Latest News

ကိုရီးယား K- Pop အနုပညာရှင်များ ရန်ကုန်မြို့ရှိ အထင်ကရနေရာများသို့ သွားရောက်လေ့လာ

Ministry of Information / Posted on April 19, 2024

၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် နေပြည်တော်တွင် ပါဝင်ဆင်နွှဲခဲ့ကြသည့် ကိုရီးယားနိုင်ငံမှ K- Pop အနုပညာရှင်များသည် ယနေ့တွင် အဖွဲ့နှစ်ဖွဲ့ခွဲ၍ ရန်ကုန်မြို့ရှိ အထင်ကရနေရာများသို့ သွားရောက်ကြည့်ရှုလေ့လာကြသည်။

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် အမှတ် (၅) ရပ်ကွက်အတွင်း ဧပြီလ ၁၇ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ဖြစ်ပွားခဲ့သည့် မီးလောင်ကျွမ်းမှုနှင့်ပတ်သက်၍ အကြမ်းဖက် AA အဖွဲ့က တပ်မတော်က လုပ်ဆောင်ခဲ့ကြောင်းနှင့် ဘူးသီးတောင်မြို့နယ်နေ မွတ်စလင်များက လုပ်ဆောင်ခဲ့ကြောင်း စွပ်စွဲချက်ထွက်ပေါ်မှုများ၊ အိန္ဒိယမီဒီယာတစ်ခုမှ စွပ်စွဲရေးသားဖော်ပြမှုများ၊ AA အကြမ်းဖက်အဖွဲ့ခေါင်းဆောင် ထွန်းမြတ်နိုင်ရဲ့ လူမှုကွန်ရက်တွင် မြန်မာနိုင်ငံတွင် ဟိန္ဒူဘာသာဝင် ၁၆၀၀ နှင့် ဗုဒ္ဓဘာသာဝင် ၁၂၀ အား အစ္စလာမ္မစ်အကြမ်းဖက်အဖွဲ့က ဖမ်းဆီးထားကြောင

Ministry of Information / Posted on April 19, 2024

ဒီကနေ့မှာတော့ ကျွန်တော်တို့ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် အမှတ် (၅) ရပ်ကွက်မှာ ဧပြီလ ၁၇ ရက်နေ့ မနက် ၁၁ နာရီလောက်မှာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တယ်။ မီးလောင်ကျွမ်းမှုနဲ့ ပတ်သက်ပြီးတော့ အကြမ်းဖက် AA အဖွဲ့အနေနဲ့လည်း AA အဖွဲ့က တပ်မတော်က လုပ်ဆောင်တယ်။ တချို့ဘူးသီးတောင်မှာနေတဲ့ မွတ်စလင်တွေက လုပ်ဆောင်ခဲ့တယ်ဆိုပြီးတော့ စွပ်စွဲချက်များထွက်ပေါ်နေတာကိုလည်း ကျွန်တော်တို့ တွေ့ရပါတယ်။ ဒါ့အပြင် အိန္ဒိယရဲ့မီဒီယာတစ်ခုဖြစ်တဲ့ The Indian Express ဆိုတဲ့ သတင်းဌာနကလည်း ဒါနဲ့ပတ်သက်ပြီး ရေးသားနေတာလည်း တွေ့ရပါတယ်။ ဒါ့အပြင် အကြမ်းဖက် AA ခေါင်းဆောင် ထွန်းမြတ်နိုင်ကလည်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ မြန်မာနိုင်ငံတွင် ဟိန္ဒူဘာသာဝင် ၁၆၀၀ နဲ့ ဗုဒ္ဓဘာသာဝင် ၁၂၀ ကို အစ္စလာမ္မစ်အကြမ်းဖက်အဖွဲ့တွေက ဖမ်းဆီးထားတယ်ဆိုပြီးတော့ ရေးသားထားတာကို တွေ့ရပါတယ်။ ဒီရေးသားချက်များ၊ ဖော်ပြချက်များသည် ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသမှာ လူမျိုးရေးပဋိပက္ခဖြစ်ပွားအောင်၊ တပ်မတော်နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို အထင်အမြင်လွဲအောင် တမင်သက်သက် ယုတ်မာတဲ့လုပ်ကြံ ဖန်တီးရေးသားမှုများသာဖြစ်တယ်ဆိုတာကို ကျွန်တော်ပြောချင်ပါတယ်။

အကြမ်းဖက်လုပ်ရပ်များကို ဆန့်ကျင်တိုက်ဖျက်

Ministry of Information / Posted on April 19, 2024

ယဉ်ကျေးမှုအစဉ်အလာကြီးမားသော မြန်မာနိုင်ငံ၌ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် ကျင်းပနေစဉ်ကာလ၊ မြန်မာတို့၏ နှစ်ဟောင်းကုန်ဆုံးပြီး နှစ်သစ်သို့ ကူးပြောင်းသည့် မင်္ဂလာရှိသောအချိန်ကာလ၊ ထိုကဲ့သို့ ကောင်းမြတ်သည့် နေ့ရက်ကာလများတွင် မြန်မာတစ်မျိုးသားလုံး ပျော်ရွှင်ချမ်းမြေ့၊ စိတ်ကြည်နူးဖွယ် အစဉ်အလာဓလေ့များကို နိုင်ငံတစ်ဝန်း၌ မြင်တွေ့ရသည်မှာ ဝမ်းမြောက်စရာဖြစ်သည်။

Newspaper

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက် ၊ ဧပြီ ၁၆ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 16, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၇ ရက် ၊ ဧပြီ ၁၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 15, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၆ ရက် ၊ ဧပြီ ၁၄ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ April 14, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့်ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်


Ministry of Information/ Naypyitaw / September 27, 2021


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့်ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်

(၁၃၈၃ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၇ ရက်)

(၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၂၇ ရက်)

 

၁။ ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ပြည်ထောင်စုစိတ်ဓာတ်ကို အရင်းခံသည့် သွေးစည်းညီညွတ်မှု၏ အထိမ်းအမှတ်သက်သေအဖြစ် တောင်တန်းနှင့် မြေပြန့် တပေါင်း တစည်းတည်း လွတ်လပ်ရေးရယူကြရန် သန္နိဋ္ဌာန်ဖြင့် ပင်လုံစာချုပ်တွင် လက်မှတ်ရေးထိုး နိုင်ခဲ့ကြသည်။ ပင်လုံစာချုပ်၏ အသီးအပွင့်ရလဒ်အဖြစ် တောင်တန်းနှင့် မြေပြန့်ဒေသများ ညီညွတ်ပေါင်းစည်းပြီး တပ်မတော်နှင့်အတူ မြန့်မာလွတ်လပ်ရေးကို ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ လ ၄ ရက်နေ့တွင် ပြန်လည်ရယူနိုင်ခဲ့ကြပါသည်။

 

၂။ ထိုသို့ နိုင်ငံတော်တစ်ဝန်းလုံး စုစုစည်းစည်းဖြင့် လွတ်လပ်ရေး ပြန်လည်ရယူပေးနိုင် ခဲ့မှု၏အစပျိုးမှုဖြစ်သည့် တိုင်းရင်းသားသွေးချင်းတို့၏ ပြည်ထောင်စုစိတ်ဓာတ်ကို သက်သေ ထူနိုင်ခဲ့သည့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကို ပြည်ထောင်စုနေ့အဖြစ် သမိုင်းမော်ကွန်းတင် သတ်မှတ် ဂုဏ်ပြုခဲ့သည်မှာ ၂၀၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့သို့တိုင် ရောက်ရှိတော့မည် ဖြစ်ပါသည်။

 

 ၃။ ကျရောက်လာတော့မည့် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့် ပြည်ထောင်စုတစ်ဝှမ်းလုံး ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ခိုင်မာရေး၊ တိုင်းပြည်သာယာ ဝပြောရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် လုပ်ငန်းစဉ်များကို တိုးမြှင့်လုပ်ဆောင်၍ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ပိုမိုခိုင်မာစေရေးဆောင်ရွက် သွားရမည် ဖြစ်ပါသည်။ တိုင်းရင်းသား လူမျိုးစုများစွာ မှီတင်းနေထိုင်လျက်ရှိသည့် မိမိတို့နိုင်ငံအတွက် အချင်းချင်း သွေးစည်းညီညွတ်မှုရှိမှသာလျှင် ပြည်ထောင်စုကြီးမပြိုကွဲဘဲ အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲမည်ဖြစ်ပါသဖြင့် အနာဂတ်တွင် တိုင်းရင်းသားညီအစ်ကို မောင်နှမများ၏ ကျစ်လျစ် ခိုင်မာသည့် ညီညွတ်သောစုပေါင်းအားကို ဆက်လက်ကြိုးပမ်း တည်ဆောက်သွားရမည် ဖြစ်ပါသည်။

 

၄။ တပ်မတော်အနေဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် ပြည်သူလူထု၏ အသက် အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိသည့် အဖွဲ့အစည်း ပီသစွာဖြင့် ခေတ်အဆက်ဆက်ကပင် ကာကွယ်စောင့်ရှောက် ပေးခဲ့သည်။ လွတ်လပ်ရေးရရှိပြီး ၁၉၄၈ ခုနှစ်မှ ၁၉၅၈ ခုနှစ်အတွင်း ပါလီမန်ဒီမိုကရေစီ ခေတ်တွင် နိုင်ငံရေးအယူဝါဒကွဲပြားမှု၊ လူမျိုးရေးကွဲပြားမှု၊ တိုင်းရင်းသားအရေးကွဲပြားမှု၊ အယူဝါဒရေး ကွဲပြားမှုများကတစ်ဆင့် အုပ်ချုပ်သူအစိုးရအဆက်ဆက်ကို လက်နက်စွဲကိုင်ဆန့်ကျင်ခြင်းသည် ယနေ့တိုင်တည်ရှိနေသည့် လက်နက်ကိုင်ပဋိပက္ခများ၏ ဇာစ်မြစ်ပင်ဖြစ်ပြီး ယခင်ကိုလိုနီလက်ထက်ကတည်းက ကျင့်သုံးခဲ့သည့် သွေးခွဲအုပ်ချုပ်မှုစနစ်များ၏ အကျိုးဆက်များကြောင့်လည်း ဖြစ်သည်။

 

 ၅။ မိမိတို့နိုင်ငံသည် နိုင်ငံ၏ မည်သည့်တိုင်းဒေသကြီး၊ ပြည်နယ်များတွင်မဆို သီးသန့် လူမျိုးစု တစ်ခုတည်းနေထိုင်ခြင်းမရှိဘဲ တိုင်းရင်းသားလူမျိုးပေါင်းစုံ စုစည်းနေထိုင်သည့် ပြည်ထောင်စုနိုင်ငံဖြစ်သည်။ ထို့ကြောင့် ခေတ်အဆက်ဆက်ဖြစ် ပေါ်ခဲ့သည့် လက်နက်ကိုင် ပဋိပက္ခများကို စေ့စပ်ညှိနှိုင်းအဖြေရှာရာတွင် မိမိလူမျိုး၊ မိမိပြည်နယ်၊ မိမိဒေသ၊ မိမိအဖွဲ့ အစည်းတစ်ခုတည်း အတွက်ကိုသာမကြည့်ဘဲ ပြည်ထောင်စုဆိုသည့် အမြင်၊ ပြည်ထောင်စု စိတ်ဓာတ်၊ We are Myanmar ဆိုသည့် တပေါင်းတစည်းတည်းစိတ်များဖြင့် ညှိနှိုင်းဆွေး နွေးမှသာ တိုင်းရင်းသားပြည်သူ လူထုတစ်ရပ်လုံးလိုလားတောင့်တနေကြသည့် ထာဝရ ငြိမ်းချမ်းရေးကို အကောင် အထည်ဖော်ဆောင်နိုင်မည်ဖြစ်သည်။

 

၆။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် နိုင်ငံတော် တာဝန်များကို ရယူပြီးသည့်အချိန်မှစ၍ နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်နဲ့ ဦးတည်ချက် ၉ ရပ်ကို ချမှတ်ဆောင်ရွက်ခဲ့ရာ ၎င်းလုပ်ငန်းစဉ်နှင့် ဦးတည်ချက်တို့၌ “တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ်(NCA)ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်သွား မည် ဟု အတိအလင်းကြေညာထားခဲ့ပြီး ၎င်းအတိုင်း လုပ်ဆောင် လျက်ရှိသည်။

 

 ၇။ တပ်မတော်အနေဖြင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေး ထုတ်ပြန် ချက်များကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့မှ ယနေ့အထိ ၂၀ ကြိမ် ထုတ်ပြန်ခဲ့ပြီး ယနေ့အထိ၂ နှစ်နှင့် ၉ လကျော် အချိန်ကာလပေး၍ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရ ငြိမ်းချမ်းရေးကို တည်ဆောက်ခဲ့ပါသည်။

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023