CrowdStrike Falcon Update နှင့်ပတ်သက်သည့် သတိပေးကြေညာချက်
Latest News - 93950 items
Ministry of Hotel & Tourism / Posted on July 11, 2025

Office of the Auditor General of the Union / Posted on July 11, 2025

Ministry of Transport and Communications / Posted on July 11, 2025
Myanmar Daily Weather Report

Ministry of Transport and Communications / Posted on July 11, 2025
နေ့စဉ်မြစ်ရေခန့်မှန်းချက်

Ministry of Information / Posted on July 11, 2025
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးငလျင် ကြီးနှင့် နောက်ဆက်တွဲငလျင် ဒဏ်များကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ ဝန်ထမ်းအိမ်ရာအဆောက်အအုံများတွင် သက်ဆိုင်ရာဌာနများမှ ကျွမ်းကျင်ပညာရှင်များက စစ်ဆေးအတည်ပြုပြီး အပြာရောင်အဆင့် သတ်မှတ်ထားသည့် ဝန်ထမ်းအိမ်ရာ အဆောက်အအုံများ၌ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ ပြန်လည်ပြောင်းရွှေ့ နေထိုင်နေမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

Ministry of Information / Posted on July 11, 2025
နိုင်ငံတကာဘဏ္ဍာရေး အစီရင်ခံခြင်းစံများ ဒီပလိုမာသင်တန်းအမှတ်စဉ်(၂)အပိုင်း(၁) (Diploma in IFRS ၊ Batch-2 ၊ Level-I) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပသည်။
CrowdStrike Falcon Update နှင့်ပတ်သက်သည့် သတိပေးကြေညာချက်
Ministry of Transport and Communications/ Naypyitaw / July 19, 2024
၁။ မကြာသေးခင်က ထွက်ရှိခဲ့သော CrowdStrike Falcon Sensor ၏ Update ကြောင့် နိုင်ငံတကာရှိ ထောင်နှင့်ချီသော Windows စနစ်သုံးကွန်ပျူတာများသည် စက်ဖွင့်ချိန်တွင် Blue Screen of Death (BSOD) Error ဖြစ်ပွားလျက်ရှိပြီး နိုင်ငံတကာရှိ CrowdStrike Falcon ဆော့ဖ်ဝဲလ် အသုံးပြုသော ဘဏ်များ၊ လေကြောင်းလိုင်းများ၊ ရုပ်သံထုတ်လွှင့်ရေးနှင့် အရေးပေါ်ဝန်ဆောင်မှုအချို့တွင် လုပ်ငန်းဆောင်တာ ရပ်ဆိုင်းမှုများ ဖြစ်ပေါ်လျက်ရှိပါသည်။
၂။ CrowdStrike အနေဖြင့် အဆိုပါပြဿနာအား ဖြေရှင်းနိုင်ရန် Patch ဖိုင်ကို ထုတ်ပေးပြီး ဖြစ်သော်လည်း Windows ကို ပုံမှန်အတိုင်း ဝင်ရောက်နိုင်ခြင်း မရှိသေးသောကြောင့် IT Administrator များအနေဖြင့် BSOD Error အား ဖြေရှင်းနိုင်ရန်အတွက် အောက်ပါအတိုင်း ဆောင်ရွက်ရန် အကြံပြုအပ်ပါသည်-
(က) Windows အား Safe Mode သို့မဟုတ် Windows Recovery Environment အနေအထားဖြင့် Boot ပြုလုပ်ရမည်။ (Hirens Boot CD ဖြင့်လည်း Boot ပြုလုပ်နိုင်ပါသည်။)
(ခ) Windows တက်လာသော် C:\Windows\System32\drivers\CrowdStrike Folder ရှိရာသို့ သွားပါ။
(ဂ) ထို့နောက် CrowdStrike Folder အောက်တွင် C-00000291*.sys ဟု ရှာပြီး ကိုက်ညီသော ဖိုင်များအားလုံးကို ဖျက်ပစ်ပါ။
(ဃ) ဖိုင်များအား ဖျက်ပြီးသောအခါ Windows အား ပုံမှန်အတိုင်း Reboot ပြုလုပ်ပါ။
၃။ အထက်ပါအကြံပြုချက်များသည် ဗိုင်းရပ်စ်နှိမ်နှင်းရေးပရိုဂရမ်ဖြစ်သည့် CrowdStrike Falcon ကို သုံးစွဲသူများအတွက်သာဖြစ်ပြီး အခြားသော ဗိုင်းရပ်စ်နှိမ်နှင်ရေးပရိုဂရမ် သုံးစွဲသူများအနေဖြင့် အကြံပြုချက်များအား လုပ်ဆောင်ရန် မလိုအပ်ပါကြောင်း သတိပေးကြေညာအပ်ပါသည်။
သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန