ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး ပြည်တွင်းသုံးမြန်မာကျပ်ငွေဖြင့်ဝယ်ယူမည့် ရုံးသုံးစက်ပစ္စည်းများအိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
Latest News - 103099 items
Ministry of Information / Posted on January 14, 2026
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ဇန်နဝါရီ ၁၀ ရက်နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ညောင်တုန်းမြို့နယ်ရှိ ပန်းလှိုင်ရေထိန်းတံခါးသို့ သွားရောက်စစ်ဆေးသည်။
Ministry of Information / Posted on January 14, 2026
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ရန်ကုန်မြို့ရှိ ခရီးသွားလုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းများ အဆင့်မီစေရေးတို့အတွက် ယနေ့တွင် ရန်ကုန်မြို့ရှိ ပုဂ္ဂလိကသို့ နှစ်ရှည်ငှားရမ်းထားသည့် ကရဝိက်စားသောက်ခန်းမနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဟိုတယ်တစ်လုံးဖြစ်သည့် Rose Garden Hotel တို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Ministry of Information / Posted on January 14, 2026
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

လူ့စွမ်းအားဖွံ့ဖြိုးမှု အညွှန်းကိန်းအသုံးပြုသူများ၏ အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် လူမှုဖူလုံရေးအဖွဲ့ (ရုံးချုပ်) စုဝေးခန်းမ၌ ကျင်းပသည်။
Ministry of Information / Posted on January 14, 2026
အနာဂတ်နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရာတွင် ငြိမ်းချမ်းရေးသည် မဖြစ်မနေလိုအပ်သည့်အရာဖြစ်သည်။ ငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် နိုင်ငံ့လူဦးရေ၏ သုံးပုံတစ်ပုံကျော်၊ ခန့်မှန်းအားဖြင့် ၁၈ ဒသမ ၃ သန်းကျော်ရှိသည့် လူငယ်လူ့စွမ်းအားအရင်းအမြစ်ကို မေ့ထား၍မရပေ။ ထို့အတူ နိုင်ငံ့အနာဂတ်တာဝန်များကို ပခုံးပြောင်းတာဝန်ထမ်းဆောင်ရမည်မှာလည်း လူငယ်များပင်ဖြစ်သည်။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၂ ရက် ၊ ဇန်နဝါရီ ၁၄ ရက်၊ ဗုဒ္ဓဟူးနေ့။
Posted on Jan 14, 2026
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၀ ရက် ၊ ဇန်နဝါရီ ၁၂ ရက်၊ တနင်္လာနေ့။
Posted on Jan 12, 2026
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၉ ရက် ၊ ဇန်နဝါရီ ၁၁ ရက်၊ တနင်္ဂနွေနေ့။
Posted on Jan 11, 2026
ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး ပြည်တွင်းသုံးမြန်မာကျပ်ငွေဖြင့်ဝယ်ယူမည့် ရုံးသုံးစက်ပစ္စည်းများအိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
Ministry of Information/ Naypyitaw / December 12, 2025
(၂၀၂၅-၂၀၂၆ ခု၊ ဘဏ္ဍာရေးနှစ်)
၁။ ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးတွင် အသုံးပြုရန်အတွက် Network Security System တပ်ဆင်နိုင်ရေး စက်ပစ္စည်းများကို ပြည်တွင်းသုံးမြန်မာကျပ်ငွေဖြင့် ဝယ်ယူလိုပါသဖြင့် အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။
၂။ အိတ်ဖွင့်တင်ဒါပုံစံနှင့် လိုက်နာဆောင်ရွက်ရန်အချက်များကို(၁)စုံလျှင် ကျပ် ၁၀,၀၀၀/-နှုန်းဖြင့် (၁၅-၁၂-၂၀၂၅) ရက်နေ့မှ (၁၃-၁-၂၀၂၆) ရက်နေ့အထိ နံနက် (၀၉:၃၀) နာရီမှ (၁၆:၃၀) နာရီအထိ ရုံးချိန်အတွင်း ရုံးအမှတ် (၇) ၊ ပြန်ကြားရေးဝန်ကြီးဌာန၊ နေပြည်တော်တွင် လာရောက်ဝယ်ယူနိုင်ပါသည်။
၃။ အိတ်ဖွင့်တင်ဒါများကို (၁၄-၁-၂၀၂၆) ရက်နေ့ (၁၆:၃၀) နာရီတွင် နောက်ဆုံးထား၍ ရုံးအမှတ်(၇)၊ ပြန်ကြားရေးဝန်ကြီးဌာန၊ နေပြည်တော်ရှိ တင်ဒါအဖွဲ့ဝင်များရှေ့မှောက်တွင် လာရောက်ပေးသွင်းရန်ဖြစ်ပါသည်။ (သတ်မှတ်ချိန်ထက်ကျော်လွန်သောတင်ဒါများကို ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။)
၄။ အိတ်ဖွင့်တင်ဒါပုံစံ၊ လိုက်နာဆောင်ရွက်ရန်အချက်များနှင့် ရုံးသုံးစက်ပစ္စည်းများ၏ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက အောက်ပါလိပ်စာတွင် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ
ရုံးအမှတ် (၇) ၊ ပြန်ကြားရေးဝန်ကြီးဌာန၊ နေပြည်တော်
ဖုန်း ၊ ၀၆၇-၃၄၁၂၃၂၈ ၊ ၀၆၇- ၃၄၁၂၃၂၇၊ ၀၆၇- ၃၄၁၂၄၅၆