ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ဖိုင်ဘာကေဘယ်သွယ်တန်းထားသော ကုမ္ပဏီများ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများသို့ အသိပေးကြေညာချက်


Yangon City Development Committee/ location / July 26, 2019


ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ဆက်သွယ်ရေးကွန်ရက်လုပ်ငန်းများ စနစ်တကျ တရားဝင်သွယ်တန်းနိုင်ရေး ဆောင်ရွက်လျက်ရှိရာ Pilot Project အဖြစ် ပြည်လမ်း (ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် လေဆိပ် လမ်းဆုံကြား)တွင် ကောင်းကင်ကြိုးများအဖြစ် ဆောင်ရွက်ထားရှိသော Fiber ကြိုးများကို မြေအောက်ကြိုးများအဖြစ်သို့ ပြောင်းလဲဆောင်ရွက်မည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အဆိုပါ လမ်းအပိုင်းတွင် Fiber ကြိုး သွယ်တန်းထားရှိသော ကုမ္ပဏီများ/ ဌာနဆိုင်ရာ အဖွဲ့အစည်းများ အနေဖြင့် အောက်ဖော်ပြပါ အချက်အလက်များနှင့်အတူ ၃၁-၇-၂၀၁၉ ရက်နေ့ နောက်ဆုံးထား၍ ကျောက်တံတားမြို့နယ်၊ မြို့တော်ခန်းမ(ဒုတိယထပ်)၊ လမ်း၊ တံတား ဆိုင်ရာလုပ်ငန်းတာဝန်ခံ အဖွဲ့၊ အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား)သို့ လာရောက် ဆက်သွယ်ပေးပို့ကြပါရန် အသိပေး ကြေညာအပ်ပါသည်-

 

(၁)ကြိုးအမျိုးအစားနှင့် Fiber Core အရေအတွက်

(၂)အသုံးပြု တပ်ဆင်ထားသည့် အစနေရာနှင့် အဆုံးနေရာ

(၃)Fiber Core များ ထပ်မံဖြန့်ခွဲ အသုံးပြုပုံ(Core Plan, Design)

အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား)
လမ်း၊ တံတားဆိုင်ရာလုပ်ငန်းတာဝန်ခံအဖွဲ့
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