ရခိုင်ပြည်နယ်စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် လယ်ယာသုံးစက်ပစ္စည်းများ လှူဒါန်းကြသူများအားဂုဏ်ပြု


Rakhine State Government/ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ / October 08, 2018


ရခိုင်ပြည်နယ်စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် လယ်ယာသုံးစက်ပစ္စည်းများ လှူဒါန်းကြသူများအားဂုဏ်ပြု

စစ်တွေ အောက်တိုဘာလ ၈ ရက်

ရခိုင်ပြည်နယ်၌ UEHRD အစီအစဉ်ဖြင့် ဆောင်ရွက်လျက်ရှိသောစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် လယ်ယာသုံးစက်ပစ္စည်းများ လှူဒါန်းကြသူ များအား ဂုဏ်ပြုပွဲကို ယနေ့နံနက် ၈ နာရီခွဲတွင် စစ်တွေမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုတက်ရောက်၍ ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်သည်။

ယနေ့လှူဒါန်းသည့် လယ်ယာသုံးစက်ပစ္စည်းများမှာသင်္ဂဟဖောင်ဒေးရှင်းမှ ငွေကျပ်သိန်း ၂၃၀၀ တန်ဖိုးရှိစပါးရိတ်သိမ်းခြွေလှေ့စက် ၁၀ စီး၊ ငွေကျပ် ၁၂၇၁ ဒသမ ၇၀ သိန်းတန်ဖိုးရှိ စပါးအခြောက်ခံစက် (၁၂)တန် ၃ လုံး၊ ငွေကျပ် ၁၈၆ သိန်းတန်ဖိုးရှိ (၁၅)တန်ကျ ဆန်စက် ၂ လုံး နှင့် ငွေကျပ်သိန်း ၄၀ တန်ဖိုးရှိ (၆)တန်ကျ ဆန်စက် ၂ လုံး၊ မြန်မာနိုင်ငံလယ်ယာစီးပွားရေး အများပိုင်ကော်ပိုရေးရှင်းလီမိတက်မှ ငွေကျပ်သိန်း ၂၃၀ တန်ဖိုးရှိ စပါးရိတ်သိမ်းခြွေလှေ့စက် (၁)စီးနှင့် ငွေကျပ်သိန်း ၃၄၀ တန်ဖိုးရှိထွန်စက် (၁)စီးနှင့်ဆက်စပ်ပစ္စည်းများဖြစ်သည်။

အဆိုပါ လယ်ယာသုံးစက်ပစ္စည်းများကိုရခိုင်ပြည်နယ်၌ UEHRD အစီအစဉ်ဖြင့် ဆောင်ရွက်လျက်ရှိသော စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အသုံးပြုသွားမည် ဖြစ်ကြောင်းသိရသည်။ တင်ထွန်း(ပြန်/ဆက်)