အခွန်အယူခံခုံအဖွဲ့ရုံးတွင် (၂၉-၅-၂၀၂၅) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီမှစ၍ ခုံအဖွဲ့ရှေ့မှောက်၌ ကြားနာရန်ချိန်းဆိုထားသော အမှုစာရင်း
Latest News - 103656 items
Ministry of Information / Posted on January 25, 2026
(၇၈) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး စာမေးပွဲတွင် တိပိဋကဓရ တိပိဋကကောဝိဒ (၁၈)ပါးမြောက် ဘွဲ့တံဆိပ်တော်မြတ် ရရှိတော်မူသည့် ဘဒ္ဒန္တဝိစိတ္တသာရ ဆရာတော်ထံသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ဆက်ကပ်ပေးပို့သည့် ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာဆက်ကပ် လှူဒါန်းခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် တိပိဋကမဟာ ဂန္ထဝင်နိကာယ် ကျောင်းတိုက်၌ကျင်းပရာအခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြည်ညိုကြသည်။
Ministry of Information / Posted on January 25, 2026
ဇန်နဝါရီ ၂၅ ရက်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၃) သို့ လာရောက်လေ့လာကြသည့် နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများအား ကြိုဆိုပွဲနှင့် ရွေးကောက်ပွဲဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ Park Royal ဟိုတယ်၌ ကျင်းပသည်။
Ministry of Information / Posted on January 25, 2026
မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ယနေ့တွင် ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ ပြည်နယ်အားကစားနည်းအလိုက် ဆပ်ကော်မတီများမှ တာဝန်ရှိသူများနှင့်အတူ စုပေါင်းကိုယ်လက်လှုပ်ရှားအစီအစဉ် ဇွန်ဘာပွဲတော် (Zumba Festival) နှင့် (၇၈)နှစ်မြောက် ကချင်ပြည်နယ်နေ့အထိမ်းအမှတ် မြန်မာ့ရိုးရာသိုင်းစွမ်းရည်ပြပွဲသို့ တက်ရောက်အားပေးသည်။
Ministry of Information / Posted on January 25, 2026
မူလတန်းပြ ဆရာဆရာမများအတွက် အင်္ဂလိပ်စာအရည်အသွေးမြှင့် ဆရာဖြစ်သင်တန်း (ပထမအဆင့်) သင်တန်းဆင်းပွဲကို ယမန်နေ့မွန်းလွဲပိုင်းက နေပြည်တော် ပညာရေးဝန်ကြီးဌာနရုံးအမှတ် (၁၃) ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Ministry of Information / Posted on January 25, 2026
မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့်ပတ်သက်၍ အစိုးရအဆက်ဆက်က အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် သတ်မှတ်ဆောင်ရွက်ခဲ့ကြသည်။ သို့ရာတွင် ဘိန်းစိုက်ပျိုးမှုနှင့် ဘိန်းဖြူထုတ်လုပ်မှု၊ ဓာတုပစ္စည်းများကိုအခြေခံ၍ ထုတ်လုပ်သည့် စိတ်ကြွရူးသွပ်ဆေးများထုတ်လုပ်မှုနှင့် သယ်ဆောင်ရောင်းဝယ်မှု၊ မူးယစ်ဆေးထုတ်လုပ်ရာတွင်အသုံးပြုသည့် ဓာတုပစ္စည်းများ နယ်စပ်ဖြတ်ကျော်သယ်ဆောင်ရောင်းဝယ်မှုများ အများအပြားရှိနေခြင်းနှင့် နှစ်နိုင်ငံနယ်စပ်ဒေသများ ထိစပ်နေသည့် နယ်နိမိတ်မျဉ်းကြောင်းများတစ်လျှောက် အလုံးစုံမထိန်းချုပ်နိုင်သေးခြင်းတို့က မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် စိန်ခေါ်မှုများပင်ဖြစ်သည်။
Ministry of Information / Posted on January 25, 2026
လူသားမျိုးနွယ်တစ်ခုလုံးကို လူညွန့်တုံးပျက်စီးစေသည့် ဘိန်းဖြူ၊ မက်သ်အဖက်တမင်း (Methamphetamine)၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသည့်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးများကို အဓိကချက်လုပ်သည့်နေရာများ၊ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများ ပမာဏအများဆုံးဖော်ထုတ်သိမ်းဆည်းရမိမှုများနှင့် ပတ်သက်၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၏ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့အနီးစခန်းလေဆိပ်၌ ကျင်းပပြုလုပ်ရာ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုးတို့က ရှင်းလင်းပြောကြားကြသည်။
အခွန်အယူခံခုံအဖွဲ့ရုံးတွင် (၂၉-၅-၂၀၂၅) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီမှစ၍ ခုံအဖွဲ့ရှေ့မှောက်၌ ကြားနာရန်ချိန်းဆိုထားသော အမှုစာရင်း
Revenue Appellate Tribunal/ Naypyitaw / May 19, 2025
