ရေးဖြေစာမေးပွဲ ဝင်ရောက်ဖြေဆိုမည့်သူများ၏ အမည်စာရင်းနှင့် ခုံနံပါတ်စာရင်း ကြေညာခြင်း
Latest News
Ministry of Information / Posted on April 13, 2026
တစ်နှစ်ကုန်၍ တစ်နှစ်ကူးသည့် အခါသမယ သင်္ကြန်တော်ကာလသို့ ကျရောက်ခဲ့ပြန်ပြီဖြစ်သည်။ “နွေခါမှီငယ်၊ ရာသီမိဿ၊ ဂိမှာနမို့၊ စိတြကြယ်၊ တိမ်မိုးလယ်မှာ၊ စံပယ်ကွန့်ကာ၊ တိမ်ဗွေချာဝယ်၊ ဒေသစာလမ်း၊ လှည့်လည်ငယ်မြန်းလို့၊ နှစ်ဆန်းငယ်သင်္ကြန်၊ သစ်သစ်သာဖန်တော့တယ်၊ နိုင်ငံကြော့ပြည်သူမှာ၊ ပန်ဆုယူ တာရေသွန်းချိန်မို့၊ လွမ်းလှတယ်လေး။” ဟူ၍ မဟာအတုလမင်းကြီးက တန်ခူးလကို ဖွဲ့ဆိုခဲ့သည်။
Ministry of Information / Posted on April 13, 2026
တစ်နှစ်ကုန်၍ တစ်နှစ်ကူးသည့် အခါသမယ သင်္ကြန်တော်ကာလသို့ ကျရောက်ခဲ့ပြန်ပြီဖြစ်သည်။ “နွေခါမှီငယ်၊ ရာသီမိဿ၊ ဂိမှာနမို့၊ စိတြကြယ်၊ တိမ်မိုးလယ်မှာ၊ စံပယ်ကွန့်ကာ၊ တိမ်ဗွေချာဝယ်၊ ဒေသစာလမ်း၊ လှည့်လည်ငယ်မြန်းလို့၊ နှစ်ဆန်းငယ်သင်္ကြန်၊ သစ်သစ်သာဖန်တော့တယ်၊ နိုင်ငံကြော့ပြည်သူမှာ၊ ပန်ဆုယူ တာရေသွန်းချိန်မို့၊ လွမ်းလှတယ်လေး။” ဟူ၍ မဟာအတုလမင်းကြီးက တန်ခူးလကို ဖွဲ့ဆိုခဲ့သည်။
Ministry of Transport and Communications / Posted on April 13, 2026
နေ့စဉ်မိုးလေဝသသတင်း
Newspaper
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက် ၊ ဧပြီ ၁၃ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ April 13, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက် ၊ ဧပြီ ၁၂ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ April 12, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက် ၊ ဧပြီ ၁၁ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ April 11, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Downloadရေးဖြေစာမေးပွဲ ဝင်ရောက်ဖြေဆိုမည့်သူများ၏ အမည်စာရင်းနှင့် ခုံနံပါတ်စာရင်း ကြေညာခြင်း
Ministry of Transport and Communications/ Naypyitaw / March 10, 2026
ရေးဖြေစာမေးပွဲ ဝင်ရောက်ဖြေဆိုမည့်သူများ၏ အမည်စာရင်းနှင့် ခုံနံပါတ်စာရင်း ကြေညာခြင်း
၁။ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာနတွင် လစ်လပ်လျက်ရှိသည့် အမှုထမ်းဝင်ပေါက် ရာထူး ၅၈ နေရာ ဖြည့်စွက်ခန့်ထားနိုင်ရေးအတွက် ၂၉-၁-၂၀၂၆ ရက် ၊ ကြာသပတေးနေ့တွင် မြန်မာ့အလင်း သတင်းစာနှင့်ကြေးမုံသတင်းစာများမှ ကြော်ငြာထည့်သွင်းခေါ်ယူခဲ့သည့် ရာထူးနေရာများအနက် ဒုတိယ ဦးစီးမှူးရာထူး ၊ စာရင်းကိုင်-၂ ရာထူး ၊ အငယ်တန်း အင်ဂျင်နီယာ-၂ ရာထူး ၊ အငယ်တန်းစာရေးရာထူး ၊ ပစ္စည်းထိန်း-၄ ရာထူး ၊ ဒုတိယလက်ထောက်ဦးစီးမှူးရာထူးနေရာများ ခန့်ထားနိုင်ရန် ပူးတွဲဖော်ပြပါ လျှောက်ထားသူ ၂၈ ဦးတို့မှ ရေးဖြေစာမေးပွဲဖြေဆိုနိုင်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။
၂။ ရေးဖြေစာမေးပွဲဖြေဆိုသူများသည် စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို ၁၂-၃-၂၀၂၆ ရက်မှ ၁၃-၃-၂၀၂၆ ရက်အထိ ရုံးချိန်အတွင်း ရုံးအမှတ်-၂ ၊ နေပြည်တော် ၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ စီမံရေးရာနှင့်ထောက်ပံ့ဌာနခွဲတွင် နိုင်ငံသားစိစစ်ရေးကတ်မူရင်းနှင့်အတူ ကိုယ်တိုင်လာရောက်ထုတ်ယူရမည်ဖြစ်ပါသည်။ ဖြေဆိုမည့်နေ့တွင် စာမေးပွဲခန်းသို့ ဖြေဆိုခွင့်ကတ်များ တစ်ပါတည်း ယူဆောင်လာကြရန်ဖြစ်ပါသည်။
၃။ ရေးဖြေစာမေးပွဲဖြေဆိုရမည့် နေ့ရက်၊ အချိန်၊ ဘာသာ၊ နေရာများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
|
ဖြေဆိုမည့်နေ့ရက် |
- |
၁၅-၃-၂၀၂၆ ရက် (တနင်္ဂနွေနေ့) |
|
ဖြေဆိုရမည့်အချိန်နှင့်ဘာသာ |
- |
နံနက် ၈း၃၀ နာရီမှ ၁ဝး၃၀ နာရီအထိ မြန်မာစာ နံနက် ၁ဝး၄ဝ နာရီမှ ၁၂း၄၀ နာရီအထိ အင်္ဂလိပ်စာ နေ့လယ် ၁၃း၃၀ နာရီမှ ၁၅း၃ဝ နာရီအထိ အထွေထွေဗဟုသုတ |
|
ဖြေဆိုရမည့်နေရာ |
- |
ရုံးအမှတ် - ၂ ၊ နေပြည်တော် သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန e-Learning Centre I , e-Learning Centre II |
၄။ ရေးဖြေစာမေးပွဲဖြေဆိုပြီးနောက် လူတွေ့စစ်ဆေးခြင်း (နှုတ်ဖြေကို) ၁၆- ၃-၂၀၂၆ ရက်(တနင်္လာနေ့) နံနက်(၉း၀၀) နာရီတွင် သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ ရုံးအမှတ် -၂ ၊ နေပြည်တော်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပါကြောင်း အကြောင်းကြားပါသည်။
ပူးတွဲပါ- ခုံနံပါတ်စာရင်း ၁ စောင်
