အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များသို့ အသိပေးကြေညာချက်
Latest News

Ministry of Information / Posted on May 15, 2025
၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့ မန္တလေးငလျင်ကြီး လှုပ်ခတ်ပြီးနောက် ပြန်လည်ထူထောင်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သည့် သံ၊ သံမဏိ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို ဈေးနှုန်းမှန်ကန်စွာဖြင့် အရည်အသွေးပြည့်မီစွာ ဝယ်ယူနိုင်ရန်ရည်ရွယ်၍ ငလျင်ဒဏ်သင့် ပြည်သူများအတွက် အဆိုပါအိမ်ဆောက်ပစ္စည်းများ ရောင်းချပေးခြင်းအစီအစဉ်ကို မေလ ၁၂ ရက်နေ့မှ ၁၈ ရက်နေ့အထိ နေပြည်တော် ဥပ္ပါတသန္တိစေတီတော် တပေါင်းကွင်း၌ ရောင်းချလျက်ရှိသည်။

Ministry of Information / Posted on May 15, 2025
လူငယ်ဆိုသည်မှာ အသက် ၁၅ နှစ်မှ ၃၅ နှစ်အရွယ်အတွင်းရှိ နိုင်ငံသားများဖြစ်ပြီး နိုင်ငံတည်ဆောက်ရေးအတွက် အရေးကြီးသည့် လူ့စွမ်းအားအရင်းအမြစ်များလည်း ဖြစ်သည်။ နိုင်ငံ၏ အနာဂတ်သည် လူငယ်များ၏ စွမ်းဆောင်နိုင်မှုအပေါ်တွင် မူတည်ပြီး ဖြစ်ပေါ်လာမည်ဖြစ်ရာ နိုင်ငံအနာဂတ်ကောင်းမွန်ရေး၊ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရေးအတွက် လူငယ်များ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးရန်လိုသည်။ သို့ဖြစ်သည့်အလျောက် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် လူငယ်များက အဓိကစွမ်းအားစုများအဖြစ် ပါဝင်လာနိုင်စေရန်အတွက် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဟူသော ဗလငါးတန်နှင့် ပြည့်စုံလာစေရန် နိုင်ငံတော်အစိုးရက လူငယ်ကဏ္ဍမြှင့်တင်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။

Ministry of Transport and Communications / Posted on May 14, 2025
နေ့စဉ်မိုးလေဝသသတင်း (ည ၇ နာရီ) ထုတ်ပြန်ချက်
Newspaper

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၄ ရက်၊ မေ ၁၅ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 15, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၃ ရက်၊ မေ ၁၄ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 13, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၂ ရက်၊ မေ ၁၃ ရက်၊ အင်္ဂါနေ့။
အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များသို့ အသိပေးကြေညာချက်
Ministry of Information/ Naypyitaw / October 11, 2024

၁။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုနှင့်အညီ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေပုဒ်မ ၂၀ (ဂ) တွင် သတ်မှတ်ပြဋ္ဌာန်းချက်အရ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေကို နိုင်ငံတော်၏ မတည်ထောက်ပံ့ငွေဖြင့် ထူထောင်ထားရှိပြီး အဆိုပါရန်ပုံငွေမှ ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွား ရေးလုပ်ငန်းများသို့ သက်သာသောအတိုးနှုန်းဖြင့် မြန်မာ့စီးပွားရေးဘဏ်မှတစ်ဆင့် ချေးငွေများထုတ်ချေးပေးလျက်ရှိပါသည်။
၂။ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေမှ ထုတ်ချေးသော ချေးငွေကို ရယူလိုသူ MSME လုပ်ငန်းရှင်များ ချေးငွေရယူမှု ပိုမိုအဆင်ပြေစေရန်အတွက် မြန်မာ့စီးပွားရေးဘဏ်အပြင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် ပုဂ္ဂလိကဘဏ် ၁၅ ဘဏ်တွင်လည်း ချေးငွေများ လျှောက်ထားနိုင်ပြီ ဖြစ်ပါသည်-
(က) မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊
( ခ ) ကမ္ဘာ့ရတနာဘဏ်လီမိတက်၊
( ဂ ) ရွှေ (ကျေးလက်နှင့်မြို့ပြ) ဖွံ့ဖြိုးတိုးတက်ရေးဘဏ်လီမိတက်၊
(ဃ) ပထမပုဂ္ဂလိကဘဏ်လီမိတက်၊
( င ) ကမ္ဘောဇဘဏ်လီမိတက်၊
( စ ) အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေး ဘဏ်လီမိတက်၊
(ဆ) မြန်မာ့အရှေ့တိုင်းဘဏ်လီမိတက်၊
( ဇ ) မြန်မာ့ခရီးသွားဘဏ်လီမိတက်၊
( ဈ ) မြန်မာနိုင်ငံသားများဘဏ်လီမိတက်၊
(ည) သမဝါယမဘဏ်လီမိတက်၊
( ဋ) မြန်မာ့ရှေ့ဆောင်ဘဏ်လီမိတက်၊
( ဌ ) မြန်မာမက်ထရိုဘဏ်လီမိတက်၊
( ဍ ) ဧရာဝတီဘဏ်လီမိတက်၊
( ဎ ) သတ္ထုဖွံ့ဖြိုးရေးဘဏ်၊
(ဏ) ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက် အအုံ ဖွံ့ဖြိုးရေးဘဏ်၊
(တ) ဧရာဝတီတောင်သူလယ်သမားများ ဖွံ့ဖြိုးရေး ဘဏ်လီမိတက်၊
၃။ သို့ဖြစ်ပါ၍ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ချေးငွေလျှောက်ထားရာတွင် ပြည်ထောင်စုနယ်မြေ/ တိုင်းဒေသကြီး၊ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီရုံးခွဲများမှတစ်ဆင့် လျှောက်ထားနိုင်ပြီး နီးစပ်ရာ MSME အေဂျင်စီရုံးခွဲများသို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။
အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့