ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံအမတ်ကြီးနှင့်အဖွဲ့အား လက်ခံတွေ့ဆုံ


Ministry of Information/ ​နေပြည်တော် / September 18, 2019
image_latest


နေပြည်တော် စက်တင်ဘာ ၁၈

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းသည် မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်နှင့်အဖွဲ့အား ယနေ့ နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ ဧည့်တွေ့ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို ချမှတ်ထားသည့် စံ (၅) ချက်နှင့်အညီကျင်းပနိုင်ရေးဆောင်ရွက်နေမှု၊ ကော်မရှင်၏ မဟာဗျူဟာစီမံကိန်း (၂၀၁၉−၂၀၂၂) အရလုပ်ငန်းစဉ်များ အကောင် အထည်ဖော်ဆောင်ရွက်နေမှု၊ မဲဆန္ဒရှင်စာရင်းများ ပြုစုဆောင်ရွက်နေ သည့် အခြေအနေ၊ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအတွက် ပြည်ပအဖွဲ့အစည်းများအားဖိတ်ကြားမှု၊ ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးပူးပေါင်းကူညီဆောင် ရွက်နိုင်မည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာဆွေး နွေးခဲ့ကြသည်။

(သတင်းစဉ်)