CrowdStrike Falcon Update နှင့်ပတ်သက်သည့် သတိပေးကြေညာချက်
Latest News - 90156 items

Ministry of Transport and Communications / Posted on April 26, 2025
နေ့စဉ်မိုးလေဝသသတင်း (ညနေ ၄ နာရီ) ထုတ်ပြန်ချက်

Ministry of Transport and Communications / Posted on April 26, 2025
နေ့စဉ်မိုးလေဝသသတင်း (မွန်းလွဲ ၂ နာရီ) ထုတ်ပြန်ချက်

Ministry of Transport and Communications / Posted on April 26, 2025
နေ့စဉ်မြစ်ရေခန့်မှန်းချက်

Ministry of Information / Posted on April 26, 2025
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ရန်ကင်းပရိယတ္တိစာသင်တိုက်နှင့် ရွှေတောင်ဦး တိပိဋက ဓမ္မပါလ မဟာဝိဟာရကျောင်းတိုက်ကြီးတို့၏ ပဓာန နာယကဆရာတော် ဘဒ္ဒန္တပညာဝံသ ဒွိပိဋကဓရ၊ ဒွိပိဋကကောဝိဒ၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဒမ္မဇောတိကဓဇ၊ ဓမ္မစကူလ်းဖောင်ဒေးရှင်း(ဗဟို)ဥက္ကဌ၊ သက်တော်(၇၂)နှစ်၊ သိက္ခာတော် (၅၂)ဝါ၏
Ministry of Information / Posted on April 26, 2025
တနင်္သာရီတိုင်းဒေသကြီးမြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ (၄/၂၀၂၅) ကြိမ်မြောက်နှင့် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့(၄ /၂၀၂၅)ကြိမ်မြောက်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီ က ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

Ministry of Information / Posted on April 26, 2025
တပ်မတော်တွင် နဝမအကြိမ်မြောက် အသည်းအစားထိုးခွဲစိတ်ကုသမှု (ပထမနေ့) ကို ယနေ့တွင် မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးရုံကြီး (ခုတင်- ၁၀၀၀) အထူးကုသမှုစင်တာ၌ ပြုလုပ်ရာ အဆိုပါ အသည်းအစားထိုးခွဲစိတ်ကုသမှုကို တပ်မတော်မှ အသည်းအစားထိုးခွဲစိတ်ကုသမှုအဖွဲ့နှင့် အိန္ဒိယနိုင်ငံမှ အသည်းအစားထိုးခွဲစိတ်ကုသမှုအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပြီး လူနာဖြစ်သူ ဒေါ်ခင်ဦးကြည်နှင့် အသည်းအလှူရှင် ဒေါ်မျိုးမျိုးမြတ်တို့ကို ခွဲစိတ်ကုသခြင်းဖြစ်သည်။
CrowdStrike Falcon Update နှင့်ပတ်သက်သည့် သတိပေးကြေညာချက်
Ministry of Transport and Communications/ Naypyitaw / July 19, 2024
၁။ မကြာသေးခင်က ထွက်ရှိခဲ့သော CrowdStrike Falcon Sensor ၏ Update ကြောင့် နိုင်ငံတကာရှိ ထောင်နှင့်ချီသော Windows စနစ်သုံးကွန်ပျူတာများသည် စက်ဖွင့်ချိန်တွင် Blue Screen of Death (BSOD) Error ဖြစ်ပွားလျက်ရှိပြီး နိုင်ငံတကာရှိ CrowdStrike Falcon ဆော့ဖ်ဝဲလ် အသုံးပြုသော ဘဏ်များ၊ လေကြောင်းလိုင်းများ၊ ရုပ်သံထုတ်လွှင့်ရေးနှင့် အရေးပေါ်ဝန်ဆောင်မှုအချို့တွင် လုပ်ငန်းဆောင်တာ ရပ်ဆိုင်းမှုများ ဖြစ်ပေါ်လျက်ရှိပါသည်။
၂။ CrowdStrike အနေဖြင့် အဆိုပါပြဿနာအား ဖြေရှင်းနိုင်ရန် Patch ဖိုင်ကို ထုတ်ပေးပြီး ဖြစ်သော်လည်း Windows ကို ပုံမှန်အတိုင်း ဝင်ရောက်နိုင်ခြင်း မရှိသေးသောကြောင့် IT Administrator များအနေဖြင့် BSOD Error အား ဖြေရှင်းနိုင်ရန်အတွက် အောက်ပါအတိုင်း ဆောင်ရွက်ရန် အကြံပြုအပ်ပါသည်-
(က) Windows အား Safe Mode သို့မဟုတ် Windows Recovery Environment အနေအထားဖြင့် Boot ပြုလုပ်ရမည်။ (Hirens Boot CD ဖြင့်လည်း Boot ပြုလုပ်နိုင်ပါသည်။)
(ခ) Windows တက်လာသော် C:\Windows\System32\drivers\CrowdStrike Folder ရှိရာသို့ သွားပါ။
(ဂ) ထို့နောက် CrowdStrike Folder အောက်တွင် C-00000291*.sys ဟု ရှာပြီး ကိုက်ညီသော ဖိုင်များအားလုံးကို ဖျက်ပစ်ပါ။
(ဃ) ဖိုင်များအား ဖျက်ပြီးသောအခါ Windows အား ပုံမှန်အတိုင်း Reboot ပြုလုပ်ပါ။
၃။ အထက်ပါအကြံပြုချက်များသည် ဗိုင်းရပ်စ်နှိမ်နှင်းရေးပရိုဂရမ်ဖြစ်သည့် CrowdStrike Falcon ကို သုံးစွဲသူများအတွက်သာဖြစ်ပြီး အခြားသော ဗိုင်းရပ်စ်နှိမ်နှင်ရေးပရိုဂရမ် သုံးစွဲသူများအနေဖြင့် အကြံပြုချက်များအား လုပ်ဆောင်ရန် မလိုအပ်ပါကြောင်း သတိပေးကြေညာအပ်ပါသည်။
သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန