ညစ်ညမ်းစာများကို ပုံနှိပ်၊ ထုတ်ဝေခဲ့သည့်အတွက် လုပ်ငန်းပိတ်သိမ်းထားသော ပုံနှိပ်သူနှင့်ထုတ်ဝေသူစာရင်းအား အသိပေးကြေညာခြင်း
Latest News
Ministry of Information / Posted on November 08, 2025
ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ရှိ Grand Hyatt Erawan ဟိုတယ်၌ ၂၀၂၅ ခုနစ်၊ နိုဝင်ဘာလ ၃ ရက်မှ ၇ ရက်အထိ ကျင်းပပြုလုပ်ခဲ့သော (၄၃) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံ (43rd ASEANAPOL Conference) သို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြပါသည်။
Ministry of Information / Posted on November 08, 2025
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်နေ့ညပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ(၂၉)ရပ်ကွက် ပေါ်ဆန်းမွှေးလမ်းရှိ Eastern Yangon Eventpark ၌ ကျင်းပပြုလုပ်သည့် Overflow Music Festival ဖျော်ဖြေပွဲတွင် အဆိုတော် Wink (ခ) ရဲဝင့်အောင် (ခ) ဗလနှင့် Bkho Bain (ခ) သိန်းမင်းထိုက်တို့ ဦးဆောင်သည့်အဖွဲ့မှ အများပြည်သူအား စိုးရိမ်ထိတ်လန့်မှုဖြစ်ပေါ်စေပြီး
Ministry of Information / Posted on November 08, 2025
သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာနများက တာဝန်ယူဖွင့်လှစ်သည့် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များမကြာမီတွင် ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်ရာ ကျောင်းသား၊ ကျောင်းသူများသည် ရွေးကောက်ပွဲစတင်ကျင်းပမည့် ၂၈-၁၂-၂၀၂၅ ရက်နေ့တွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များ၌ ကျောင်းတက်ရောက်နေကြရမည်ဖြစ်ပါသည်။ အဆိုပါ ကျောင်းသား၊ ကျောင်းသူများအနက်
Newspaper
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၅ ရက်၊ နိုဝင်ဘာ ၉ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ November 09, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၄ ရက်၊ နိုဝင်ဘာ ၈ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ November 08, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၃ ရက်၊ နိုဝင်ဘာ ၇ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ November 07, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Downloadညစ်ညမ်းစာများကို ပုံနှိပ်၊ ထုတ်ဝေခဲ့သည့်အတွက် လုပ်ငန်းပိတ်သိမ်းထားသော ပုံနှိပ်သူနှင့်ထုတ်ဝေသူစာရင်းအား အသိပေးကြေညာခြင်း
Ministry of Information/ Naypyitaw / January 15, 2025
၁။ ပြန်ကြားရေးဝန်ကြီးဌာနသည် ၂၀၁၄ ခုနှစ် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ နည်းဥပဒေများနှင့် အညီ ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက် လျက်ရှိရာတွင် အောက်ဖော်ပြပါ ပုံနှိပ်သူနှင့်ထုတ်ဝေသူများသည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ ပုဒ်မ ၈၊ ပုဒ်မခွဲ(ဂ)ပါ ညစ်ညမ်းစာများကိုဖော်ပြခြင်း စည်းကမ်းချက်ကိုဖောက်ဖျက်၍ ဟီရိဩတ္တပ္ပကင်းသော၊ မြန်မာ့လူ့အဖွဲ့အစည်းက လက်မခံသော၊ လူငယ်များ၏ တွေးခေါ်မြော်မြင်မှုနှင့်ခံစားနားလည်မှုကို လွဲမှားစေနိုင်သော အကြောင်းအရာများကို ပုံနှိပ်၊ ထုတ်ဝေဖြန့်ချိခဲ့ကြောင်း တွေ့ရှိရပါသည်-
၂။ ပြန်ကြားရေးဝန်ကြီးဌာနသည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ထုတ်ဝေစာများအား ဖတ်ရှုလေ့လာစိစစ်၍ ကြပ်မတ်စိစစ်လျက်ရှိပါကြောင်းနှင့် အဆိုပါ ဥပဒေစည်းကမ်းချက်များကို ဖောက်ဖျက်ကျူးလွန်သော အထက်ဖော်ပြပါ ပုံနှိပ်သူနှင့်ထုတ်ဝေသူတို့အား ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်း လုပ်ငန်းအသိအမှတ်ပြုလက်မှတ်များကို ရုပ်သိမ်းခြင်း၊ ထုတ်ဝေစာအုပ်များကို တရားမဝင်ထုတ်ဝေစာအဖြစ် ထုတ်ပြန်ကြေညာခြင်း၊ ဥပဒေနှင့်အညီ တရားစွဲဆိုခြင်းများကို ဆောင်ရွက်လျက်ရှိပါသည်။
၃။ သို့ဖြစ်ပါ၍ ပုံနှိပ်သူနှင့်ထုတ်ဝေသူများသည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေကို လေးစားလိုက်နာကြရန်နှင့် ဥပဒေပါစည်းကမ်းချက်များကိုဖောက်ဖျက်၍ ပုံနှိပ်၊ထုတ်ဝေခြင်းများကိုပြုလုပ်ပါက ဥပဒေနှင့်အညီ တရားစွဲဆိုဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။
ပြန်ကြားရေးဝန်ကြီးဌာန
