ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၈) လျှောက်ထားနိုင်ရေးအတွက် အသိပေးကြော်ငြာခြင်း၊


Ministry of Defense/ Naypyitaw / January 25, 2021


လျှောက်လွှာများကို မိမိတို့နှင့် နီးစပ်ရာတိုင်းစစ်ဌာနချုပ်များတွင် ၂၅-၁-၂၀၂၁ ရက်နေ့မှစ၍ အခမဲ့ထုတ်ယူနိုင်ပြီး ၂၀-၂-၂၀၂၁ ရက်နေ့ နောက်ဆုံးထား၍ လျှောက်လွှာများ အပ်နှံသွားရမည် ဖြစ်ပါသည်။ လျှောက်လွှာထုတ်ယူရာတွင် နိုင်ငံသားစိစစ်ရေးကဒ်(မူရင်း)၊ ဘွဲ့လက်မှတ်(မူရင်း)နှင့် ဘွဲ့ရအမှတ်စာရင်းများပါရှိရမည်။ အသေးစိတ်သိရှိလိုပါက ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ(၂၅/၂၆/၂၇)ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ၊ ကြေးမုံသတင်းစာ၊ မြဝတီသတင်းစာနှင့် ရတနာပုံသတင်းစာတို့တွင် ဖတ်ရှုလေ့လာနိုင်ပြီး ထပ်မံသိရှိလိုပါက စစ်ရာထူးခန့်ချုပ်ရုံး (ဖုန်း၊ ၀၃၆-၃၀၃၃၁ နှင့် ၀၃၆-၃၀၃၃၈)သို့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်။