(၁၅) ကြိမ်မြောက် သုတစွယ်စုံစာပေဆုအတွက် ဆုရရှိသူများ စာရင်းထုတ်ပြန်
(၁၅) ကြိမ်မြောက် သုတစွယ်စုံစာပေဆုအတွက် ဆုရရှိသူများ စာရင်းထုတ်ပြန်
Ministry of Information/ Naypyitaw / May 13, 2025
နေပြည်တော် မေ ၁၂
စွယ်စုံမီဒီယာဂရု (ပ်) (SweSone Media Group) ၏ သုတစွယ်စုံစာအုပ်တိုက်က ချီးမြှင့်မည့် (၁၅) ကြိမ်မြောက် သုတစွယ်စုံစာပေဆုအတွက် ဆုရရှိသူများစာရင်းကို ဆုရွေးချယ်ရေးအဖွဲ့က ယနေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။
ဆုရရှိသူများမှာ ၂၀၂၃ ခုနှစ်အတွက် သုတစွယ်စုံတစ်သက်တာစာပေဆုကို ဆရာကြီး ဒေါက်တာခင်မောင်ညိုရရှိပြီး ၂၀၁၈ ခုနှစ်အတွက် ရည်ညွှန်းစာပေဘာသာရပ်တွင် နိုင်ဇော်၏ “ထင်ရှားထူးချွန်ဆရာဝန်”၊ အတ္ထုပ္ပတ္တိစာပေဘာသာရပ်အတွက် ဗိုလ်အေးမြင့်ကြူ၏ “ကျွန်တော့်ကို မမေ့ပါနဲ့”၊ ၂၀၁၉ ခုနှစ်အတွက် သုတ (ဝိဇ္ဇာ) ဘာသာရပ်တွင် သိန်းထွန်း (မြဝတီ) ၏ “တိုင်းရင်းသားလူမျိုးတို့၏ ဓလေ့ထုံးစံများ”၊ ၂၀၂၀ ပြည့်နှစ်အတွက် အသုံးချသိပ္ပံဘာသာရပ်တွင် ဒေါက်တာသိန်းဆွေ (ပြည်သူ့ကျန်းမာ) ၏ “ကျန်းမာခြင်းဆုလာဘ်”၊ ၂၀၂၁ ခုနှစ်အတွက် သုတ (ဝိဇ္ဇာ) ဘာသာရပ်တွင် ကျော်ကျော်လှိုင်၏ “ရှေးမြန်မာမင်းများ၏ ခေါင်းဆောင်မှုအရည်အသွေးကို လေ့လာခြင်း (တတိယမြန်မာနိုင်ငံတော်)”၊ ၂၀၂၂ ခုနှစ်အတွက် ဘာသာပြန်စာပေဘာသာရပ်တွင် နေဇင်လတ်၏ “စီးပွားဖျက်သူလျှို၏ဖျောင့်ချက်”၊ စာပဒေသာဘာသာရပ်တွင် မောင်ခေတ်ထွန်း၏ “မောင်ခေတ်ထွန်း၏ စာ (စိန်ရတုလက်ရွေးစာပေါင်းစု)”၊ အတ္ထုပ္ပတ္တိစာပေဘာသာရပ်တွင် ဟိန်းလတ်၏ “မြန်မာ့စွမ်းအင်လူချွန်လူကောင်း”၊ ၂၀၂၃ ခုနှစ်အတွက် စာပဒေသာဘာသာရပ်တွင် ဒေါက်တာထွေး (ဆေး/မန်း) ၏ “နိပွန်ပြည်တွင်တင်္ဒဂ”၊ သုတ (ဝိဇ္ဇာ) ဘာသာရပ်တွင် ကျော်ညွန့်ရည်၏ “အန်ကောခေတ်ယဉ်ကျေးမှု”၊ အသုံးချသိပ္ပံဘာသာရပ်တွင် ပါမောက္ခ ဒေါက်တာမြသိန်းဟန်၏ “ခွဲစိတ်ဆရာဝန်တစ်ဦး၏ ဖြောင့်ချက်” တို့ ဖြစ်ကြသည်။
အထက်ပါဆုများကို တစ်သက်တာစာပေဆုအတွက် ငွေကျပ် သိန်း ၃၀ နှင့် စာအုပ်ဆုများအတွက် စာရေးဆရာတစ်ဦးလျှင် ငွေကျပ် ၁၅ သိန်းစီ ချီးမြှင့်မည်ဖြစ်သည်။ ၂၀၀၄ ခုနှစ်အတွက် သုတစွယ်စုံစာပေဆုကို ၂၀ဝ၆ ခုနှစ်မှစတင်၍ စဉ်ဆက်မပြတ်ချီးမြှင့်ခဲ့ပြီး ယခုအကြိမ်တွင် ၂၀၁၈ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ နှစ်အလိုက်ထုတ်ဝေခဲ့သည့် စာအုပ်များကို အခြေခံ၍ (၁၅) ကြိမ်မြောက် ချီးမြှင့်ခြင်းဖြစ်သည်။
