သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း (မကွေး၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်၊ ပုသိမ်)အတွက် ပထမနှစ်ကျောင်းသား/သူအသစ်များခေါ်ယူခြင်း

Latest News - 93008 items

စာပေဗိမာန်စာမူဆုရ စာအုပ်ဖြန့်ချိရောင်းချ

Ministry of Information / Posted on June 23, 2025

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က စာပေဗိမာန်စာမူဆု၊ ကလေးစာပေတတိယဆုရရှိသည့် စာရေးသူခိုင်ချစ်အောင်၏ “ညီနောင်သုံးဖော်နှင့်ကလေးကဗျာများ” စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။

တရားမဝင် သစ်မျိုးစုံ၊ မီးသွေး၊ လူသုံးကုန်ပစ္စည်းများ၊ လိုင်စင်မဲ့မော်တော်ယာဉ်များ၊ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များနှင့် တရားမဝင် ကုန်ပစ္စည်းတင် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

Ministry of Information / Posted on June 23, 2025

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

တာချီလိတ်မြို့နယ်၌ ငွေကျပ် ၂၁၁၄ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ

Ministry of Information / Posted on June 23, 2025

တာချီလိတ်မြို့နယ်၌ ငွေကျပ် ၂၁၁၄ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဒုတိယဝန်ကြီး ဦးမြင့်စိုး အပြာရောင်အဆင့် ပြန်လည်နေထိုင်လျက်ရှိသော ဝန်ထမ်းအဆောင်များ အခြေအနေ ကြည့်ရှုစစ်ဆေး

Ministry of Information / Posted on June 23, 2025

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် အပြာရောင်အဆင့်သတ်မှတ်ချက်ဖြင့် ဝန်ထမ်းများ ပြန်လည်နေထိုင်လျက်ရှိသော ဝန်ထမ်းအဆောင်များ အခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဟင်္သာတခရိုင်နှင့် မြန်အောင်ခရိုင်အတွင်းရှိ စိုက်ပျိုးရေးသမဝါယမအသင်းများအတွက် အထွက်တိုးစပါးမျိုးနှင့် သွင်းအားစုများပေးအပ်

Ministry of Information / Posted on June 23, 2025

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်၊ ဇလွန်မြို့နယ်နှင့် လေးမျက်နှာမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးသမဝါယမအသင်း ၁၈ သင်း၊ မြန်အောင်မြို့နယ်၊ ကြံခင်းမြို့နယ်နှင့် အင်္ဂပူမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးသမဝါယမအသင်း ၁၁ သင်းတို့အတွက် ငွေကျပ် ၁၅၀၃ သန်းတန်ဖိုးရှိ အထွက်တိုးစပါးမျိုးများ၊ သွင်းအားစုများ၊ မျိုးစေ့ချကိရိယာများ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့က ဟင်္သာတမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပရာ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သမဝါယမအသင်းသား တောင်သူများ တက်ရောက်သည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၃ ရက်၊ ဇွန် ၂၃ ရက်၊ တနင်္လာနေ့။

Posted on Jun 22, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၂ ရက်၊ ဇွန် ၂၂ ရက်၊ တနင်္ဂနွေနေ့။

Posted on Jun 22, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၁ ရက်၊ ဇွန် ၂၁ ရက်၊ စနေနေ့။

Posted on Jun 21, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၀ ရက်၊ ဇွန် ၂၀ ရက်၊ သောကြာနေ့။

Posted on Jun 19, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၉ ရက်၊ ဇွန် ၁၉ ရက်၊ ကြာသပတေးနေ့။

Posted on Jun 19, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၈ ရက်၊ ဇွန် ၁၈ ရက်၊ဗုဒ္ဓဟူးနေ့။

Posted on Jun 18, 2025

သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း (မကွေး၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်၊ ပုသိမ်)အတွက် ပထမနှစ်ကျောင်းသား/သူအသစ်များခေါ်ယူခြင်း

Ministry of Cooperatives and Rural Development/ Naypyitaw / May 20, 2025

၁။ သမဝါယမဦးစီးဌာနအောက်ရှိ သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာသင်တန်း ကျောင်း(မကွေး၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်၊ ပုသိမ်)များတွင် ၂၀၂၅ ခုနှစ်၊ ဇွန်လ(၁၆) ရက်နေ့တွင်ဖွင့်လှစ်မည့် ပထမနှစ်သင်တန်းအတွက် ကျောင်းသား/သူအသစ်များ ခေါ်ယူမည်ဖြစ် ပါသည်။

