ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ တောင်သူလယ်သမားနေ့အခမ်းအနားသို့ ပေးပို့သောသဝဏ်လွှာ


Ministry of Information/ Naypyitaw / March 02, 2021


၂၀၂၁ ခုနှစ်၊ မတ်လ ၂ ရက် ချစ်ခင်လေးစားရပါသော တောင်သူလယ်သမားကြီးများခင်ဗျား- ယနေ့အချိန်အခါသမယသည် နိုင်ငံတော်တစ်ဝန်းလုံးရှိ တောင်သူလယ်သမားများအား အထူး အလေးအနက် ဂုဏ်ပြုသတ်မှတ်ထားသော သမိုင်းဝင်နေ့ထူးနေ့မြတ်ကြီး ဖြစ်ပါသည်။ ဤရက်မြတ် အချိန်အခါကာလတွင် နိုင်ငံတော်တစ်ဝန်းလုံးရှိ တောင်သူလယ်သမားများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပြီး ကောင်းကျိုးမင်္ဂလာအဖြာဖြာတို့နှင့် ပြည့်စုံကြပါစေကြောင်းနှင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ဆတက်ထမ်းပိုး တိုးတက်အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါသည်။ လယ်ယာကဏ္ဍ၏ စိုက်ပျိုးမွေးမြူထုတ်လုပ်မှုလုပ်ငန်းစဉ်များသည် စားနပ်ရိက္ခာထုတ်လုပ်မှုအတွက် သာမကကျေးလက်နေပြည်သူသန်းပေါင်းများစွာ၏ အသက်မွေးဝမ်းကျောင်းမှုအတွက် အဓိကကျောရိုး လုပ်ငန်းကြီးဖြစ်ပါသည်။ ထို့အပြင် နိုင်ငံ၏ စီးပွားရေး၊ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်အခြေအနေများ တိုးတက်ပြောင်းလဲမှုပုံသဏ္ဌာန်ကို ဖော်ဆောင်လျက်ရှိသည့်အတွက် လယ်ယာစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံ၏ပဓာနကျသည့် တာဝန်တစ်ရပ်အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ ပြည်သူများ၏ နေ့စဉ်စားနပ်ရိက္ခာဖူလုံရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ထွက်လာစေရန်၊ ပြည်ပတင်ပို့မှုမှ နိုင်ငံခြားဝင်ငွေရရှိစေရန် အပင်ပန်းခံကြိုးပမ်းစိုက်ပျိုးထုတ်လုပ်ပေးကြသည့် နိုင်ငံ၏ထမင်းရှင်၊ ကျေးဇူးရှင်ကြီးများဖြစ်ကြသော တောင်သူလယ်သမားကြီးများအား နိုင်ငံတော်အစိုးရအနေဖြင့် ပြဋ္ဌာန်း ထားသည့် တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် ရှေ့ဖုံးမှ အကျိုးစီးပွားမြှင့်တင်ရေးဥပဒေနှင့်အညီ ပံ့ပိုးကူညီထောက်ပံ့မှုများကို ထိရောက်အောင် ဆောင်ရွက်ပေးလျက်ရှိပါသည်။ သဘာဝဘေး အန္တရာယ်ကြောင့် ထိခိုက်ပျက်စီးသည့် စိုက်ပျိုးသီးနှံများအတွက် တောင်သူလယ်သမားများအား အရေးပေါ် ရန်ပုံငွေမှ ထောက်ပံ့ကြေး များကို ကျပ်၂၃ ဒသမ ၆၈ ဘီလီယံထုတ်ပေးခဲ့ပြီးဖြစ်ပါသည်။ ထို့အပြင် တောင်သူလယ်သမားများဈေးကွက်တွင် မျှတသည့်ဈေးနှုန်းရရှိနိုင်ရန် အခြေခံရည်ညွှန်း စပါးဈေးနှုန်း ထုတ်ပြန်သတ်မှတ်ခြင်းကို၂၀၁၇-၂၀၁၈ ခုနှစ်မှ စတင်ဆောင်ရွက်ပေးခဲ့ပါသည်။ ယင်းစနစ်ကို ပိုမိုထိရောက် ကျယ်ပြန့်စွာ တိုးချဲ့ဆောင်ရွက်ရေးအပြင် တစ်ဖက်တွင်လည်း တောင်သူလယ်သမားများအတွက် သွင်းအားစုရရှိရေးနှင့် ဈေးကွက် သေချာစေမည့် အကျိုးတူကန်ထရိုက်လယ်ယာစနစ် ကျယ်ကျယ် ပြန့်ပြန့် ပေါ်ပေါက်လာနိုင်ရေးအတွက် တွန်းအားပေးလျက်ရှိပြီး ယင်းစနစ်အား တစ်ပြေးညီကျင့်သုံးနိုင်မည့် လုပ်ထုံးလုပ်နည်းကို ချမှတ်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။ ချစ်ခင်လေးစားရပါသော တောင်သူလယ်သမားကြီးများခင်ဗျား- လယ်ယာကဏ္ဍကြီးအနေဖြင့် အရည်အသွေးကောင်း သီးနှံ၊ အသားနှင့် ငါးများ ထုတ်လုပ်နိုင်ရေးအတွက် မျိုးကောင်းမျိုးသန့်များ အသုံးပြုနိုင်ရေး၊ စိုက်ပျိုးရေရရှိရေး၊ ဒေသရေမြေနှင့်လျော်ညီသည့် သီးနှံ၊ သားငါးများ စိုက်ပျိုးမွေးမြူ ထုတ်လုပ်နိုင်မည့်ခေတ်မီ နည်းပညာ ဖြန့်ဖြူးရေး၊ ခေတ်မီလယ်ယာသုံးစက်ကိရိယာများ ကျယ်ကျယ် ပြန့်ပြန့် အသုံးပြုနိုင်ရေး၊ ပိုးမွှားရောဂါကျရောက်ကူးစက်မှုများ ကာကွယ်ထိန်းချုပ်ရေး၊ လယ်ယာ သားငါး ကုန်စည်များ ပြည်တွင်း/ ပြည်ပဈေးကွက်များသို့ ချောမွေ့စွာ ကူးသန်းရောင်းဝယ်နိုင်ရေး စသည့်လုပ်ငန်းများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးက ပူးပေါင်း ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိပါသည်။ လယ်ယာကဏ္ဍကြီးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကတာဝန် ရှိသည့်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် တောင်သူလယ်သမားကြီးများ ဈေးကောင်းရမည့် အရည်အသွေးကောင်း သီးနှံများ၊ မွေးမြူရေးတိရစ္ဆာန်များ၊ ရေသတ္တဝါများ၊ စိုက်ပျိုး၊ မွေးမြူ ထုတ်လုပ်နိုင်ရန် မျိုးကောင်းမျိုးသန့်များ ဖြန့်ဖြူးပေးခြင်းနှင့် နည်းပညာပေးခြင်းများအပြင် စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်း(GAP)၊ ကောင်းမွန်သော တိရစ္ဆာန်မွေးမြူရေးကျင့်စဉ် (GAHP)၊ ကောင်းမွန်သောရေသတ္တဝါမွေးမြူရေးကျင့်စဉ် (GAqP)တို့ကို miệm:6973 603@gm&st Myanmar's GAP Protocol and Guidelineများ ထုတ်ပြန်ခြင်းတို့ကိုတိုးချဲ့ ဆောင်ရွက်လျက်ရှိပါသည်။ ချစ်ခင်လေးစားအပ်ပါသော တောင်သူလယ်သမားကြီးများခင်ဗျား- လက်ရှိကာလတွင် ရာသီဥတုပြောင်းလဲမှုကြောင့် မိုးခေါင်ခြင်း၊ ရေကြီးခြင်း၊ မိုးသီးကြွေခြင်း၊ တောမီးလောင်ခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်း၊ မြေပြိုခြင်း အစရှိသည့် သဘာဝဘေး အန္တရာယ်ကျရောက်မှု အမျိုးမျိုးကြောင့် တောင်သူလယ်သမားအများစု၏ လူမှုစီးပွားဘဝကို ထိခိုက်မှုများရှိနေပါသည်။ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (၂၀၁၈-၂၀၃၀) တွင် တစ်ခုအပါအဝင်ဖြစ်သည့် နိုင်ငံတော်၏အနာဂတ် မျိုးဆက်များ အတွက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုလျှော့ချရေးလုပ်ငန်းများကို သက်ဆိုင်ရာကဏ္ဍ အသီးသီးမှ ပေါင်းစပ်ဆောင်ရွက်လျက်ရှိပါသည်။ တစ်ဖက်မှလည်း သစ်တောပြုန်းတီးမှုကာကွယ်ထိန်းသိမ်းခြင်းနှင့် မြေဆီလွှာအဆင့် အတန်းနိမ့်ကျမှု လျော့နည်းစေရေးအတွက် မြေဆီလွှာထိန်းသိမ်းမှု လုပ်ငန်းများ ဆောင်ရွက်ရမည့်အပြင် ရေရှည်စိုက်ပျိုးနိုင်ပြီး မြေဆီလွှာ အရည်အသွေး တိုးတက်မြင့်မားလာစေမည့် သီးနှံစိုက်ပျိုးနည်းစနစ်များကိုလည်း ပြောင်းလဲကျင့်သုံးသွားရမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံတစ်ဝန်းတွင် လက်ရှိအားဖြင့် အသားတင်စိုက်ပျိုး မြေဧက (၂၉.၅၉)သန်း ဖြစ်သော်လည်း ယင်းမြေပေါ်တွင် တောင်သူ လယ်သမားကြီးများက ရာသီအလိုက် သီးထပ်၊ သီးညှပ်များလည်း စိုက်ပျိုးလျက်ရှိသဖြင့် နှစ်စဉ်သီးနှံစိုက်ပျိုးဧက စုစုပေါင်းမှာ ဧက (၄၈)သန်းကျော်ဖြစ်ပါသည်။ တိုးတက်လာသော နိုင်ငံ့လူဦးရေ၏ နေ့စဉ် စားနပ်ရိက္ခာဖူလုံရန်အတွက် တောင်သူလယ်သမားကြီးများက စိုက်ပျိုးမြေများကို စနစ်တကျပြုပြင်ပြီး ရာသီအလိုက် အရည် အသွေးကောင်း၊ အထွက်နှုန်းကောင်းသီးနှံမျိုးများကို စိုက်ပျိုးခြင်းဖြင့် သီးနှံအထွက်နှုန်း မြင့်မားလာစေမည်ဖြစ်ပါသည်။ ထို့အပြင် မြေယာ အသုံးချမှုတွင် တိရစ္ဆာန်မွေးမြူရေးနှင့် ငါးမွေးမြူရေးလုပ်ငန်းများ ထိရောက်အကျိုးရှိစွာ ဆောင်ရွက်နိုင်ရေးအတွက်လည်း အားပေး ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ သို့မှသာ မိသားစုဝင်ငွေကိုတိုးတက် စေသည့်အပြင် နိုင်ငံအတွက် စားနပ်ရိက္ခာကို ဖူလုံပိုလျှံစေမည်ဖြစ် သဖြင့် စိုက်ပျိုးမြေများကို အကျိုးရှိထိရောက်စွာ အသုံးပြုကြပါရန် တိုက်တွန်းအပ်ပါသည်။ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်ကြောင့် ယခုရာစုနှစ်အတွင်း မှာပင် ကမ္ဘာတစ်ဝန်း စိုက်ပျိုးထုတ်လုပ်မှုကျဆင်းလာနိုင်မည်ဟု