ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့်ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်

Latest News - 74828 items

နေ့စဉ်မိုးလေဝသသတင်း

Ministry of Transport and Communications / Posted on April 20, 2024

နေ့စဉ်မိုးလေဝသသတင်း

ပို့ကုန်တိုးမြှင့်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

Ministry of Information / Posted on April 20, 2024

နိုင်ငံတော်အနေဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပို့ကုန်မြှင့်တင်ရေးလုပ်ငန်းများကို အလေးပေးဆောင်ရွက်လျက်ရှိရာ အစိုးရ - ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)တို့ ပူးပေါင်းစီစဉ်၍ ပို့ကုန်တိုးမြှင့်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ဧပြီ ၁၉ ရက်တွင် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းဖြစ်​သော အလုံအပြည်ပြည်ဆိုင်ရာဆိပ်ကမ်း (AIPT-3) မှ ​ပြောင်းဖူး​စေ့တန်ချိန် ၆၆၀၀ တင်ပို့ခဲ့သည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) ကြည့်ရှုစစ်ဆေးပြီး ကံ့ကော်ပရိယတ္တိစာသင်တိုက်သို့ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း

Ministry of Information / Posted on April 20, 2024

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်)သို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။

ယခုနှစ် ခရီးသွားရာသီအတွင်း သင်္ကြန်ကာလတွင် ခရီးသွားလာမှုအများဆုံးဖြစ်ခဲ့ပြီး ယခင်ရာသီထက် ပိုမိုများပြား

Ministry of Information / Posted on April 20, 2024

ယခုနှစ် ခရီးသွားရာသီအတွင်း သင်္ကြန်ကာလတွင် ခရီးသွားလာမှုအများဆုံးဖြစ်ခဲ့ပြီး ယခင်ရာသီထက် ပိုမိုများပြားကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင် များအသင်းမှ သိရသည်။

သဘာဝဘေးအန္တရာယ် ကြိုတင်သတိပြုကာကွယ်

Ministry of Information / Posted on April 20, 2024

နွေရာသီကာလဖြစ်သည့် မတ်လ၊ ဧပြီလနှင့် မေလများအတွင်း မြန်မာနိုင်ငံတစ်ဝန်း၌ နေ့အပူချိန်များ တစ်နေ့တခြားမြင့်တက်လာရာမှ အပူပြန်တက်တိမ်များဖြစ်ထွန်းပြီး ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များ ဖြစ်ပေါ်လာနိုင်ကာဖြစ်ပေါ်လာမည့် နောက်ဆက်တွဲအခြေအနေများကို မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်အသိပေးကြေညာခဲ့ပြီးဖြစ်သည်။

Newspapers Explore more >

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက် ၊ ဧပြီ ၁၆ ရက်၊ အင်္ဂါနေ့။


Posted on Apr 16, 2024

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၇ ရက် ၊ ဧပြီ ၁၅ ရက်၊ တနင်္လာနေ့။


Posted on Apr 15, 2024

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၆ ရက် ၊ ဧပြီ ၁၄ ရက်၊ တနင်္ဂနွေနေ့။


Posted on Apr 14, 2024

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၅ ရက် ၊ ဧပြီ ၁၃ ရက်၊ စနေနေ့။


Posted on Apr 13, 2024

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၄ ရက် ၊ ဧပြီ ၁၂ ရက်၊ သောကြာနေ့။


Posted on Apr 12, 2024

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၃ ရက် ၊ ဧပြီ ၁၁ ရက်၊ ကြာသပတေးနေ့။


Posted on Apr 11, 2024

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့်ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်


Ministry of Information/ Naypyitaw / September 27, 2021


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့်ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်

(၁၃၈၃ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၇ ရက်)

(၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၂၇ ရက်)

 

၁။ ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ပြည်ထောင်စုစိတ်ဓာတ်ကို အရင်းခံသည့် သွေးစည်းညီညွတ်မှု၏ အထိမ်းအမှတ်သက်သေအဖြစ် တောင်တန်းနှင့် မြေပြန့် တပေါင်း တစည်းတည်း လွတ်လပ်ရေးရယူကြရန် သန္နိဋ္ဌာန်ဖြင့် ပင်လုံစာချုပ်တွင် လက်မှတ်ရေးထိုး နိုင်ခဲ့ကြသည်။ ပင်လုံစာချုပ်၏ အသီးအပွင့်ရလဒ်အဖြစ် တောင်တန်းနှင့် မြေပြန့်ဒေသများ ညီညွတ်ပေါင်းစည်းပြီး တပ်မတော်နှင့်အတူ မြန့်မာလွတ်လပ်ရေးကို ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ လ ၄ ရက်နေ့တွင် ပြန်လည်ရယူနိုင်ခဲ့ကြပါသည်။

 

၂။ ထိုသို့ နိုင်ငံတော်တစ်ဝန်းလုံး စုစုစည်းစည်းဖြင့် လွတ်လပ်ရေး ပြန်လည်ရယူပေးနိုင် ခဲ့မှု၏အစပျိုးမှုဖြစ်သည့် တိုင်းရင်းသားသွေးချင်းတို့၏ ပြည်ထောင်စုစိတ်ဓာတ်ကို သက်သေ ထူနိုင်ခဲ့သည့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကို ပြည်ထောင်စုနေ့အဖြစ် သမိုင်းမော်ကွန်းတင် သတ်မှတ် ဂုဏ်ပြုခဲ့သည်မှာ ၂၀၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့သို့တိုင် ရောက်ရှိတော့မည် ဖြစ်ပါသည်။

 

 ၃။ ကျရောက်လာတော့မည့် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့် ပြည်ထောင်စုတစ်ဝှမ်းလုံး ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ခိုင်မာရေး၊ တိုင်းပြည်သာယာ ဝပြောရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် လုပ်ငန်းစဉ်များကို တိုးမြှင့်လုပ်ဆောင်၍ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ပိုမိုခိုင်မာစေရေးဆောင်ရွက် သွားရမည် ဖြစ်ပါသည်။ တိုင်းရင်းသား လူမျိုးစုများစွာ မှီတင်းနေထိုင်လျက်ရှိသည့် မိမိတို့နိုင်ငံအတွက် အချင်းချင်း သွေးစည်းညီညွတ်မှုရှိမှသာလျှင် ပြည်ထောင်စုကြီးမပြိုကွဲဘဲ အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲမည်ဖြစ်ပါသဖြင့် အနာဂတ်တွင် တိုင်းရင်းသားညီအစ်ကို မောင်နှမများ၏ ကျစ်လျစ် ခိုင်မာသည့် ညီညွတ်သောစုပေါင်းအားကို ဆက်လက်ကြိုးပမ်း တည်ဆောက်သွားရမည် ဖြစ်ပါသည်။

 

၄။ တပ်မတော်အနေဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် ပြည်သူလူထု၏ အသက် အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိသည့် အဖွဲ့အစည်း ပီသစွာဖြင့် ခေတ်အဆက်ဆက်ကပင် ကာကွယ်စောင့်ရှောက် ပေးခဲ့သည်။ လွတ်လပ်ရေးရရှိပြီး ၁၉၄၈ ခုနှစ်မှ ၁၉၅၈ ခုနှစ်အတွင်း ပါလီမန်ဒီမိုကရေစီ ခေတ်တွင် နိုင်ငံရေးအယူဝါဒကွဲပြားမှု၊ လူမျိုးရေးကွဲပြားမှု၊ တိုင်းရင်းသားအရေးကွဲပြားမှု၊ အယူဝါဒရေး ကွဲပြားမှုများကတစ်ဆင့် အုပ်ချုပ်သူအစိုးရအဆက်ဆက်ကို လက်နက်စွဲကိုင်ဆန့်ကျင်ခြင်းသည် ယနေ့တိုင်တည်ရှိနေသည့် လက်နက်ကိုင်ပဋိပက္ခများ၏ ဇာစ်မြစ်ပင်ဖြစ်ပြီး ယခင်ကိုလိုနီလက်ထက်ကတည်းက ကျင့်သုံးခဲ့သည့် သွေးခွဲအုပ်ချုပ်မှုစနစ်များ၏ အကျိုးဆက်များကြောင့်လည်း ဖြစ်သည်။

 

 ၅။ မိမိတို့နိုင်ငံသည် နိုင်ငံ၏ မည်သည့်တိုင်းဒေသကြီး၊ ပြည်နယ်များတွင်မဆို သီးသန့် လူမျိုးစု တစ်ခုတည်းနေထိုင်ခြင်းမရှိဘဲ တိုင်းရင်းသားလူမျိုးပေါင်းစုံ စုစည်းနေထိုင်သည့် ပြည်ထောင်စုနိုင်ငံဖြစ်သည်။ ထို့ကြောင့် ခေတ်အဆက်ဆက်ဖြစ် ပေါ်ခဲ့သည့် လက်နက်ကိုင် ပဋိပက္ခများကို စေ့စပ်ညှိနှိုင်းအဖြေရှာရာတွင် မိမိလူမျိုး၊ မိမိပြည်နယ်၊ မိမိဒေသ၊ မိမိအဖွဲ့ အစည်းတစ်ခုတည်း အတွက်ကိုသာမကြည့်ဘဲ ပြည်ထောင်စုဆိုသည့် အမြင်၊ ပြည်ထောင်စု စိတ်ဓာတ်၊ We are Myanmar ဆိုသည့် တပေါင်းတစည်းတည်းစိတ်များဖြင့် ညှိနှိုင်းဆွေး နွေးမှသာ တိုင်းရင်းသားပြည်သူ လူထုတစ်ရပ်လုံးလိုလားတောင့်တနေကြသည့် ထာဝရ ငြိမ်းချမ်းရေးကို အကောင် အထည်ဖော်ဆောင်နိုင်မည်ဖြစ်သည်။

 

၆။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် နိုင်ငံတော် တာဝန်များကို ရယူပြီးသည့်အချိန်မှစ၍ နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်နဲ့ ဦးတည်ချက် ၉ ရပ်ကို ချမှတ်ဆောင်ရွက်ခဲ့ရာ ၎င်းလုပ်ငန်းစဉ်နှင့် ဦးတည်ချက်တို့၌ “တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ်(NCA)ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်သွား မည် ဟု အတိအလင်းကြေညာထားခဲ့ပြီး ၎င်းအတိုင်း လုပ်ဆောင် လျက်ရှိသည်။

 

 ၇။ တပ်မတော်အနေဖြင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေး ထုတ်ပြန် ချက်များကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့မှ ယနေ့အထိ ၂၀ ကြိမ် ထုတ်ပြန်ခဲ့ပြီး ယနေ့အထိ၂ နှစ်နှင့် ၉ လကျော် အချိန်ကာလပေး၍ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရ ငြိမ်းချမ်းရေးကို တည်ဆောက်ခဲ့ပါသည်။

HOT NEWS
January 4,