Latest News

နိုင်ငံ၏ဂုဏ်သိက္ခာ၊ အချုပ်အခြာအာဏာ နိုင်ငံသားအားလုံး တစ်သားတည်းရပ်တည်

Ministry of Information / Posted on January 18, 2026

အပြည်ပြည်ဆိုင်ရာတရားရုံးတွင် ဂမ်ဘီယာနိုင်ငံနှင့် မြန်မာနိုင်ငံတို့၏အမှုနှင့်ပတ်သက်၍ ကြားနာပွဲကို ဇန်နဝါရီ ၁၂ ရက်မှ ၂၉ ရက်နေ့အထိ နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့၌ ပြုလုပ်လျက်ရှိရာ မြန်မာနိုင်ငံမှ ပထမအကြိမ်လျှောက်လဲခြင်းကို ဇန်နဝါရီ ၁၆ ရက်က ပြုလုပ်ခဲ့ရာတွင် မြန်မာနိုင်ငံ၏ကိုယ်စားလှယ် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီးက ဂမ်ဘီယာနိုင်ငံ၏ စွပ်စွဲချက်များကို တိတိကျကျ မှန်မှန်ကန်ကန် ရှင်းရှင်းလင်းလင်း ခုခံကာကွယ်ပြောကြားခဲ့သည်။

ဒုဋ္ဌဂါမဏိမင်းကြီးနှင့် လူ့အခြေခံကျင့်ဝတ် ကင်းမဲ့သူများ

Ministry of Information / Posted on January 18, 2026

ငါးပါးသီလဆိုသည်မှာ လူသားဘဝကို ရရှိထားသူတစ်ဦးအနေဖြင့် စောင့်ထိန်းအပ်သော အခြေခံအကျဆုံး ကျင့်ဝတ် (၅) ခုဖြစ်သည်။ စာရိတ္တသီလ (ဆောင်သီလ) နှင့် ဝါရိတ္တသီလ (ရှောင် သီလ) ဟူ၍ နှစ်မျိုးကွဲပြားရာတွင် ဤအမှုကို မပြုကျင့်အပ်ဟု ပညတ်ကာ ရှောင်ကြဉ်ကြရသော ကျင့်ဝတ်ဖြစ်သည်။ သူတစ်ပါး၏အသက်ကို သတ်ဖြတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ သူတစ်ပါး၏ ပစ္စည်းဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်ခြင်း၊ သူတစ်ပါး၏ သားမယားကို ကျူးလွန်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ လိမ်လည်လှည့်ဖြားခြင်းမပြုဘဲ ရှောင်ကြဉ်ခြင်း၊ မူးယစ်သောက်စားခြင်းမှ ရှောင်ကြဉ်ခြင်းတို့သည် လူတိုင်းရှောင်ကြဉ်ကြရမည့် သီလ (၅) ခုပင်ဖြစ်သည်။

မြေငလျင်သတင်း

Ministry of Transport and Communications / Posted on January 17, 2026

မြေငလျင်သတင်း

Newspaper

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁ ရက် ၊ ဇန်နဝါရီ ၁၈ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ January 18, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလကွယ်နေ့ ၊ ဇန်နဝါရီ ၁၇ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ January 17, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၄ ရက် ၊ ဇန်နဝါရီ ၁၆ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ January 16, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက်အမှတ် (၆/ ၂၀၂၅)


Myanmar National Human Rights Commission/ Yangon / June 20, 2025


၁။ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းဖွင့်ရာသီစတင်ချိန်မှာပင် ထင်မှတ်မထားသော အကြမ်း ဖက်လုပ်ရပ်များကို ဝမ်းနည်းဖွယ်ကြားသိရပါသည်။ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ကုန်းဘုရား (ညောင်ပင်ကန်) ကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်း (ခွဲ) မှ ကျောင်းအုပ် ဆရာမကြီးနှင့် ၎င်း၏ ခင်ပွန်းတို့ သတ်ဖြတ်ခံရခြင်း၊ မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်၊ ပွင့် တောက်ကျေးရွာ စက်လှေဆိပ်၌ အထက်တန်းပြ ဆရာမနှင့် ပညာရေးကောလိပ် တက်ရောက်မည့် ကျောင်းသူများအား အကြမ်းဖက်သမားများက ဖမ်းဆီးခေါ်ဆောင်ခြင်း၊ နတ်မောက်မြို့နယ် ကူနီ ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း (မူလွန်) မှ ကျောင်းအုပ်ဆရာမကြီးတစ်ဦး ဖမ်းဆီး သတ်ဖြတ်ခံရခြင်း၊ ဝက်ချုပ်ကျေးရွာတွင် အလယ်တန်းပြ ဆရာမတစ်ဦးနှင့် ​၎င်း၏ ခင်ပွန်းတို့ သတ်ဖြတ်ခံရခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များသည် အသက်ရှင်သန်ခွင့်၊ လူပုဂ္ဂိုလ်လုံခြုံခွင့်၊ လွတ်လပ်စွာပညာသင်ကြားခွင့်နှင့် တည်ငြိမ်အေးချမ်းမှု ရရှိခံစားခွင့်စသည့် အခြေခံလူ့အခွင့်အရေး များကို ထိခိုက်စေပါသည်။

