ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ (၇၁) နှစ်မြောက် လွတ်လပ်ရေးနေ့ ကမ္ဘာ့ ခေါင်းဆောင်များက ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့


Ministry of Information/ Naypyitaw / January 08, 2019


နေပြည်တော် ဇန်နဝါရီ ၇

၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့၌ ကျရောက်သည့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့အခါ သမယတွင် ကမ္ဘာ့နိုင်ငံ အသီးသီးမှ နိုင်ငံတော် အကြီးအကဲများက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ အသီးသီးပေးပို့ကြသည်။

ယမန်နေ့မှအဆက်

နိုင်ငံတော်သမ္မတဦးဝင်းမြင့်ထံသို့ ဖင်လန်သမ္မတနိုင်ငံ၊ သမ္မတ ဆူလီနီနီတိုထံမှ ပေးပို့သည့် (၇၁) နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးနေ့ အခါသမယတွင် အဆွေတော်နှင့် မြန်မာပြည်သူများ အားလုံးအတွက် မိမိအနေဖြင့် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်းနှင့် ဆုတောင်း မေတ္တာပို့သအပ်ပါသည်။

နိုင်ငံတော်သမ္မတဦးဝင်းမြင့်ထံသို့ ဆားဘီးယားသမ္မတနိုင်ငံ၊သမ္မတ အဲလက်ဇန္ဒြား ဗူစစ်ထံမှ ပေးပို့သည့် (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးနေ့အခါသမယတွင် ဆားဘီးယားသမ္မတ နိုင်ငံ ပြည်သူများကိုယ်စား လည်းကောင်း၊ မိမိအနေဖြင့်လည်းကောင်း၊ ဂုဏ်ယူဝမ်းမြောက် ပါကြောင်းနှင့် မြန်မာနိုင်ငံနှင့် မြန်မာပြည်သူများ ဆက်လက်ဖွံ့ ဖြိုးတိုးတက်သာယာ၀ ပြောပါစေကြောင်း ဆုတောင်း မေတ္တာပို့သအပ်ပါသည်။

ဘက်မလိုက်လှုပ်ရှားမှုမူများအပေါ်တွင် အခြေခံပြီး ဆယ်စုနှစ်များစွာ တည်တံ့ခဲ့သည့် မြန်မာ-ဆားဘီးယားနှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးသည် အပြန်အလှန်လေးစား မှုနှင့် နားလည်မှုတို့ဖြင့် ဖော်ညွှန်းလျက်ရှိပါသည်။ နှစ်နိုင်ငံအကြား ဆက်ဆံရေးနှင့်အပြန် အလှန်စိတ်ဝင် စားမှုရှိသည့် နယ်ပယ်ပေါင်းစုံ၌ ထိရောက်သော ပူးပေါင်း ဆောင်ရွက်ရေးတို့ကို ပိုမိုမြှင့်တင်နိုင်လိမ့်မည်ဟု မိမိအနေဖြင့် ယုံကြည်ပါသည်။

မိမိတို့နှစ်နိုင်ငံသည် နိုင်ငံရေးဆွေးနွေးပွဲများနှင့်အပြန်အလှန် စိတ်ဝင်စားမှုရှိသည့် နယ်ပယ် ပေါင်းစုံ၌ နက်ရှိုင်းစွာ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ပါကြောင်းနှင့် ဆားဘီးယားနိုင်ငံ၏ သမ္မတတစ်ဦးအနေဖြင့် နှစ်နိုင်ငံပြည်သူများအကျိုးအတွက် အထောက် အကူပြုသွားရန် အသင့်ရှိပါသည်။

နိုင်ငံတော်သမ္မတဦးဝင်းမြင့်ထံသို့ မာရှယ်ကျွန်းစုသမ္မတနိုင်ငံ၊သမ္မတ Hilda C.Heine,Ed.D ထံမှ ပေးပို့သည့် (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ

မြန်မာနိုင်ငံ၏ (၇၁) နှစ်မြောက် လွတ်လပ်ရေးနေ့အခါသမယတွင် မာရှယ်ကျွန်းစုသမ္မတနိုင်ငံ အစိုးရနှင့် ပြည်သူ များကိုယ်စား အဆွေတော်၊ မြန်မာနိုင်ငံ အစိုးရနှင့် မြန်မာပြည်သူများအား ဝမ်းမြောက် ဂုဏ်ယူပါကြောင်းနှင့် ဆုမွန်ကောင်းများ ပို့သအပ်ပါသည်။

မာရှယ်ကျွန်းစုသမ္မတနိုင်ငံအနေဖြင့် နှစ်နိုင်ငံအကြားနှင့် နိုင်ငံတကာစာမျက်နှာတွင် ပူးပေါင်း ဆောင်ရွက်မှုများကို တိုးမြှင့်ခြင်းဖြင့်လည်းကောင်း၊ အနာဂတ်မျှော်မှန်းချက်များ အောင်မြင်ရေး ကိုရှေးရှု၍ လည်းကောင်း၊ မိမိတို့ နှစ်နိုင်ငံအကြား တည်ရှိနေသည့် မိတ်ဖက်ဆက်ဆံရေးနှင့် ချစ်ကြည် ရင်းနှီးမှုကို ဆက်လက်ထောက်ခံသွားရန် သန္နိဋ္ဌာန်ချထား ပါသည်။

မြန်မာနိုင်ငံ၏ မင်္ဂလာရှိသည့် နေ့ထူးနေ့မြတ်အခါသမယ၌ အဆွေတော်အား အနာဂတ်တွင် ဆက်လက်၍ ကြီးပွား တိုးတက် အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်းပို့သအပ်ပါသည်။ အဆွေတော်အား အစဉ် ချစ်ကြည်အလေးထားလျက် ရှိကြောင်း ဖော်ပြအပ်ပါသည်။

နိုင်ငံတော်သမ္မတဦးဝင်းမြင့်ထံသို့ မွန်ဂိုလီးယားနိုင်ငံသမ္မတ KHALTMAAGIIN BATTULGA ထံမှ ပေးပို့သည့် (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် ဝမ်းမြောက် ကြောင်းသဝဏ်လွှာ

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၏ (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ အခါသမယအတွက် မိမိအနေဖြင့် အဆွေတော်နှင့် ခင်မင်နှစ်လိုဖွယ်ကောင်းသည့် မြန်မာနိုင်ငံ ပြည်သူများအား ဝမ်းမြောက် ဂုဏ်ယူပါကြောင်း နှုတ်ခွန်း ဆက်သအပ်ပါသည်။

နှစ်နိုင်ငံပြည်သူများအကြား အပြန်အလှန် အကျိုးစီးပွားဖြစ် ထွန်းစေရေး၊ဒေသတွင်း ဖွံ့ဖြိုး တိုးတက်မှုနှင့် ဒီမိုကရေစီ တန်ဖိုးများ ပိုမိုမြှင့်တင်နိုင်ရေးတို့အတွက် မွန်ဂိုလီးယား-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးကို ပိုမိုတိုး တက်ခိုင်မြဲလာစေရန် မိမိအနေဖြင့် အဆွေတော်နှင့်အတူ လက်တွဲ၍ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဖော်ပြအပ်ပါသည်။

အဆွေတော် ကျန်းမာပါစေကြောင်းနှင့် မြန်မာပြည်သူပြည်သားများ ကြွယ်ဝချမ်းသာပါ စေကြောင်း ဆုတောင်းမေတ္တာပို့သလျက်ရှိကြောင်း ဖော်ပြအပ်ပါသည်။

(ဆက်လက်ဖော်ပြပါမည်)