၂။ အဆိုပါသင်တန်းသို့ အောက်ပါအရည်အချင်းနှင့် ကိုက်ညီသူများ လျှောက်ထားနိုင်ပါသည် -

               (က)    အခြေခံပညာစနစ်သစ် Grade 9 အောင်မြင်ပြီးသူဖြစ်ရမည်။

               (ခ)     ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။

               (ဂ)     ပြည်ထောင်စုမြန်မာနိုင်ငံသား အိမ်ထောင်မရှိသူ(လူပျို/အပျို)ဖြစ်ရမည်။

    (ဃ)    သင်တန်းမှချမှတ်ထားသော ဝန်ခံကတိ၊ စည်းမျဉ်းစည်းကမ်းများကို လိုက်နာနိုင်သူ ဖြစ်ပြီး သင်တန်းကိုပြီးဆုံးအောင် တက်ရောက်နိုင်သူဖြစ်ရမည်။

၃။ သင်တန်းကာလမှာ (၃)နှစ်ဖြစ်ပြီး သင်တန်းပြီးမြောက်အောင်မြင်ပါက Certificate in Business Accounting (လက်မှတ်ရစီးပွားရေးစာရင်းကိုင်ပညာ)အောင်လက်မှတ် ပေးအပ်ချီးမြှင့် မည်ဖြစ်ပါသည်။

၄။ သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာသင်တန်းတွင် (၃)နှစ်သင်တန်း ပြီးဆုံး အောင်မြင်သူများအနက် သတ်မှတ်အရည်အချင်းပြည့်မီသူများကို သမဝါယမကောလိပ်များသို့ ပေါင်းကူး၍ ဆက်လက်ပညာသင်ကြားနိုင်မည့် အခွင့်အရေးများ ရရှိနိုင်မည်ဖြစ်ပါသည်။

၅။ ပထမနှစ်သင်တန်းသို့ တက်ရောက်ရန် လျှောက်ထားလိုသူများသည် သမဝါယမ စာရင်း ရေးစာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း(မကွေး) မကွေးဘူတာတောင်ဘက်၊ အောင်မေတ္တာ (ဃ) ရပ်ကွက်၊ မြင်းကင်းကျေးရွာအနီး၊ မကွေးမြို့၊ မကွေးတိုင်းဒေသကြီး။ သမဝါယမစာရင်းရေး စာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း(မန္တလေး) အကွက် ၁၇၇၊ ၈၃ လမ်း၊ ၂၅ - ၂၆ လမ်းကြား၊ ပြည်ကြီးကျက်သရေအနောက်ရပ်၊  အောင်မြေသာစံမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး။ သမဝါယမ စာရင်းရေး စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း(တောင်ကြီး) ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီးနှင့် အနော်ရထာလမ်းထောင့်၊ Hotel La Vista အနီး၊ ပြည်တော်သာရပ်ကွက်၊ တောင်ကြီး မြို့၊ ရှမ်းပြည်နယ်။ သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း(မော်လမြိုင်) အရာတော်လမ်း၊ ဘိုကုန်းရပ်၊ မော်လမြိုင်မြို့၊ မွန်ပြည်နယ်။ သမဝါယမစာရင်းရေး စာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း(ပုသိမ်) မြက်တိုလမ်းဆုံအနီး၊ ပုသိမ်မြို့၊ ဧရာဝတီတိုင်းဒေသကြီး တို့တွင် လျှောက်လွှာများဝယ်ယူ လျှောက်ထားနိုင်ပြီး လျှောက်လွှာပိတ်ရက်မှာ (၁၅-၆-၂၀၂၅) ရက်နေ့ဖြစ်ပါသည်။ အသေးစိတ်သိရှိလိုပါက ဖုန်းနံပါတ် -

               ရုံးချုပ်         - ၀၆၇-၃၄၁၀၃၄၃                        

               မကွေး       - ၀၉-၂၅၄၄၁၂၃၃၈ ၊ ၀၉-၆၉၁၉၀၅၃၂၁

               မန္တလေး      - ၀၉-၄၂၀၇၀၁၆၃၄၊ ၀၉-၆၉၂၂၈၈၆၄၃၊ ၀၉-၂၁၁၀၆၄၉၊ 

                                   ၀၉-၆၆၅၆၉၁၉၁၈

               တောင်ကြီး - ၀၈၁- ၂၁၂၁၃၂၀၊ ၀၉-၄၃၁၃၃၂၄၃၊ ၀၉- ၄၂၅၅၆၀၀၅၄

  မော်လမြိုင် - ၀၉-၄၂၅၂၈၈၇၃၅၊ ၀၉- ၄၂၃၇၃၆၄၄၉၊ ၀၉-၇၉၂၁၈၁၀၄၂၊

                                   ၀၉-၄၂၅၂၆၇၀၀၈

                ပုသိမ် -         ၀၄၂-၂၉၀၀၃၊ ၀၉-၆၉၇၄၄၅၃၀၂၊ ၀၉-၇၆၉၂၃၂၄၅၇၊ ၀၉-၄၅၁၀၈၉၄၀၄၊ ၀၉-၇၇၂၆၀၂၉၂၇သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။         

Download
HOT NEWS
January 4,