Latest News

ကောလင်းမြို့နယ်၊ မောင်းတော်ကျေးရွာနှင့် သရက်ခုံကျေးရွာအခြေခံပညာမူလတန်းကျောင်းတို့မှ ဆရာ၊ ဆရာမ၊ မောင်နှမ ၂ ဦးအား PDF အမည်ခံ အကြမ်းဖက်သမားများက ဆင်တုံတရားမဲ့စွာ ဖမ်းဆီးသတ်ဖြတ်

Ministry of Information / Posted on July 04, 2022

NUG အမည်ခံအကြမ်းဖက်အဖွဲ့နှင့် ၎င်း၏လက်အောက်ခံ PDF အမည်ခံ အကြမ်းဖက် သမားများသည် အနာဂတ်ရင်သွေးငယ်များ၏ ပညာသင်ကြားသင်ယူခွင့် အခွင့်အလမ်းများ ပျက်ပြား၍ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန်နှင့် ၎င်းတို့ကို အကြောက်တရားဖြင့် ထောက်ခံအားပေးလာစေရန် ယုတ်မာရိုင်းစိုင်းသော ရည်ရွယ်ချက်များဖြင့် ကျောင်းသား၊ ဆရာ၊ မိဘများအား ခြိမ်းခြောက်အကြပ်ကိုင်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာ အဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ အထောက်အကူပြု ပစ္စည်းများနှင့် ကျောင်းသုံး ပုံနှိပ်စာအုပ်များ၊ ကျောင်းသုံးစာအုပ်များအား မီးရှို့ဖျက်ဆီးခြင်း၊ အတင်း အဓမ္မလုယူခြင်း စသည့်နည်းလမ်းမျိုးစုံ အသုံးပြုကာ ပညာရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီးလျက်ရှိသည်။

သတင်းထုတ်ပြန်ချက် (၇)ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ပုဂံမြို့၌ လက်ခံကျင်းပ

Ministry of Information / Posted on July 04, 2022

(၇)ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၄ ရက်၊ နံနက်ပိုင်းတွင် ပုဂံမြို့ရှိ ရွှေနန်းတော်ဟိုတယ်၌ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဧရာဝတီတိုင်းဒေသကြီး ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများအား တွေ့ဆုံအမှာစကားပြောကြား

Ministry of Information / Posted on July 04, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများအား ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ဧရာရွှေဝါခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြားသည်။

Newspaper

၁၃၈၄ ခုနှစ်၊ ဝါဆိုလဆန်း ၇ ‌ရက် ၊‌ ဇူလိုင် ၄ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ July 04, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ ဝါဆိုလဆန်း ၆ ‌ရက် ၊‌ ဇူလိုင် ၃ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ July 03, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ ဝါဆိုလဆန်း ၅ ‌ရက် ၊‌ ဇူလိုင် ၂ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ July 02, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download

အရည်အချင်းစစ် ရေးဖြေအောင်မြင်သူများစာရင်းနှင့် လူတွေ့စစ်ဆေးမည့်နေ့ရက် အသိပေးကြေညာခြင်း


Anti-corruption Commission/ Naypyitaw / March 31, 2022


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး

နေပြည်တော်

အရည်အချင်းစစ် ရေးဖြေအောင်မြင်သူများစာရင်းနှင့် လူတွေ့စစ်ဆေးမည့် နေ့ရက်

အသိပေးကြေညာခြင်း

၁။     အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးက ၁၉-၃-၂၀၂၂ ရက်နေ့နှင့် ၂၀-၃-၂၀၂၂ ရက်နေ့ တို့တွင် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ တောင်ကြီးနှင့် မော်လမြိုင်မြို့များ၌ ရေးဖြေစာမေးပွဲ ကျင်းပပြုလုပ်ခဲ့သည့် ဒုတိယလက်ထောက်ဦးစီးမှူး ရာထူးနေရာများအတွက် အရည်အချင်းစစ် ရေးဖြေ အောင်မြင်သူများစာရင်းကို အောက်ပါအတိုင်း ထုတ်ပြန်ကြေညာအပ်ပါသည် -

