News & Media

Latest News - 74794 items

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အန္တရာယ်ကင်းပရိတ်တရားတော် နာယူခြင်းအခမ်းအနား ကျင်းပ

Ministry of Information / Posted on April 18, 2024

၁၃၈၆ ခုနှစ် မြန်မာနှစ်ဆန်း တစ်ရက်နေ့အန္တရာယ်ကင်းပရိတ်တရားတော်နာယူခြင်းအခမ်းအနားကို ယနေ့ညနေ ၄ နာရီတွင် နေပြည်တော်ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ဇနီးနှင့်မိသားစု၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း၊ အမှုထမ်းများတက်ရောက်ကြသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၏ မြန်မာ့နှစ်သစ်ကူး အန္တရာယ်ကင်းပရိတ်တရားတော်နာယူပွဲအခမ်းအနား ကျင်းပ

Ministry of Information / Posted on April 18, 2024

မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် တန်ခူးလဆန်း ၉ ရက် မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဧပြီ ၁၇ ရက် (ဗုဒ္ဓဟူးနေ့) ညနေ ၄ နာရီတွင် နိုင်ငံခြားရေး ဝန်ကြီးဌာနမိသားစု၏ မြန်မာ့နှစ်သစ်ကူး အန္တရာယ်ကင်းပရိတ်တရားတော်နာယူပွဲအခမ်းအနားကို နိုင်ငံခြားရေးဝန်ကြီးဌာန လောကနတ်ခန်းမ၌ကျင်းပရာ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့်ဇနီး၊ ဒုတိယဝန်ကြီးဦးလွင်ဦးနှင့် ဇနီး၊ ဦးစီးဌာနအကြီးအကဲများနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၌ (၁၆) ကြိမ်မြောက် နှစ်သစ်မင်္ဂလာအန္တရာယ်ကင်းပရိတ်တရားတော်နာယူပွဲ မင်္ဂလာအခမ်းအနား၊ ဇမ္ဗူသီရိမြို့နယ် မင်္ဂလာကန်တော်၌ ဇီဝိတဒါနစုပေါင်းငါးလွှတ်ပွဲနှင့် သက်ကြီးဘိုးဘွားများအား ကန်တော့ပွဲအခမ်းအနား တက်ရောက်

Ministry of Information / Posted on April 18, 2024

(၁၆) ကြိမ်မြောက် နှစ်သစ်မင်္ဂလာအန္တရာယ်ကင်း ပရိတ်တရားတော်နာယူပွဲ မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၆ နာရီတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး လိုဏ်ဂူတော်အတွင်း၌ ကျင်းပသည်။

ပြည်ထောင်စုနယ်မြေ နေပြည်တော်ဝေဟင်၌ ရဟတ်ယာဉ်ဖြင့် ဆရာတော်ကြီးများက အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်းနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ မြန်မာ့နှစ်သစ်ကူး အန္တရာယ်ကင်းပရိတ်တရားတော် နာယူပွဲအခမ်းအနား ကျင်းပ

Ministry of Information / Posted on April 18, 2024

ပြည်သူများ ဘေးအန္တရာယ်အပေါင်းကင်းရှင်းပြီး ငြိမ်းချမ်းသာယာစေရေးအတွက် ယနေ့နံနက် ၇ နာရီခွဲတွင် ဆရာတော်ကြီးများက ပြည်ထောင်စုနယ်မြေနေပြည်တော်ဝေဟင်၌ ရဟတ်ယာဉ်ဖြင့် အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်တော်မူကြသည်။

ပြည်ထဲရေးဝန်ကြီးဌာနမိသားစု၏ ဇီဝိတဒါန ငါးလွှတ်ပွဲနှင့် သက်ကြီးဘိုးဘွားများအား ကန်တော့ပွဲအခမ်းအနားများကျင်းပ

Ministry of Information / Posted on April 18, 2024

ပြည်ထဲရေးဝန်ကြီးဌာနမိသားစု၏ ဇီဝိတဒါန ငါးလွှတ်ပွဲအခမ်းအနားကို မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့ ယနေ့နံနက် ၇ နာရီခွဲက နေပြည်တော်ဇမ္ဗူသီရိမြို့နယ် ဘောဂသိဒ္ဓိရပ်ကွက် ပျဉ်းမနား-တောင်ညိုလမ်းနှင့် ဇမ္ဗူကျက်သရေလမ်းထောင့်ရှိ မင်္ဂလာကန်တော်၌ ကျင်းပသည်။

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ နှစ်သစ်မင်္ဂလာ အန္တရာယ်ကင်းပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ

Ministry of Information / Posted on April 18, 2024

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ နှစ်သစ်မင်္ဂလာ အန္တရာယ်ကင်းပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် ဝန်ကြီးဌာနကျောက်စိမ်းခန်းမ၍ကျင်းပရာ နံတော်စဉ်ပရိယတ္တိစာသင်တိုက် ဆရာတော်ဘဒ္ဒန္တကုသလအမှူးပြုသော သံဃာတော်ကိုးပါး ကြွရောက်ချီးမြှင့်တော်မူကြပြီးဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်နှင့် ခင်ပွန်း၊ ဒုတိယဝန်ကြီးဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြည်ညိုကြသည်။

Announcements is temporarily unavailable.
HOT NEWS
January 4,