ဆုချီးမြှင့်ပွဲကို ရန်ကုန်မြို့တွင် မကြာမီကျင်းပရန်စီစဉ်ထား၍ ဆုရရှိသူများသည် စွယ်စုံမီဒီယာဂရု (ပ်) ဖုန်း-ဝ၁-၃၈၅၂၉၃၊ ၈၃၉၂၇၃၉ နှင့် ၃၇၄၄၀ဝ သို့ အမြန်ဆက်သွယ်သတင်းပို့ကြပါရန် အကြောင်းကြားထားကြောင်း သိရသည်။
သတင်းစဉ်
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၉ ရက်၊ နိုဝင်ဘာ ၁၃ ရက်၊ ကြာသပတေးနေ့။
Posted on Nov 13, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်၊ နိုဝင်ဘာ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့။
Posted on Nov 12, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်၊ နိုဝင်ဘာ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့။
Posted on Nov 12, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၇ ရက်၊ နိုဝင်ဘာ ၁၁ ရက်၊ အင်္ဂါနေ့။
Posted on Nov 11, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၆ ရက်၊ နိုဝင်ဘာ ၁၀ ရက်၊ တနင်္လာနေ့။
Posted on Nov 10, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၅ ရက်၊ နိုဝင်ဘာ ၉ ရက်၊ တနင်္ဂနွေနေ့။
Posted on Nov 09, 2025
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဝန်ကြီးရုံး(သာသနာရေး)၊ ရုံးအမှတ်(၃၁)၊ နေပြည်တော်တွင် လစ်လပ်လျက်ရှိသော အငယ်တန်းစာရေး ၂ နေရာ၊ ယာဉ်မောင်း(၅) ၁ နေရာ၊ သန့်ရှင်းရေးအကူ ၁...
Posted on Nov 12, 2025လျှောက်လွှာပုံစံ
တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် ကျောင်းသား ကျောင်းသူများ ကြိုတင်ဆန္ဒမဲပေးနိုင်ရေးဆောင်ရွက်ရမည့် အချက်များ
Posted on Nov 12, 2025တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် ကျောင်းသား ကျောင်းသူများ ကြိုတင်ဆန္ဒမဲပေးနိုင်ရေးဆောင်ရွက်ရမည့် အချက်များ
ဒဂုံတက္ကသိုလ် အဝေးသင်သင်တန်း (၃၄) ကြိမ်မြောက် ဘွဲ့နှင်းသဘင်ကျင်းပမည့်ရက် ပြောင်းလဲကြောင်း ကြေညာခြင်း
Posted on Nov 12, 2025ဒဂုံတက္ကသိုလ် အဝေးသင်သင်တန်း (၃၄) ကြိမ်မြောက် ဘွဲ့နှင်းသဘင်ကျင်းပမည့်ရက် ပြောင်းလဲကြောင်း ကြေညာခြင်း
