မဟာဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပမည်


Ministry of Religious Affairs & Culture/ Naypyitaw / January 27, 2022
image


  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကျင်းပသည့် ၂၀၂၂ ခုနှစ်၊ ဓမ္မာစရိယစာမေးပွဲတွင် အောင်မြင်ခဲ့သော ဓမ္မာစရိယအထူးအောင် ၄ ပါး၊ ပါဠိဂုဏ်ထူးအောင် ၁ ပါး၊ မြန်မာဂုဏ်ထူးအောင် ၅ ပါး၊ ပါဠိပထမပြန် အထူးအောင် ၁၆ ပါး၊ နိကာယ်အထူးအောင် ၁၄ ပါး၊ မဟာဝိဒူအောင် ၆ ပါးတို့အား ဘွဲ့တံဆိပ်တော် များနှင့် အောင်လက်မှတ်များ ဆက်ကပ်လှူဒါန်းသည့် မဟာဘွဲ့နှင်းသဘင်အခမ်းအနားကို ၁၃၈၃ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၃ ရက်၊ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်၊ သောကြာနေ့၊ မွန်းတည့် ၁၂ နာရီတွင် မန္တလေးမြို့၊ မဟာအတုလဝေယန်(အတုမရှိ)ကျောင်းတော်ကြီး၌ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် ကျင်းပမည်ဖြစ်သည်။

  အဆိုပါမဟာဘွဲ့နှင်းသဘင်အခမ်းအနားသို့ အချိန်မီကြွရောက်ရန် သက်ဆိုင်ရာအထူးအောင် ပုဂ္ဂိုလ်များနှင့် ပင့်သံဃာတော်များကို ပင့်စာများ ပေးပို့ဆက်ကပ်ပင့်ဆောင်မည်ဖြစ်ပါသည်။ ပင့်စာများကို အချိန်မီမရရှိပါကလည်း ကြွရောက်တော်မူကြပါရန်နှင့် ၁၆-၂-၂၀၂၂ ရက်နေ့မှစ၍ ရုံးချိန်အတွင်း မန္တလေးမြို့၊ မဟာအတုလဝေယန်(အတုမရှိ)ကျောင်းတော်ကြီးသို့ ဆက်သွယ်သတင်းပေးပို့ကြပါရန် သာသနာရေးဦးစီးဌာနက ပင့်လျှောက်အပ်ပါသည်။

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန