ပညာသင်ယူပိုင်ခွင့်နှင့်ပတ်သက်သည့် အရေးကြီးသော စဉ်းစားဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ သတင်းထုတ်ပြန်ချက်

Latest News - 74016 items

နွေရာသီအခြေခံအင်္ဂလိပ်စာ(Grammar)သင်တန်းနှင့် အခြေခံပန်းချီသင်တန်းဆင်း

Region & State Government / Posted on March 29, 2024

နွေရာသီအခြေခံအင်္ဂလိပ်စာ(Grammar)သင်တန်းနှင့် အခြေခံပန်းချီသင်တန်းဆင်း

နေ့စဉ်မြစ်ရေခန့်မှန်းချက်

Ministry of Transport and Communications / Posted on March 29, 2024

နေ့စဉ်မြစ်ရေခန့်မှန်းချက်

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ တညင်းကုန်းရပ်ကွက်၊ ရွှေပြည်သာတံတားလမ်းတွင် တိုက်ခန်း မီးလောင်မှု

Ministry of Home Affairs / Posted on March 29, 2024

၂၀၂၄ ခုနှစ်၊ မတ် ၂၆ ရက် နံနက် ၉ နာရီ ၄၀ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ တညင်းကုန်းရပ်ကွက်.........................

Newspapers Explore more >

၁၃၈၅ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၂၉ ရက်၊ သောကြာနေ့။


Posted on Mar 29, 2024

၁၃၈၅ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် ၊ မတ် ၂၈ ရက်၊ ကြာသပတေးနေ့။


Posted on Mar 28, 2024

၁၃၈၅ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Mar 27, 2024

၁၃၈၅ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၂၆ ရက်၊ အင်္ဂါနေ့။


Posted on Mar 26, 2024

၁၃၈၅ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက် ၊ မတ် ၂၅ ရက်၊ တနင်္လာနေ့။


Posted on Mar 25, 2024

၁၃၈၅ ခုနှစ်၊ တပေါင်းလပြည့်နေ့၊ မတ် ၂၄ ရက်၊ တနင်္ဂနွေနေ့။


Posted on Mar 24, 2024

ပညာသင်ယူပိုင်ခွင့်နှင့်ပတ်သက်သည့် အရေးကြီးသော စဉ်းစားဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ သတင်းထုတ်ပြန်ချက်


Ministry of Information/ Naypyitaw / March 23, 2023
image


ပညာသင်ယူပိုင်ခွင့်နှင့်ပတ်သက်သည့် အရေးကြီးသော စဉ်းစားဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍  မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ သတင်းထုတ်ပြန်ချက်

သတင်းထုတ်ပြန်ချက်အမှတ် (၄/ ၂၀၂၃)

လူတိုင်းတွင် ပညာသင်ယူပိုင်ခွင့် (the right to education) ရှိကြောင်း ကမ္ဘာ့လူ့အခွင့် အရေးကြေညာစာတမ်း၏ အပိုဒ် ၂၆ တွင် အတိအလင်းပြဆိုထားပါသည်။  ထိုအခွင့်အရေးကို  အကောင် အထည် ဖော်ရာတွင်  တန်းတူရည်တူ  ပညာသင်ယူခွင့်ကို  အခြေခံလိုအပ်ချက် အဖြစ် အသိအမှတ်ပြု ဖော်ပြကြပါသည်။ ဤအခွင့်အရေးကို အဓိပ္ပာယ် ဖွင့်ဆိုသတ်မှတ်ရာတွင် အခြေခံပညာ အဆင့်များ၌ အခမဲ့ပညာသင်ယူ ခွင့်ရရှိရေးသည် အလွန်အရေးပါသော အချက်များဖြစ်ပြီး  မသင်မနေရ  မူလတန်းပညာရေးသဘောတရားကို   လိုက်နာဆောင်ရွက် ကြရမည်ဖြစ်ကြောင်းလည်း  ဖော်ပြထားပါသည်။  နိုင်ငံတော် အစိုးရ၏  KG+9 မူဝါဒကို အကောင်အထည်ဖော်ဆောင်မှုသည်လည်း  ဤသတ်မှတ်ထားသော  လိုအပ်ချက်များနှင့်  ကိုက်ညီမှုရှိပါသည်။

အဓိပ္ပာယ်ပြည့်ဝသော ပညာသင်ယူပိုင်ခွင့်ရရှိရေးတွင် ပညာ သင်ယူရန်  လွယ်ကူအဆင်ပြေမှုနှင့်  တန်းတူရည်တူရှိမှုတို့သည် မရှိမဖြစ်လိုအပ်သော အခြေအနေများ ဖြစ်ကြပါသည်။ မည်သည့် နေရာ တွင်  သင်ကြားခွင့်ရှိသည်ဖြစ်စေ၊ သင်ရိုးညွှန်းတမ်းတွင် မည်သည့် သင်ခန်းစာများ  ပါဝင်သည်ဖြစ်စေ၊  သင်ကြားပို့ချသူ ဆရာ/ ဆရာမ များသည်  မည်သူများပင်ဖြစ်စေ   ပညာရေး၏  အန္တိမရည် မှန်းချက်သည် ကျောင်းသူ/ကျောင်းသားများ၏ အကျိုး၊  လူ့အဖွဲ့အစည်းနှင့် နိုင်ငံအတွက်  အကျိုးပြုနိုင်မည့် လူသားဆိုင်ရာ ကိုယ်ရည်ကိုယ်သွေးများ အပြည့်အဝ  ဖွံ့ဖြိုးတိုးတက်စေရန်ပင် ဖြစ်သည်။ ပညာတတ် ပုဂ္ဂိုလ်များသည် အမှန်စင်စစ် နိုင်ငံအတွက်အရေးကြီးသော အဖိုးတန်ရတနာများဖြစ်သည်ကို ထင်ထင်ရှားရှား သိမြင်ကြမည်ဖြစ်ပါသည်။ ယင်းကဲ့သို့ရှုမြင်မည်ဆိုပါက ပညာသင် ယူပိုင်ခွင့်ကို လွယ်ကူချောမွေ့စေရန် ဆောင်ရွက်ပေးခြင်းသည် နောင်အနာဂတ်အတွက် အမြော် အမြင်ရှိသည့် လမ်းစဉ်တစ်ရပ်ဖြစ်ပါသည်။

ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း၏ အပိုဒ် ၂၆ အား အပြည့် အဝအကောင်အထည်ဖော်ရန် ကြိုးပမ်းမှုများကို အားလုံးက ကြိုဆို ကြလိမ့်မည်ဟု မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်က ယုံကြည်ပါကြောင်း ဖော်ပြအပ်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရက်စွဲ၊ ၂၀၂၃ ခုနှစ်၊ မတ်လ ၂၂ ရက်

HOT NEWS
January 4,