အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များသို့ အသိပေးကြေညာချက်

Latest News - 104605 items

ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် နိုင်ငံတကာအဆင့်မီ အနုပညာဗဟိုဌာန (ရန်ကုန်) တည်ဆောက်မှု ကြည့်ရှုစစ်ဆေး

Ministry of Information / Posted on February 15, 2026

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ နိုင်ငံတကာအဆင့်မီ အနုပညာဗဟိုဌာန (ရန်ကုန်) (Myanmar Art Center-Yangon) တည်ဆောက်ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး စက်မှုလက်မှုကုန်ထုတ်သမဝါယမအသင်းသားများ၊ ဒေသခံတောင်သူများနှင့် တွေ့ဆုံ

Ministry of Information / Posted on February 15, 2026

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် တာဝန်ရှိသူ များနှင့်အတူ ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့ ဖောင်းကန်ရပ်ကွက်၌ ရွှေအိုးစက်မှုလက်မှုကုန်ထုတ်သမဝါယမအသင်းမှ အိုးလုပ်ငန်းလုပ်ကိုင်သော သမဝါယမအသင်းသားများ၊ ဒေသခံတောင်သူများနှင့် တွေ့ဆုံသည်။

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး စက်မှုလက်မှုကုန်ထုတ်သမဝါယမအသင်းသားများ၊ ဒေသခံတောင်သူများနှင့် တွေ့ဆုံ

Ministry of Information / Posted on February 15, 2026

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် တာဝန်ရှိသူ များနှင့်အတူ ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့ ဖောင်းကန်ရပ်ကွက်၌ ရွှေအိုးစက်မှုလက်မှုကုန်ထုတ်သမဝါယမအသင်းမှ အိုးလုပ်ငန်းလုပ်ကိုင်သော သမဝါယမအသင်းသားများ၊ ဒေသခံတောင်သူများနှင့် တွေ့ဆုံသည်။

မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥပဒေကို ပြင်ဆင်သည့်ဥပဒေပြဋ္ဌာန်း

Ministry of Information / Posted on February 15, 2026

မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥပဒေကို ပြင်ဆင်သည့်ဥပဒေပြဋ္ဌာန်း

ကျင့်ဝတ်များနှင့် ဝတ္တရားများ မှန်ကန်စွာသိရှိပြီး လိုက်နာကျင့်ကြံ

Ministry of Information / Posted on February 15, 2026

နိုင်ငံရေးဆိုသည်မှာ မိမိတို့ နေ့စဉ်နှင့်အမျှ လူ့လောကတွင် တွေ့ကြုံနေကြရသောကိစ္စ၊ တစ်နည်းအားဖြင့် နိုင်ငံရေးဆိုသည်မှာ လူ့ကိစ္စဟူ၍ ဗိုလ်ချုပ်အောင်ဆန်းက မိန့်ဆိုခဲ့သည်။ ဆက်လက်၍လည်း “ကျွန်ုပ်တို့သည် နိုင်ငံရေးကို မဆင်ခြင်၊ မတွေးတောမိစေကာမူ နိုင်ငံရေးသည် ကျွန်ုပ်တို့နှင့် အမြဲတစေ ဆက်သွယ်နေ၏။ ကျွန်ုပ်တို့သည် နိုင်ငံရေးကို ရှောင်ရှားစေကာမူ နိုင်ငံရေးသည် ကျွန်ုပ်တို့၏ အိမ်၊ ရုံး၊ အလုပ်ရုံစသည်တို့၌ ပေါ်ပေါက်လျက်ရှိ၏။ ဤဌာနများ၌ ကျွန်ုပ်တို့သည် နေ့စဉ်နှင့်အမျှ နိုင်ငံရေးကိုပင် လုပ်နေကြရပေသည်” ဟူ၍လည်း ပြောကြားခဲ့သည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ယုံကြည် ဥပဒေဘောင်အတွင်း ဝင်ရောက်

