမ်းနှင့် ကျင့်ဝတ်တို့ကို သိရှိလိုက်နာပြီး နိုင်ငံအကျိုးသယ်ပိုးဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် မဟာဗျူဟာလုပ်ငန်းစီမံချက်အပေါ် လုပ်ငန်းအကောင်အထည်ဖော်မှု သုံးသပ်ခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များ၊ စစ်ဆေးရေးဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့်သတိပြုရမည့်အချက်များကို ဆွေးနွေး ပြောကြားကြရာ Online ဖြင့်တက်ရောက်လာကြသည့် တိုင်းဒေသကြီး၊ ပြည်နယ်စာရင်းစစ်ချုပ်ရုံး ညွှန်ကြားရေးမှူးများက သိရှိလိုသည်များကို မေးမြန်းကြသည်။
ယင်းနောက် ဒုတိယစာရင်းစစ်ချုပ်က လုပ်ငန်းဆိုင်ရာကိစ္စရပ်များကို ပြန်လည်ရှင်းလင်းဆွေးနွေးပြီး ပြည်ထောင်စုစာရင်းစစ်ချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
ဝဇီရာရုပ်ရှင်ရုံနှင့်ပတ်သက်သည့် မှတ်တမ်းဓာတ်ပုံများ လှူဒါန်းပေးပို့ပေးပါရန် မေတ္တာရပ်ခံခြင်း
Posted on Jul 20, 2025ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ဗိုလ်ချုပ်အောင်ဆန်းလမ်း အမှတ် ၃၂၇ တွင် တည်ရှိသည့် ဝဇီရာရုပ်ရှင်ရုံသည် ၁၉၂၃ ခုနှစ်ခန့်က တည်ဆောက်ခဲ့သည့် ရှေးဟောင်းရုပ်ရှင်ရုံဖြစ်ပြီး ၁၆ ရာစုမှ ၁၈ ရာစုအတွင်းရှိ ဗိသုကာအသွင်အပြင်များ ပေါင်းစပ်ထားသည့် Beaux Arts ဗိသုကာလက်ရာပုံစံများ၊ ရုပ်လုံးကြွများဖြင့် တန်ဆာဆင်တည်ဆောက်ထားသဖြင့် မြန်မာ့ရုပ်ရှင်သမိုင်းအတွက် ဂုဏ်ယူထိန်းသိမ်းထားရမည့် အဆောက်အအုံကြီးတစ်ခုဖြစ်ပါသည်။ ဝဇီရာရုပ်ရှင်ရုံကြီးသည် ရုပ်ရှင်၊ သဘင်၊ ဂီတ အနုပညာရှင်များက ရုပ်ရှင်ဇာတ်ကားများ၊ ပြဇာတ်များအား ပြည်သူများ အပန်းဖြေပျော်ရွှင်စေရန် တင်ဆက်ပြသခဲ့သည့် ရုပ်ရှင်ရုံကြီးဖြစ်သည့်အတွက် အနုပညာစိတ်ဝိညာဉ်များ ဆုံစည်းရာနေရာတစ်ခုလည်း ဖြစ်ပါသည်။
ကန့်ကွက်နိုင်ကြောင်း အများသိစေရန် ကြေညာခြင်း
Posted on Jul 19, 2025၁။ ကရင်ပြည်နယ်၊ ဘားအံမြို့၊ ရတနာဒီပရပ်ကွက်၊ ကြာအင်းတောင်ပေါ်လမ်း၊ အိမ်အမှတ် [၉/၃၄(A)] တွင် ပါတီရုံးချုပ်တည်ရှိသော ပအိုဝ်းအမျိုးသားညီညွတ်ရေးပါတီက နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၅ အရ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုရန် ၁၅-၇-၂၀၂၅ ရက်နေ့တွင် လျှောက်ထားလာပါသည်။ ယင်းသို့လျှောက်ထားရာတွင် ပါတီအမည်၊ အလံနှင့်တံဆိပ်တို့ကို ဖော်ပြပါအတိုင်း အသုံးပြုမည်ဖြစ်ကြောင်း တင်ပြလာပါသည်။
ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်
Posted on Jul 18, 2025ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်