ပြည်ထောင်စုအစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းခြင်း (နိုင်ငံတော်သမ္မတရုံး - ကြေညာချက်အမှတ်၊ ၁ / ၂၀၁၈)


/ နေပြည်တော် / March 30, 2018


National Symbols

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

ကြေညာချက်အမှတ်၊ ၁ / ၂၀၁၈

၁၃၇၉ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက်

(၂၀၁၈ ခုနှစ်၊ မတ်လ ၃၀ ရက်)

ပြည်ထောင်စုအစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းခြင်း

၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၀ နှင့် ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ (က) တို့ပါ ပြဌာန်းချက်များအရ “ပြည်ထောင်စုအစိုးရအဖွဲ့” ကို အောက်ပါ ပုဂ္ဂိုလ်များဖြင့် ပြင်ဆင်ဖွဲ့စည်းလိုက်သည်-

(က)

ဦးဝင်းမြင့်

နိုင်ငံတော်သမ္မတ

( ခ)

ဦးမြင့်ဆွေ

ဒုတိယသမ္မတ

( ဂ)

ဦးဟင်နရီဗန်ထီးယူ

ဒုတိယသမ္မတ

(ဃ)

ဒေါ်အောင်ဆန်းစုကြည်

ပြည်ထောင်စုဝန်ကြီး

နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် သမ္မတရုံးဝန်ကြီးဌာန

( င)

ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ

ပြည်ထောင်စုဝန်ကြီး

ပြည်ထဲရေးဝန်ကြီးဌာန

( စ)

ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း

ပြည်ထောင်စုဝန်ကြီး

ကာကွယ်ရေးဝန်ကြီးဌာန

(ဆ)

ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်

ပြည်ထောင်စုဝန်ကြီး

နယ်စပ်ရေးရာဝန်ကြီးဌာန

( ဇ)

ဦးကျော်တင့်ဆွေ

ပြည်ထောင်စုဝန်ကြီး

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန

( ဈ)

ဒေါက်တာဖေမြင့်

ပြည်ထောင်စုဝန်ကြီး

ပြန်ကြားရေးဝန်ကြီးဌာန

(ည)

ဦးသောင်းထွန်း

ပြည်ထောင်စုဝန်ကြီး

ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန

( ဋ)

သူရဦးအောင်ကို

ပြည်ထောင်စုဝန်ကြီး

သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန

( ဌ)

ဒေါက်တာအောင်သူ

ပြည်ထောင်စုဝန်ကြီး

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန

( ဍ)

ဦးသန့်စင်မောင်

ပြည်ထောင်စုဝန်ကြီး

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန

( ဎ)

ဦးအုန်းဝင်း

ပြည်ထောင်စုဝန်ကြီး

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန

(ဏ)

ဦးဝင်းခိုင်

ပြည်ထောင်စုဝန်ကြီး

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

(တ)

ဦးသိန်းဆွေ

ပြည်ထောင်စုဝန်ကြီး

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန

( ဒ)

ဒေါက်တာသန်းမြင့်

ပြည်ထောင်စုဝန်ကြီး

စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန

( ဓ)

ဒေါက်တာမျိုးသိမ်းကြီး

ပြည်ထောင်စုဝန်ကြီး

ပညာရေးဝန်ကြီးဌာန

( န)

ဒေါက်တာမြင့်ထွေး

ပြည်ထောင်စုဝန်ကြီး

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန

( ပ)

ဦးကျော်ဝင်း

ပြည်ထောင်စုဝန်ကြီး

စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန

( ဖ)

ဦးဟန်ဇော်

ပြည်ထောင်စုဝန်ကြီး

ဆောက်လုပ်ရေးဝန်ကြီးဌာန

( ဗ)

ဒေါက်တာဝင်းမြတ်အေး

ပြည်ထောင်စုဝန်ကြီး

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန

(ဘ)

ဦးအုန်းမောင်

ပြည်ထောင်စုဝန်ကြီး

ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန

( မ)

နိုင်သက်လွင်

ပြည်ထောင်စုဝန်ကြီး

တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန

(ယ)

ဦးကျော်တင်

ပြည်ထောင်စုဝန်ကြီး

အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီးဌာန

( ရ)

ဦးထွန်းထွန်းဦး

ပြည်ထောင်စုရှေ့နေချုပ် ပြည်ထောင်စု ရှေ့နေချုပ်ရုံး

၂။ ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ (ခ) ပါ ပြဋ္ဌာန်းချက်အရ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူးချုပ်သည် ရာထူးအလျောက် ပြည်ထောင်စုအစိုးရအဖွဲ့၏ အတွင်းရေးမှူးဖြစ်သည်။

(ပုံ) ဝင်းမြင့်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်