မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက်အမှတ် (၆/ ၂၀၂၅)
Latest News - 101274 items
Ministry of Information / Posted on December 11, 2025
(၇၇) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟို ဌာန-၁ ၌ ကျင်းပရာ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံးအမှုဆောင်ချုပ် ဦးအောင်လင်းဒွေး တက်ရောက်အမှာစကားပြောကြားသည်။
Ministry of Information / Posted on December 11, 2025
တတိယအကြိမ် မြန်မာ-ရုရှား ပူးတွဲအကြမ်းဖက်မှု တိုက်ဖျက်ရေးကော်မတီအစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Jasmine ဟိုတယ်၌ ဆက်လက်ကျင်းပပြုလုပ်သည်။
Ministry of Information / Posted on December 11, 2025
တပ်မတော်ဆေးတက္ကသိုလ်၏ (၂၆) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ တပ်မတော်ဆေးတက္ကသိုလ်ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် စိုးညွန့်၊ တပ်မတော်ဆေးတက္ကသိုလ် ပါမောက္ခချုပ် ဗိုလ်မှူးချုပ် ခင်အောင်ထွန်းနှင့် တပ်မတော်ဆေးတက္ကသိုလ်မှ ပညာရေးအဖွဲ့ဝင်များ စုံညီစွာတက်ရောက်ကြသည်။
Ministry of Information / Posted on December 11, 2025
လက်ဖက်ယဉ်ကျေးမှုအား UNESCO ၏ လူသားမျိုးနွယ်ဆိုင်ရာကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း တင်သွင်းနိုင်ရေးနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန လောကနတ်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Ministry of Information / Posted on December 11, 2025
တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၂၆) ပြန်တမ်းဝင်အရာရှိ ခန့်အပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တပ်မတော်ဆေးတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) စစ်ရာထူးခန့်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ တပ်မတော်ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် စိုးညွန့်နှင့် ကျောင်းဆင်းဗိုလ်လောင်းများ တက်ရောက်ကြသည်။
Ministry of Information / Posted on December 11, 2025
မြန်မာနိုင်ငံသည် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေသောနိုင်ငံဖြစ်သည်။ ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းနိုင်ရန် တစ်တိုင်းပြည်လုံးရှိ ပြည်သူများ၏ ဆန္ဒအရ ပေါ်ပေါက်လာခြင်းဖြစ်သည်။ တပ်မတော်အနေဖြင့် ဒီမိုကရေစီတည့်မတ်မှန်ကန်စွာဖြစ်ပေါ်လာစေရန်အတွက် လမ်းခင်းပုံဖော်ပေးခဲ့သည်။ ဒီမိုကရေစီအသွင်ကူးပြောင်းမှု၊ ဒီမိုကရေစီနိုင်ငံတည်ဆောက်မှုတွင်လည်း တပ်မတော်က ဖြောင့်မှန်သောစေတနာဖြင့် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက်အမှတ် (၆/ ၂၀၂၅)
Myanmar National Human Rights Commission/ Yangon / June 20, 2025
၁။ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းဖွင့်ရာသီစတင်ချိန်မှာပင် ထင်မှတ်မထားသော အကြမ်း ဖက်လုပ်ရပ်များကို ဝမ်းနည်းဖွယ်ကြားသိရပါသည်။ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ကုန်းဘုရား (ညောင်ပင်ကန်) ကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်း (ခွဲ) မှ ကျောင်းအုပ် ဆရာမကြီးနှင့် ၎င်း၏ ခင်ပွန်းတို့ သတ်ဖြတ်ခံရခြင်း၊ မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်၊ ပွင့် တောက်ကျေးရွာ စက်လှေဆိပ်၌ အထက်တန်းပြ ဆရာမနှင့် ပညာရေးကောလိပ် တက်ရောက်မည့် ကျောင်းသူများအား အကြမ်းဖက်သမားများက ဖမ်းဆီးခေါ်ဆောင်ခြင်း၊ နတ်မောက်မြို့နယ် ကူနီ ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း (မူလွန်) မှ ကျောင်းအုပ်ဆရာမကြီးတစ်ဦး ဖမ်းဆီး သတ်ဖြတ်ခံရခြင်း၊ ဝက်ချုပ်ကျေးရွာတွင် အလယ်တန်းပြ ဆရာမတစ်ဦးနှင့် ၎င်း၏ ခင်ပွန်းတို့ သတ်ဖြတ်ခံရခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များသည် အသက်ရှင်သန်ခွင့်၊ လူပုဂ္ဂိုလ်လုံခြုံခွင့်၊ လွတ်လပ်စွာပညာသင်ကြားခွင့်နှင့် တည်ငြိမ်အေးချမ်းမှု ရရှိခံစားခွင့်စသည့် အခြေခံလူ့အခွင့်အရေး များကို ထိခိုက်စေပါသည်။
၂။ ငြိမ်းချမ်းစွာ ပညာသင်ယူခွင့် ရရှိခံစားနိုင်ရေးအတွက် အဓိက တာဝန်ယူဖော်ဆောင်ပေးနေ သော ဆရာ ဆရာမများအပါအဝင် ကျောင်းသူ ကျောင်းသားများ၊ စာသင်ကျောင်းများအား နည်းမျိုး စုံဖြင့် အကြမ်းဖက်ခြင်း၊ လုပ်ကြံသတ်ဖြတ်ခြင်း၊ ရန်ရှာဖမ်းဆီးခြင်း၊ ခြိမ်းခြောက်နှောင့်ယှက် ခြင်းနှင့် အကြောင်းအမျိုးမျိုးဖြင့် ပျက်စီးရာ ပျက်စီးကြောင်း လုပ်ဆောင်နေခြင်းတို့သည် ကမ္ဘာ့လူ့ အခွင့်အရေးကြေညာစာတမ်း အပိုဒ် ၃ ပါ အသက်ရှင်သန်ခွင့်၊ လူပုဂ္ဂိုလ်လုံခြုံခွင့်နှင့် အပိုဒ် ၂၆ ပါ ပညာသင်ယူခွင့် အခွင့်အရေးတို့ကို ချိုးဖောက်ခြင်းပင် ဖြစ်ပါသည်။ ၂၀၁၄ ခုနှစ် အမျိုးသား ပညာရေးဥပဒေအရ “နိုင်ငံသားများ၏ မွေးရာပါအခွင့်အရေးဖြစ်သော ပညာသင်ယူခွင့်ကို နိုင်ငံသား တိုင်း ခံစားရရှိစေရေး” အလေးအနက် အသိအမှတ်ပြုကာ ပညာရေးနယ်ပယ် အတွင်းရှိ ဆရာ ဆရာမများ၊ ကျောင်းသားလူငယ်များအပါအဝင် ပါဝင်ဆောင်ရွက်လျက်ရှိသူ အားလုံး ထိခိုက်နစ်နာ မှု မရှိစေရေး ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ပေးရန် လိုအပ်ပါသည်။
၃။ ထို့ပြင် လမ်းတံတားများ၊ တာဝါတိုင်များ၊ လူနေအိမ်အဆောက်အဦများ၊ ဆေးရုံများ ဖျက်ဆီး ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များသည်လည်း တိုင်းရင်းသား ပြည်သူများ၏ လူမှုစီးပွားဘဝကို ထိခိုက်နစ်နာစေပါသည်။ ထိုသို့သော အကြမ်းဖက်လုပ်ရပ်များသည် နိုင်ငံနှင့် ပြည်သူအတွက် ကြီးမားသော ဆုံးရှုံးမှုများ ဖြစ်ပေါ်စေပြီး ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို အဆိုးရွားဆုံး ခြိမ်းခြောက်မှု ဖြစ်ပါသည်။ မည်သည့်အကြမ်းဖက်လုပ်ရပ်မဆို ရာဇဝတ်မှုမြောက်၍ တရားမျှတမှုမရှိဟု ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုက်အဝန်းက အသိအမှတ်ပြုထားသည့်နည်းတူ မြန်မာနိုင်ငံတွင် လည်း ၂၀၁၄ ခုနှစ် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပြဋ္ဌာန်း၍ အကြမ်းဖက်လုပ်ရပ်များကို ကြိုးပမ်းတိုက်ဖျက် နှိမ်နင်းလျက်ရှိသည်ကို တွေ့မြင်သိရှိရပါသည်။
၄။ နိုင်ငံတစ်ဝှမ်း ငြိမ်းချမ်းစွာ ပညာသင်ယူခွင့်ရရှိစေရန်နှင့် အကြမ်းဖက်လုပ်ရပ်များ လျော့ နည်းပပျောက်စေရန် ပြည်တွင်းငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့မှာ မရှိမဖြစ် လိုအပ် ပါသည်။ တည်ငြိမ်အေးချမ်းပြီး တာဝန်ယူမှု တာဝန်ခံမှုရှိသော လူ့ဘောင်အဖွဲ့အစည်း ဖြစ်ပေါ် တိုးတက်ရေး၊ အကြမ်းဖက်မှုကြောင့် ထိခိုက်နစ်နာသူများအတွက် ကုစားမှုပေးရေးနှင့် ပြန်လည် ထူထောင်ရေး၊ လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေးအရ ကွဲပြားခြားနားမှုများကို အလေးထား ညှိနှိုင်း ဆောင်ရွက်ရေးတို့ ပြုလုပ်သွားကြရန်နှင့် တရားဥပဒေစိုးမိုး၍ အကြမ်းဖက်မှုများ ပပျောက်စေရန် သက်ဆိုင်သူများ၊ အဖွဲ့အစည်းများနှင့် ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြပါရန် လူ့အခွင့်အရေးရှုထောင့်မှ အကြံပြုတိုက်တွန်းအပ်ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်
