မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက်အမှတ် (၆/ ၂၀၂၅)

Latest News - 94150 items

စစ်ကိုင်းနှင့် ချမ်းမြသာစည်မြို့နယ်တို့တွင် ငွေကျပ် ၂ဝ ဒသမ ၂၂၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၉ သန်းကျော်နှင့် ဘိန်းဖြူ ၂၂ ကီလို ဖမ်းဆီးရမိ

Ministry of Information / Posted on July 15, 2025

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နှင့် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်တို့၌ ဇူလိုင် ၇ ရက်နှင့် ၈ ရက်တို့တွင် ငွေကျပ် ၂၀ ဒသမ ၂၂၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၉ သန်းကျော်နှင့် ဘိန်းဖြူ ၂၂ ကီလိုတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရှိရသည်။

မိုင်းဆတ်-တာချီလိတ်လမ်းပေါ်ရှိ ဆိုက်ခေါင်တံတားသစ်စီမံကိန်းနေရာနှင့် လက်ရှိအသုံးပြုနေသည့် တံတားဟောင်း၏ ကြံ့ခိုင်မှုတို့အားစစ်ဆေး

Ministry of Information / Posted on July 15, 2025

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ် မိုင်းဆတ်-တာချီလိတ်လမ်းပေါ်ရှိ ဆိုက်ခေါင်တံတားသစ်စီမံကိန်းနေရာနှင့် လက်ရှိအသုံးပြုလျက်ရှိသော ဘေလီတံတား၏ ကြံ့ခိုင်မှုအခြေအနေများအား ဇူလိုင် ၁၄ ရက်ညနေပိုင်းတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးလှိုင်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးသည်။

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ

Ministry of Information / Posted on July 15, 2025

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်လျက်လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများသိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။

အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ဗီယက်နမ်နိုင်ငံသား (၄၆) ဦး ထပ်မံလွှဲပြောင်းပေးအပ်

Ministry of Information / Posted on July 15, 2025

ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီမြို့-ရွှေကုက္ကိုလ်၊ မဲ့ထော်သလေး(KK Park)နှင့် ကျောက်ခတ်နယ်မြေများတွင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ဗီယက်နမ်နိုင်ငံသား ၄၆ ဦးအား မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထပ်မံလွှဲပြောင်းပေးသည်။

စစ်ကိုင်းမြို့တွင် ငလျင်ဒဏ်သင့် ဝန်ထမ်းများနှင့် မိသားစုဝင်များအား စားရေရိက္ခာ(၅)မျိုးအတွက် ထောက်ပံ့ငွေများ ပေးအပ်

Ministry of Information / Posted on July 15, 2025

စစ်ကိုင်းမြို့အတွင်းရှိ ငလျင်ဒဏ်သင့်ဝန်ထမ်းများနှင့် မိသားစုဝင်များအား စားရေရိက္ခာ(၅)မျိုးအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ထောက်ပံ့သည့် ထောက်ပံ့ငွေများပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ နှစ်(၇၀၀)အားကစားကွင်း၊ အားကစားခန်းမ၌ပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံ၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင်များ တက်ရောက်ကြသည်။

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေပြည်တော်၊ ဥတ္တရသီရိရေလှောင်တမံနှင့် အလုပ်သမားဝန်ကြီးဌာန ရုံးပတ်လမ်း၊ မြေထိန်းနံရံပြန်လည်ပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆောင်ရွက်ပြီးစီးနေမှုအခြေအနေများ သွားရောက်ကြည့်ရှုစစ်ဆေး

Ministry of Information / Posted on July 15, 2025

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များလိုက်ပါ၍ ယနေ့ညနေပိုင်းတွင် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေပြည်တော်၊ ဥတ္တရသီရိရေလှောင်တမံနှင့် အလုပ်သမားဝန်ကြီးဌာနရှိ ရုံးပတ်လမ်း၊ မြေထိန်းနံရံများ ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆောင်ရွက်ပြီးစီးနေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၇ ရက်၊ ဇူလိုင် ၁၆ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jul 16, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၆ ရက်၊ ဇူလိုင် ၁၅ ရက်၊ အင်္ဂါနေ့။