Ministry of Information / Posted on February 15, 2026

နိုင်ငံတော်အစိုးရအနေဖြင့် PDF အမည်ခံများအပါအဝင် အဖွဲ့အစည်းအမျိုးမျိုး အမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့များအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာရန် အစဉ်အမြဲဖိတ်ခေါ်လျက်ရှိသည်။ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့ဝင်များအနေဖြင့်လည်း နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ယုံကြည်လက်ခံနားလည်သဘောပေါက်ပြီး ဥပဒေဘောင်အတွင်းသို့ တဖွဲဖွဲဝင်ရောက်လျက်ရှိရာ လိုအပ်သည့် ကူညီပံ့ပိုးမှုများကို ဆောင်ရွက်ပေးလျက်ရှိသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တပို့တွဲလကွယ်နေ့ ၊ ဖေဖော်ဝါရီ ၁၅ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Feb 15, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၃ ရက် ၊ ဖေဖော်ဝါရီ ၁၄ ရက်၊ စ​နေနေ့။


Posted on Feb 14, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၂ ရက် ၊ ဖေဖော်ဝါရီ ၁၃ ရက်၊ သောကြာနေ့။


Posted on Feb 13, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၁ ရက် ၊ ဖေဖော်ဝါရီ ၁၂ ရက်၊ ကြာသပတေးနေ့။


Posted on Feb 12, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၀ ရက် ၊ ဖေဖော်ဝါရီ ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Feb 11, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၉ ရက် ၊ ဖေဖော်ဝါရီ ၁၀ ရက်၊ အင်္ဂါနေ့။


Posted on Feb 10, 2026

အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များသို့ အသိပေးကြေညာချက်


Ministry of Information/ Naypyitaw / October 11, 2024
image_latest


၁။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုနှင့်အညီ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေပုဒ်မ ၂၀ (ဂ) တွင် သတ်မှတ်ပြဋ္ဌာန်းချက်အရ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေကို နိုင်ငံတော်၏ မတည်ထောက်ပံ့ငွေဖြင့် ထူထောင်ထားရှိပြီး အဆိုပါရန်ပုံငွေမှ ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွား ရေးလုပ်ငန်းများသို့ သက်သာသောအတိုးနှုန်းဖြင့် မြန်မာ့စီးပွားရေးဘဏ်မှတစ်ဆင့် ချေးငွေများထုတ်ချေးပေးလျက်ရှိပါသည်။

၂။ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေမှ ထုတ်ချေးသော ချေးငွေကို ရယူလိုသူ MSME လုပ်ငန်းရှင်များ ချေးငွေရယူမှု ပိုမိုအဆင်ပြေစေရန်အတွက် မြန်မာ့စီးပွားရေးဘဏ်အပြင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် ပုဂ္ဂလိကဘဏ် ၁၅ ဘဏ်တွင်လည်း ချေးငွေများ လျှောက်ထားနိုင်ပြီ ဖြစ်ပါသည်-

(က) မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊

() ကမ္ဘာ့ရတနာဘဏ်လီမိတက်၊

() ရွှေ (ကျေးလက်နှင့်မြို့ပြ) ဖွံ့ဖြိုးတိုးတက်ရေးဘဏ်လီမိတက်၊

(ဃ) ပထမပုဂ္ဂလိကဘဏ်လီမိတက်၊

() ကမ္ဘောဇဘဏ်လီမိတက်၊

(    ) အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေး ဘဏ်လီမိတက်၊

(ဆ) မြန်မာ့အရှေ့တိုင်းဘဏ်လီမိတက်၊

() မြန်မာ့ခရီးသွားဘဏ်လီမိတက်၊

() မြန်မာနိုင်ငံသားများဘဏ်လီမိတက်၊

(ည) သမဝါယမဘဏ်လီမိတက်၊

() မြန်မာ့ရှေ့ဆောင်ဘဏ်လီမိတက်၊

() မြန်မာမက်ထရိုဘဏ်လီမိတက်၊

() ဧရာဝတီဘဏ်လီမိတက်၊

() သတ္ထုဖွံ့ဖြိုးရေးဘဏ်၊

(ဏ) ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက် အအုံ ဖွံ့ဖြိုးရေးဘဏ်၊

(တ) ဧရာဝတီတောင်သူလယ်သမားများ ဖွံ့ဖြိုးရေး ဘဏ်လီမိတက်၊

၃။ သို့ဖြစ်ပါ၍ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ချေးငွေလျှောက်ထားရာတွင် ပြည်ထောင်စုနယ်မြေ/ တိုင်းဒေသကြီး၊ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီရုံးခွဲများမှတစ်ဆင့် လျှောက်ထားနိုင်ပြီး နီးစပ်ရာ MSME အေဂျင်စီရုံးခွဲများသို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့