၂။ ငြိမ်းချမ်းစွာ ပညာသင်ယူခွင့် ရရှိခံစားနိုင်ရေးအတွက် အဓိက တာဝန်ယူဖော်ဆောင်ပေးနေ သော ဆရာ ဆရာမများအပါအဝင် ကျောင်းသူ ကျောင်းသားများ၊ စာသင်ကျောင်းများအား နည်းမျိုး စုံဖြင့် အကြမ်းဖက်ခြင်း၊ လုပ်ကြံသတ်ဖြတ်ခြင်း၊ ရန်ရှာဖမ်းဆီးခြင်း၊ ခြိမ်းခြောက်နှောင့်ယှက် ခြင်းနှင့် အကြောင်းအမျိုးမျိုးဖြင့် ပျက်စီးရာ ပျက်စီးကြောင်း လုပ်ဆောင်နေခြင်းတို့သည် ကမ္ဘာ့လူ့ အခွင့်အရေးကြေညာစာတမ်း အပိုဒ် ၃ ပါ အသက်ရှင်သန်ခွင့်၊ လူပုဂ္ဂိုလ်လုံခြုံခွင့်နှင့် အပိုဒ် ၂၆ ပါ ပညာသင်ယူခွင့် အခွင့်အရေးတို့ကို ချိုးဖောက်ခြင်းပင် ဖြစ်ပါသည်။ ၂၀၁၄ ခုနှစ် အမျိုးသား ပညာရေးဥပဒေအရ “နိုင်ငံသားများ၏ မွေးရာပါအခွင့်အရေးဖြစ်သော ပညာသင်ယူခွင့်ကို နိုင်ငံသား တိုင်း ခံစားရရှိစေရေး” အလေးအနက် အသိအမှတ်ပြုကာ ပညာရေးနယ်ပယ် အတွင်းရှိ ဆရာ ဆရာမများ၊ ကျောင်းသားလူငယ်များအပါအဝင် ပါဝင်ဆောင်ရွက်လျက်ရှိသူ အားလုံး ထိခိုက်နစ်နာ မှု မရှိစေရေး ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ပေးရန် လိုအပ်ပါသည်။

၃။ ထို့ပြင် လမ်းတံတားများ၊ တာဝါတိုင်များ၊ လူနေအိမ်အဆောက်အဦများ၊ ဆေးရုံများ ဖျက်ဆီး ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များသည်လည်း တိုင်းရင်းသား ပြည်သူများ၏ လူမှုစီးပွားဘဝကို ထိခိုက်နစ်နာစေပါသည်။ ထိုသို့သော အကြမ်းဖက်လုပ်ရပ်များသည် နိုင်ငံနှင့် ပြည်သူအတွက် ကြီးမားသော ဆုံးရှုံးမှုများ ဖြစ်ပေါ်စေပြီး ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို အဆိုးရွားဆုံး ခြိမ်းခြောက်မှု ဖြစ်ပါသည်။ မည်သည့်အကြမ်းဖက်လုပ်ရပ်မဆို ရာဇဝတ်မှုမြောက်၍ တရားမျှတမှုမရှိဟု ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုက်အဝန်းက အသိအမှတ်ပြုထားသည့်နည်းတူ မြန်မာနိုင်ငံတွင် လည်း ၂၀၁၄ ခုနှစ် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပြဋ္ဌာန်း၍ အကြမ်းဖက်လုပ်ရပ်များကို ကြိုးပမ်းတိုက်ဖျက် နှိမ်နင်းလျက်ရှိသည်ကို တွေ့မြင်သိရှိရပါသည်။

၄။ နိုင်ငံတစ်ဝှမ်း ငြိမ်းချမ်းစွာ ပညာသင်ယူခွင့်ရရှိစေရန်နှင့် အကြမ်းဖက်လုပ်ရပ်များ လျော့ နည်းပပျောက်စေရန် ပြည်တွင်းငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့မှာ မရှိမဖြစ် လိုအပ် ပါသည်။ တည်ငြိမ်အေးချမ်းပြီး တာဝန်ယူမှု တာဝန်ခံမှုရှိသော လူ့ဘောင်အဖွဲ့အစည်း ဖြစ်ပေါ် တိုးတက်ရေး၊ အကြမ်းဖက်မှုကြောင့် ထိခိုက်နစ်နာသူများအတွက် ကုစားမှုပေးရေးနှင့် ပြန်လည် ထူထောင်ရေး၊ လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေးအရ ကွဲပြားခြားနားမှုများကို အလေးထား ညှိနှိုင်း ဆောင်ရွက်ရေးတို့ ပြုလုပ်သွားကြရန်နှင့် တရားဥပဒေစိုးမိုး၍ အကြမ်းဖက်မှုများ ပပျောက်စေရန် သက်ဆိုင်သူများ၊ အဖွဲ့အစည်းများနှင့် ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြပါရန် လူ့အခွင့်အရေးရှုထောင့်မှ အကြံပြုတိုက်တွန်းအပ်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Download ရယူရန်

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023