Posted on Jul 14, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၅ ရက်၊ ဇူလိုင် ၁၄ ရက်၊ တနင်္လာနေ့။


Posted on Jul 13, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၄ ရက်၊ ဇူလိုင် ၁၃ ရက်၊ တနင်္ဂနွေနေ့။


Posted on Jul 13, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၃ ရက်၊ ဇူလိုင် ၁၂ ရက်၊ စနေနေ့။


Posted on Jul 12, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၂ ရက်၊ ဇူလိုင် ၁၁ ရက်၊ သောကြာနေ့။


Posted on Jul 11, 2025

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက်အမှတ် (၆/ ၂၀၂၅)


Myanmar National Human Rights Commission/ Yangon / June 20, 2025


၁။ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းဖွင့်ရာသီစတင်ချိန်မှာပင် ထင်မှတ်မထားသော အကြမ်း ဖက်လုပ်ရပ်များကို ဝမ်းနည်းဖွယ်ကြားသိရပါသည်။ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ကုန်းဘုရား (ညောင်ပင်ကန်) ကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်း (ခွဲ) မှ ကျောင်းအုပ် ဆရာမကြီးနှင့် ၎င်း၏ ခင်ပွန်းတို့ သတ်ဖြတ်ခံရခြင်း၊ မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်၊ ပွင့် တောက်ကျေးရွာ စက်လှေဆိပ်၌ အထက်တန်းပြ ဆရာမနှင့် ပညာရေးကောလိပ် တက်ရောက်မည့် ကျောင်းသူများအား အကြမ်းဖက်သမားများက ဖမ်းဆီးခေါ်ဆောင်ခြင်း၊ နတ်မောက်မြို့နယ် ကူနီ ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း (မူလွန်) မှ ကျောင်းအုပ်ဆရာမကြီးတစ်ဦး ဖမ်းဆီး သတ်ဖြတ်ခံရခြင်း၊ ဝက်ချုပ်ကျေးရွာတွင် အလယ်တန်းပြ ဆရာမတစ်ဦးနှင့် ​၎င်း၏ ခင်ပွန်းတို့ သတ်ဖြတ်ခံရခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များသည် အသက်ရှင်သန်ခွင့်၊ လူပုဂ္ဂိုလ်လုံခြုံခွင့်၊ လွတ်လပ်စွာပညာသင်ကြားခွင့်နှင့် တည်ငြိမ်အေးချမ်းမှု ရရှိခံစားခွင့်စသည့် အခြေခံလူ့အခွင့်အရေး များကို ထိခိုက်စေပါသည်။

၂။ ငြိမ်းချမ်းစွာ ပညာသင်ယူခွင့် ရရှိခံစားနိုင်ရေးအတွက် အဓိက တာဝန်ယူဖော်ဆောင်ပေးနေ သော ဆရာ ဆရာမများအပါအဝင် ကျောင်းသူ ကျောင်းသားများ၊ စာသင်ကျောင်းများအား နည်းမျိုး စုံဖြင့် အကြမ်းဖက်ခြင်း၊ လုပ်ကြံသတ်ဖြတ်ခြင်း၊ ရန်ရှာဖမ်းဆီးခြင်း၊ ခြိမ်းခြောက်နှောင့်ယှက် ခြင်းနှင့် အကြောင်းအမျိုးမျိုးဖြင့် ပျက်စီးရာ ပျက်စီးကြောင်း လုပ်ဆောင်နေခြင်းတို့သည် ကမ္ဘာ့လူ့ အခွင့်အရေးကြေညာစာတမ်း အပိုဒ် ၃ ပါ အသက်ရှင်သန်ခွင့်၊ လူပုဂ္ဂိုလ်လုံခြုံခွင့်နှင့် အပိုဒ် ၂၆ ပါ ပညာသင်ယူခွင့် အခွင့်အရေးတို့ကို ချိုးဖောက်ခြင်းပင် ဖြစ်ပါသည်။ ၂၀၁၄ ခုနှစ် အမျိုးသား ပညာရေးဥပဒေအရ “နိုင်ငံသားများ၏ မွေးရာပါအခွင့်အရေးဖြစ်သော ပညာသင်ယူခွင့်ကို နိုင်ငံသား တိုင်း ခံစားရရှိစေရေး” အလေးအနက် အသိအမှတ်ပြုကာ ပညာရေးနယ်ပယ် အတွင်းရှိ ဆရာ ဆရာမများ၊ ကျောင်းသားလူငယ်များအပါအဝင် ပါဝင်ဆောင်ရွက်လျက်ရှိသူ အားလုံး ထိခိုက်နစ်နာ မှု မရှိစေရေး ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ပေးရန် လိုအပ်ပါသည်။

