အသိပေးနှိုးဆော်ချက်


/ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊နေပြည်တော် / October 08, 2018


​အသိပေးနှိုးဆော်ချက်

              မကြာမီကာလအတွင်း သီတင်းကျွတ်ပွဲတော်နှင့် တန်ဆောင်တိုင်ပွဲတော်ကာလသို့ ရောက်ရှိပြီး အဆိုပါပွဲတော်များကို အကြောင်းပြု၍ မီးရှူးမီးပန်းများ ပစ်လွှတ်ခြင်း၊ ဗြောက်အိုး၊ ရှူးဒိုင်းများ ပစ်ဖောက်ခြင်းများပြုလုပ်ကြခြင်းကြောင့် အများပြည်သူ အထိန့်အလန့်ဖြစ်စေခြင်း၊ ပြည်သူလူထုနှင့် ကလေးသူငယ်တို့ ထိခိုက်အနာတရ ဖြစ်စေနိုင်သည့်အပြင် မသမာသူများ/ အဖျက်အမှောင့် ဆောင်ရွက်လိုသူများမှလည်း အခွင့်ကောင်းယူပြီး အကြမ်းဖက်တိုက်ခိုက်မှုများနှင့် ဖောက်ခွဲဖျက်ဆီးမှုများ ရောနှောဆောင်ရွက်လာနိုင်ပါသည်။

              သို့ဖြစ်ပါ၍ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးအတွက် မီးရှူးမီးပန်း၊ ဗြောက်အိုး၊ ရှူးဒိုင်းများကို ထုတ်လုပ်ခြင်း၊ သယ်ဆောင်ဖြန့်ဖြူးခြင်း၊ သိုလှောင်ခြင်း၊ ရောင်းချခြင်း၊ ပစ်ဖောက်ခြင်းများ မပြုလုပ်ကြရန်နှင့် လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေအရ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။

 

မြန်မာနိုင်ငံရဲတပ်ဖွဲ့