၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း
Latest News - 82421 items
Ministry of Transport and Communications / Posted on October 12, 2024
နေ့စဉ်မိုးလေဝသသတင်း (ည ၇ နာရီ) ထုတ်ပြန်ချက်
Ministry of Transport and Communications / Posted on October 12, 2024
နေ့စဉ်မိုးလေဝသသတင်း (ညနေ ၄ နာရီ) ထုတ်ပြန်ချက်
Kayin State Government / Posted on October 12, 2024
ကော့ကျိုက်(ဖအွံ)ကျေးရွာအုပ်စု၌အောင်သုခ စာကြည့်တိုက်သစ်ဖွင့်လှစ်
Ministry of Home Affairs / Posted on October 12, 2024
In order to cause injuries to both peaceable civilians and administrative authorities .....
Ministry of Home Affairs / Posted on October 12, 2024
In some townships across States and Regions, so-called PDF terrorists motivated by a radical ideology that views .....
Ministry of Transport and Communications / Posted on October 12, 2024
နေ့စဉ်မိုးလေဝသသတင်း (မွန်းလွဲ ၂ နာရီ) ထုတ်ပြန်ချက်
၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၈ ရက် ၊ အောက်တိုဘာ ၁၀ ရက်၊ ကြာသပတေးနေ့။
Posted on Oct 10, 2024
၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၇ ရက် ၊ အောက်တိုဘာ ၉ ရက်၊ ဗုဒ္ဓဟူးနေ့။
Posted on Oct 09, 2024
၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း
Ministry of Immigration & Population/ location / October 01, 2024
၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို (၁-၁၀-၂၀၂၄) ရက်နေ့မှ (၁၅-၁၀-၂၀၂၄) ရက်နေ့အထိ ကောက်ယူမည်ဖြစ်ပြီး သန်းခေါင်စာရင်းရည်ညွှန်းချိန် (၃၀-၉-၂၀၂၄) ရက်နေ့ ညသန်းခေါင်ယံတွင် မိမိတို့နေအိမ်တွင် ညအိပ် နေထိုင်ခဲ့သူများကို စာရင်းကောက်ယူမည်ဖြစ်ပါသည်။ သန်းခေါင်စာရင်းကောက်ယူရာတွင် မေးမြန်းမည့် အကြောင်းအရာများမှာ လူဦးရေဆိုင်ရာ အချက်အလက်များ၊ ပြည်တွင်းရွှေ့ပြောင်းသွားလာခြင်း၊ ပညာရေး၊ လုပ်သားအင်အား၊ မွေးဖွားမှု၊ မသန်စွမ်းမှု၊ ပြည်ပရွှေ့ပြောင်းသွားလာခြင်း၊ အိမ်အကြောင်းအရာ၊ သေဆုံးမှုနှင့် ကိုယ်ဝန်ဆောင်မိခင်သေဆုံးမှုတို့ဖြစ်ပါသည်။ သန်းခေါင်စာရင်းကောက်ယူရမည့်သူများမှာ မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းနေထိုင်သူအားလုံး (သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများ၊ မွေးကင်းစကလေးများအပါအဝင်)၊ နိုင်ငံခြားရှိ မြန်မာသံရုံး၊ ကောင်စစ်ဝန်ရုံးတို့တွင် တာဝန်ထမ်းဆောင်နေသော မြန်မာနိုင်ငံသားများ၊ မြန်မာနိုင်ငံတွင်းရောက်ရှိနေသော နိုင်ငံခြားသားများ (နိုင်ငံခြားသံတမန်များနှင့် ၎င်းတို့၏ မိသားစုများမှအပ) နှင့် သန်းခေါင်စာရင်းရည်ညွှန်းချိန်နောက်ပိုင်းတွင် သေဆုံးသူများ (ရည်ညွှန်းချိန်တွင် အသက်ရှင်နေသူများ) ဖြစ်ပါသည်။ စာရင်းမကောက်ယူရမည့်သူများမှာ သန်းခေါင်စာရင်း ရည်ညွှန်းချိန် ကျော်လွန်ပြီးမှ မွေးဖွားသောကလေးများ၊ မြန်မာနိုင်ငံ အခြေစိုက်သံရုံးများနှင့် ကောင်စစ်ဝန်ရုံးများတွင် တာဝန်ထမ်းဆောင်နေသော နိုင်ငံခြားသားနှင့် မိသားစုဝင်များဖြစ်ပါသည်။ သန်းခေါင်စာရင်းဥပဒေအရ သန်းခေါင်စာရင်း ကောက်ယူထားသော အချက်အလက်များနှင့် စပ်လျဉ်းသည့် စာရွက်စာတမ်း နှင့် စာအုပ်များကို သန်းခေါင်စာရင်းကောက်ယူရန် တာဝန်ရှိသူမှ အပ မည်သူမျှစစ်ဆေးခြင်း သို့မဟုတ် ကူးယူသိမ်းဆည်းခြင်း မပြုရပါ။ သက်ဆိုင်ရာတာဝန်ရှိအဖွဲ့၊ စာရင်းစစ်များနှင့် စာရင်းကောက်များက သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်း အတွက် အဆောက်အအုံအတွင်းသို့ သတ်မှတ်ချိန်အတွင်းဝင်ရောက်ခြင်းနှင့် အဆောက်အအုံများတွင် လိုအပ်သည့် အမှတ်အသားများပြုလုပ်ခြင်းကို မည်သူမျှ နှောင့်ယှက်ခြင်း သို့မဟုတ် ဟန့်တားခြင်းမပြုရပါ။ မေးမြန်းသော မေးခွန်းများ ဖြေဆိုရန်နှင့် သတ်မှတ်ထားသော မေးခွန်းပုံစံတွင် ဖြည့်သွင်းရန် ငြင်းဆိုခြင်း၊ သိလျက်နှင့် မှားယွင်းစွာဖြေဆိုခြင်း သို့မဟုတ် မှားယွင်းစွာ ဖြည့်သွင်းခြင်းမပြုရပါ။ သန်းခေါင်စာရင်း ကောက်ယူသည့်အခါ မမှန်မကန်ဖြေဆိုစေရန် မေးခွန်းဖြေဆိုမည့်သူအား တိုက်တွန်းခြင်း၊ ခြိမ်းခြောက်ခြင်း သို့မဟုတ် သွေးဆောင်ဖြားယောင်းခြင်း မပြုရပါ။ သန်းခေါင်စာရင်းမှ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းသူပြည်သားများ၏ လူမှု စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် ဆန်းစစ်အသုံးပြုနိုင်မည့် မရှိမဖြစ် လိုအပ်သော တန်ဖိုးရှိသည့်အချက်အလက်များကို ဖော်ထုတ်ရရှိ နိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းတွင် အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြပါရန် လေးစားစွာ နှိုးဆော်အပ်ပါသည်။
ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့။