၃။ ထို့ပြင် လမ်းတံတားများ၊ တာဝါတိုင်များ၊ လူနေအိမ်အဆောက်အဦများ၊ ဆေးရုံများ ဖျက်ဆီး ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များသည်လည်း တိုင်းရင်းသား ပြည်သူများ၏ လူမှုစီးပွားဘဝကို ထိခိုက်နစ်နာစေပါသည်။ ထိုသို့သော အကြမ်းဖက်လုပ်ရပ်များသည် နိုင်ငံနှင့် ပြည်သူအတွက် ကြီးမားသော ဆုံးရှုံးမှုများ ဖြစ်ပေါ်စေပြီး ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို အဆိုးရွားဆုံး ခြိမ်းခြောက်မှု ဖြစ်ပါသည်။ မည်သည့်အကြမ်းဖက်လုပ်ရပ်မဆို ရာဇဝတ်မှုမြောက်၍ တရားမျှတမှုမရှိဟု ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုက်အဝန်းက အသိအမှတ်ပြုထားသည့်နည်းတူ မြန်မာနိုင်ငံတွင် လည်း ၂၀၁၄ ခုနှစ် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပြဋ္ဌာန်း၍ အကြမ်းဖက်လုပ်ရပ်များကို ကြိုးပမ်းတိုက်ဖျက် နှိမ်နင်းလျက်ရှိသည်ကို တွေ့မြင်သိရှိရပါသည်။

၄။ နိုင်ငံတစ်ဝှမ်း ငြိမ်းချမ်းစွာ ပညာသင်ယူခွင့်ရရှိစေရန်နှင့် အကြမ်းဖက်လုပ်ရပ်များ လျော့ နည်းပပျောက်စေရန် ပြည်တွင်းငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့မှာ မရှိမဖြစ် လိုအပ် ပါသည်။ တည်ငြိမ်အေးချမ်းပြီး တာဝန်ယူမှု တာဝန်ခံမှုရှိသော လူ့ဘောင်အဖွဲ့အစည်း ဖြစ်ပေါ် တိုးတက်ရေး၊ အကြမ်းဖက်မှုကြောင့် ထိခိုက်နစ်နာသူများအတွက် ကုစားမှုပေးရေးနှင့် ပြန်လည် ထူထောင်ရေး၊ လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေးအရ ကွဲပြားခြားနားမှုများကို အလေးထား ညှိနှိုင်း ဆောင်ရွက်ရေးတို့ ပြုလုပ်သွားကြရန်နှင့် တရားဥပဒေစိုးမိုး၍ အကြမ်းဖက်မှုများ ပပျောက်စေရန် သက်ဆိုင်သူများ၊ အဖွဲ့အစည်းများနှင့် ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြပါရန် လူ့အခွင့်အရေးရှုထောင့်မှ အကြံပြုတိုက်တွန်းအပ်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Download