ခန့်မှန်းထားရာ ပြောင်းလဲလာသည့် ရာသီဥတုနှင့်အညီ လိုက်လျော ညီထွေရှိမည့် သီးနှံအမျိုးအစား၊ သီးနှံပုံစံ၊ စိုက်ပျိုးနည်းစနစ် စသည် တို့ကို ပြောင်းလဲစိုက်ပျိုးနိုင်မည့်အစီအမံများကို ရေတိုရေရှည်စီမံချက် များချမှတ်၍ သက်ဆိုင်ရာ ဌာနများနှင့် ပြည်တွင်းပြည်ပအဖွဲ့အစည်း များ ပူးပေါင်းပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ ရာသီဥတုပြောင်းလဲမှုကြောင့် သဘာဝဘေးအန္တရာယ်ကြီးများ ကြုံတွေ့ပါက စားနပ်ရိက္ခာမလုံလောက်မှုအန္တရာယ်မှ ကျော်လွှားနိုင်ရေးနှင့် ရင်ဆိုင်တုံ့ပြန်နိုင်စွမ်း အားကောင်းရေးတို့ကို နိုင်ငံတိုင်း အလေးထား ဆောင်ရွက်လျက်ရှိသည့်နည်းတူ မြန်မာနိုင်ငံတွင်လည်း အစိုးရနှင့် ပုဂ္ဂလိက ညီညွတ်စွာပူးပေါင်း၍ အရန်မျိုးစေ့များစုဆောင်းထားရှိခြင်း၊ ကြိုတင်ပြင်ဆင်မှုများပြုလုပ်ခြင်း၊ သီးနှံပျက်စီး ဧရိယာများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို အားပေး ကူညီလျက်ရှိပါသည်။ သီးနှံစိုက်ပျိုးထုတ်လုပ်မှုစွမ်းအားတိုးတက်ရေးတွင် အဓိက လိုအပ်ချက်ဖြစ်သည့် စိုက်ပျိုးရေရရှိရေးအတွက် နှစ်စဉ်မိုးစပါး၊ နွေစပါးနှင့် အခြားသီးနှံ ဧက (၂၄)သိန်းခန့်ကို တည်ဆောက်ပြီး ဆည်တမံနှင့် အခြားရေရရှိရေးလုပ်ငန်းများမှ စိုက်ပျိုးရေပေးဝေမှု ဆောင်ရွက်လျက် ရှိသကဲ့သို့ သဘာဝဘေးအန္တရာယ်ကြောင့် ရေကြီးနစ်မြုပ်မှုလျော့ပါးရေး အတွက် နိုင်ငံတစ်ဝန်းတွင် ချောင်းကော၊ မြောင်းကောနှင့် ရေနုတ်မြောင်းများ တူးဖော်ခြင်း လုပ်ငန်းပေါင်း (၄၅၁၉)ခုကို ဆောင်ရွက်ပေး နိုင်ခြင်းဖြင့် လယ်မြေဧက (၃)သန်းကို ကာကွယ်ပေးနိုင်ခဲ့ပါသည်။ ကုန်ဆုံးခဲ့သည့်နှစ်များအတွင်း မုတ်သုံမိုးရွာသွန်းရက်နှင့် မိုးရေချိန် နည်းပါးလာခြင်းကြောင့် နိုင်ငံတစ်ဝန်းတွင် မိုးရေရရှိမှုလျော့နည်းလျက် ရှိသဖြင့် တည်ဆောက်ပြီး ရေလှောင်တမံများ၏ ရေသိုလှောင်မှုပမာဏ လျော့ကျလျက်ရှိပါသည်။ သိုလှောင်ဖြန့်ဖြူးပေးလျက်ရှိသော ရေများ လေလွင့်ဆုံးရှုံးမှုမဖြစ်စေရေးအတွက် ဆည်ရေပေးမြောင်းများ ပြုပြင် တည်ဆောက်မှုအပြင်ရေပေးဝေမှုစနစ်များ ပိုမိုကောင်းမွန်ရန် လုပ်ဆောင် လျက်ရှိပါသည်။ ထို့အပြင် ရေကိုအလေအလွင့်လျော့ပါးပြီး ထိရောက်စွာ ခွဲဝေသုံးစွဲနိုင်ရန်တောင်သူလယ်သမားများကိုယ်တိုင်ပါဝင်စီမံဆောင်ရွက် နိုင်သော ရေအသုံးချသူအစုအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်စေလျက်ရှိရာ ပြည်နယ်/တိုင်းဒေသကြီး (၁၃)ခုတွင် အဖွဲ့ ပေါင်း(၈၁၈၈)ခုကို တောင်သူ လယ်သမား (၂၃၈၇၅၀) ဦးဖြင့် ဖွဲ့စည်းထားပြီးဖြစ်ပါသည်။ သို့ဖြစ်ရာ တောင်သူလယ်သမားကြီးများအနေဖြင့် ရေအသုံးချသူအစုအဖွဲ့များတွင် ကိုယ်တိုင်ပါဝင်ပြီး သီးနှံစိုက်ပျိုးမှုအတွက် ထိထိရောက်ရောက် အကျိုး ရှိစွာ အသုံးချကြရန်နှင့် လေလွင့်ဖြုန်းတီးမှုမဖြစ်စေရေး အလေးဂရုပြု ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းလိုပါသည်။ တစ်ဖက်တွင်လည်း ရေလိုအပ်မှုများပြားသည့် စပါးအခြေခံသီးနှံ ပုံစံများနေရာတွင် ဈေးကွက်ဝယ်လိုအားရှိသော တန်ဖိုးမြင့်သီးနှံများ စိုက်ပျိုးမှုပုံစံကို ပြောင်းလဲစိုက်ပျိုးရေးအတွက် ဦးစားပေးဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ကမ္ဘာတစ်ဝန်း ရာသီဥတုပြောင်းလဲမှုကြောင့် မိုးရေရရှိမှုနည်းပါးလာပြီး ဆည်ရေသိုလှောင်မှု ပုံမှန်ထက်လျော့နည်းသဖြင့် ရေကိုအကျိုးရှိရှိအသုံးချစေလိုပါသည်။ နိုင်ငံတော်မှလည်း ဒေသ လြာ အလိုက် သင့်လျော်သော သီးနှံစိုက်ပျိုးမှုပုံစံများကို စံပြကွက်များ တည်ထောင်ပြီး ပညာပေးလုပ်ငန်းများကို တိုးချဲ့ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ သို့မှသာ စိုက်ပျိုးမွေးမြူသူ တောင်သူလယ်သမားကြီး များအနေဖြင့် ဈေးကွက်ရရှိပြီး ဝင်ငွေမြင့်မားသော လယ်ယာစီးပွား လုပ်ငန်းများကို ရွေးချယ်ပြီး ပြောင်းလဲဆောင်ရွက်သွားနိုင်မည် ဖြစ်ပါသည်။ ချစ်ခင်လေးစားရပါသော တောင်သူလယ်သမားကြီးများခင်ဗျား- ယနေ့ အချိန်ကာလတွင် မြန်မာနိုင်ငံအနေဖြင့် ရာသီဥတု ပြောင်းလဲမှုအခြေအနေအရ သဘာဝဘေးအန္တရာယ်များ၊ ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ရောဂါ ကျရောက်မှုအခြေအနေများကို ရင်ဆိုင်နေရ လျက်ရှိပြီး နိုင်ငံနှင့် ပြည်သူပြည်သားများ၏ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးအခြေအနေများ ယုတ်လျော့မှု နည်းနိုင်သမျှ နည်းပါးအောင် စွမ်းဆောင်ကြိုးပမ်းလျက်ရှိပါသည်။ အထူးသဖြင့် ပြဋ္ဌာန်းထားပြီးဖြစ်သည့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေအရ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးလက်နေပြည်သူ များ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတို့ကို စဉ်ဆက်မပြတ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်၊ မြို့ပြနှင့် ကျေးလက်ဒေသ အကြား လူမှုစီးပွားအဆင့်အတန်းကွာဟချက်များ ကျဉ်းမြောင်း လာစေရန်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ရရှိနိုင်သော လူ့စွမ်းအားနှင့် ငွေကြေးအရင်းအနှီးများကို ပြည်သူများ ပူးပေါင်းပါဝင်မှုဖြင့် ထိရောက်အကျိုးရှိစွာ အသုံးချနိုင်ရန်၊ ကျေးလက်နေ ပြည်သူများ၏စွမ်းဆောင်ရည်တိုးတက်လာစေရေးနှင့် ဘေးအန္တရာယ်များ ကျရောက်လာပါက ကျေးလက်ဒေသများ၌ တုံ့ပြန်ကာကွယ် ဆောင်ရွက်နိုင်မှုအားကောင်းသော လူမှုအဖွဲ့ အစည်းများဖြစ်ပေါ် လာစေရေးတို့အတွက် ဆောင်ရွက်နိုင်ရန်နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ဒေသခံပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းကို အားပေးမြှင့်တင်ရန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း အသိပေးလိုပါသည်။ နိုင်ငံတစ်ဝန်းရှိ လုပ်ကွက်ငယ်တောင်သူလယ်သမားများ၏ စွမ်းအားကိုရယူပေါင်းစု၍ လယ်ယာထုတ်ကုန်သမဝါယမအသင်းအဖွဲ့များ ဖွဲ့စည်းထူထောင်ပြီး၊ မြေပြုပြင်မျိုးစေ့ချ စိုက်ပျိုးသည့်အဆင့်မှ ဈေးကွက်သို့တင်ပို့ရောင်းချသည့်အဆင့်ထိလုပ်ငန်းစဉ်အဆင့်အားလုံး တွင် ပွင့်လင်းမြင်သာမှုရှိစွာဖြင့် တောင်သူလယ်သမားများလည်း လက်တွေ့ပါဝင် လုပ်ဆောင်ခွင့်ရရှိပြီး အလုပ်အကိုင်အခွင့်အလမ်းနှင့် အကျိုးကျေးဇူးများ ခံစားခွင့်ရရှိရေးအတွက် သမဝါယမကဏ္ဍအနေဖြင့်လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ သို့ဖြစ်ပါ၍ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို စိတ်စေတနာ အပြည့်အဝဖြင့်ရိုးသားဖြူစင်စွာ ကြိုးစားဆောင်ရွက်ကြသည့် တောင်သူလယ်သမားတို့၏ ပေါင်းစည်းအင်အားဖြင့် လယ်ယာကဏ္ဍအပါအဝင် နိုင်ငံတော်၏အမျိုးသားလူမှုစီးပွားရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ကြရမည့် အချိန်အခါဖြစ်သည်နှင့် အညီ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တောင်သူ လယ်သမားများအပါအဝင် နိုင်ငံသားအားလုံး၏ရေရှည်အကျိုးစီးပွား အတွက်ရင်ဆိုင်ကြုံတွေ့ကြရမည့် စိန်ခေါ်မှုများ၊ အတားအဆီးများနှင့် အခက်အခဲမှန်သမျှတို့ကို ကျော်လွှားပြီး နိုင်ငံ၏အေးချမ်းသာယာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတူလက်တွဲကြိုးပမ်းပေးကြပါရန် အလေးအနက် တိုက်တွန်းအပ်ပါသည်။ (ပုံ) မင်းအောင်လှိုင် ဗိုလ်ချုပ်မှူးကြီး ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