အသိပေးကြေညာခြင်း


Naypyitaw Development Committee/ နေပြည်တော် / January 07, 2020


၁။-------ဒက္ခိဏသီရိမြို့ရှိ ပေ(၈၀×၈၀) မြေကွက်(၁၉၇)ကွက်ကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ နိုင်ငံသားမည်သူမဆို အဆင်ပြေစွာ ဝယ်ယူနိုင်ရေးအတွက် မြေကွက်(၁)ကွက် လျှင် မြေတန်ဖိုးငွေကျပ်(၂၅၀)သိန်းနှုန်းဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း (၁၈ - ၁၁ - ၂၀၁၉) ရက်နေ့နှင့် ( ၂၅ - ၁၁ - ၂၀၁၉)ရက်နေ့များတွင် နေ့စဉ်ထုတ် မြန်မာ့အလင်းသတင်းစာနှင့် ကြေးမုံသတင်းစာတို့တွင်လည်းကောင်း၊ နေပြည်တော်စည်ပင် သာယာရေးကော်မတီ၏ Website ဖြစ်သည့် www.nptdc.gov.mm နှင့် နေပြည်တော်စည်ပင်သာယာရေး ကော်မတီ Facebook Page ဖြစ်သည့် NPTDC Webportal တို့တွင်လည်းကောင်း အများပြည်သူများ သိရှိနိုင်ရန် ကြေညာခဲ့ရာ (၁-၁၂-၂၀၁၉)ရက်နေ့မှ (၃၀-၁၂-၂၀၁၉)ရက်နေ့အထိ မြေကွက်ဝယ်ယူခွင့် လျှောက်ထားသူပေါင်း (၃၂၇)ဦးရှိခဲ့ပါသည်။

၂။-------မြေကွက်ဝယ်ယူခွင့် လျှောက်ထားသူ(၃၂၇)ဦး၏ အမည်စာရင်းကို www.nptdc.gov.mm/customized/pdf/DKN(80x80)plots applicants.pdf တွင် download ရယူနိုင်ပါသည်။ အမည်စာရင်းတွင် ပါဝင်ခြင်းမရှိသည့် မြေကွက်လျှောက်ထားသူများရှိပါက မူလ လျှောက်ထားခဲ့သည့် အထောက်အထားနှင့်အတူ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနသို့ (၈-၁-၂၀၂၀)ရက်နေ့နောက်ဆုံးထား၍ တင်ပြလျှောက်ထားနိုင်ပါသည်။

၃။-------မြေကွက်လွတ်(၁၉၇)ကွက်အား ဒက္ခိဏသီရိမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ဒက္ခိဏခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး၊ ဒက္ခိဏသီရိမြို့နယ် အုပ်ချုပ်ရေးမှူးတို့၏ ရှေ့မှောက်တွင် မဲစနစ်ဖြင့် နေရာချထားခြင်းကို (၁၀ - ၁ - ၂၀၂၀)ရက်နေ့(သောကြာနေ့)၊နံနက်(၁၀:၀၀)နာရီအချိန်မှ စတင်၍ နေပြည်တော်စည်ပင် သာယာရေးကော်မတီ၊ မင်္ဂလာခန်းမတွင် ကျင်းပမည်ဖြစ်ပါသည်။ မဲနှိုက်ခြင်းအစီအစဉ်ကို မြေကွက်လျှောက်ထားသူများမှ စိတ်ဝင်စားသူများ မင်္ဂလာခန်းမသို့ လာရောက်ကြည့်ရှုနိုင်ပါရန် ဖိတ်ခေါ်အပ်ပါသည်။

၄။-------အဆိုပါ အစီအစဉ်အား လာရောက်ကြည့်ရှုနိုင်ခြင်းမရှိသူများအတွက်လည်း မဲနှိုက်စနစ်ဖြင့် မြေကွက်နေရာချထားမှု အစီအစဉ်ကို နေပြည်တော်စည်ပင်သာယာရေးကော်မတီ၏ Facebook Page ဖြစ်သည့် NPTDC Webportal တွင် Live ထုတ်လွှင့်ပြသပေးသွားမည်ဖြစ်ပါသဖြင့် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

၅။-------ပထအကြိမ်မြေကွက် (၁၉၇)ကွက်အား မဲစနစ်ဖြင့် နေရာချထားရာတွင် မဲမပေါက်သူ များအတွက် ဒုတိယအကြိမ် မြေကွက်များထပ်မံရောင်းချမည့် အစီအစဉ်တွင် ထည့်သွင်းပေး မည်ဖြစ်ပါကြောင်းနှင့် ယင်းအစီအစဉ်အား ကြိုတင်ထုတ်ပြန်ကြေညာပေးမည်ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

------- ဒက္ခိဏသီရိမြို့တွင် ပေ(၈၀×၈၀)မြေကွက်များ ဝယ်ယူခွင့် အသိပေးကြေညာချက်ကို www.nptdc.gov.mm/customized/pdf/notic.pdf တွင် download ရယူနိုင်ပါသည်။