လူတွေ့ဖြေဆိုခွင့်ရရှိသည့် ခုံနံပါတ်များ

ဒု-လ/ထဦးစီး-(၁)၊ (၂)၊ (၆)၊ (၇)၊ (၈)၊ (၁၀)၊ (၁၄)၊ (၁၅)၊ (၁၆)၊ (၁၈)၊ (၁၉)၊ (၂၁)၊ (၂၄)၊ (၂၅)၊ (၂၇)၊ (၃၀)၊ (၃၁)၊ (၃၅)၊ (၃၆)၊ (၃၈)၊ (၃၉)၊ (၄၀)၊ (၄၁)၊ (၄၄)၊ (၄၅)၊ (၄၆)၊ (၄၇)၊ (၄၈)၊ (၄၉)၊ (၅၁)၊ (၅၂)၊ (၅၃)၊ (၅၅)၊ (၅၇)၊ (၆၁)၊ (၆၄)၊ (၆၆)၊ (၆၇)၊ (၆၉)၊ (၇၀)၊ (၇၂)၊ (၇၃)၊ (၇၄)၊ (၇၅)၊ (၇၈)၊ (၈၀)၊ (၈၁)၊ (၈၃)၊ (၈၄)၊ (၈၆)၊ (၉၀)၊ (၉၁)၊ (၉၃)၊ (၉၆)၊ (၉၇)၊ (၁၀၀)။

၂။     အရည်အချင်းစစ်ရေးဖြေအောင်မြင်သူများကို ၂၃-၄-၂၀၂၂ ရက်(စနေနေ့) နံနက်(၀၈:၀၀) နာရီအချိန်မှစ၍ နေပြည်တော်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ ရုံးအမှတ်(၅၆)တွင် လူတွေ့စစ်ဆေးခြင်းနှင့် ကွန်ပျူတာကျွမ်းကျင်မှုစစ်ဆေးခြင်းများကို ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် ဖြေဆိုမည့်နေ့ရက်မတိုင်မီ ၂၂-၄-၂၀၂၂ ရက်နေ့တွင် နံနက်(၀၉:၃၀)နာရီမှ (၁၆:၃၀)နာရီအချိန် ရုံးချိန်အတွင်း လာရောက်သတင်းပို့ကြရန်နှင့် လူတွေ့လာရောက်ဖြေဆိုရာ၌ အောက်ဖော်ပြပါ အထောက်အထား(မူရင်း)တို့ကို တစ်ပါတည်းယူဆောင်လာရမည်ဖြစ်ပါသည်-

(က) ဘွဲ့လက်မှတ်(မူရင်း)

(ခ) အသက်အထောက်အထားအတွက် အခြေခံပညာအထက်တန်းအောင်လက်မှတ်(မူရင်း)

(ဂ) နိုင်ငံသားစိစစ်ရေးကတ်ပြား(မူရင်း)

မှတ်ချက်။ အထက်ပါအထောက်အထားများ ပြည့်စုံစွာတင်ပြနိုင်ခြင်းမရှိပါက လူတွေ့ စစ်ဆေးခံယူခြင်းစာရင်းမှ ပယ်ဖျက်မည်ဖြစ်ပါသည်။

၃။     လူတွေ့စစ်ဆေးခြင်းနှင့် ကွန်ပျူတာကျွမ်းကျင်မှုစစ်ဆေးခြင်းများ ခံယူရန် လာရောက်သူ များသည် အောက်ပါအတိုင်းဝတ်ဆင်လာရမည် -

(က) အမျိုးသားတိုက်ပုံ၊ လည်ကတုံးအင်္ကျီ(အဖြူ)နှင့် ပုဆိုး

(ခ) အမျိုးသမီးများ မြန်မာဆန်ဆန်ဝတ်ဆင်လာရမည်။

၄။     အရည်အချင်းစစ် ရေးဖြေအောင်မြင်သူများ၏ အမည်စာရင်းအား အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ Website ဖြစ်သော www.accm.gov.mm နှင့် Facebook Page: ACC Myanmar တို့တွင် ကြေညာပေးထားမည်ဖြစ်ပါသည်။

၅။     အသေးစိတ်သိရှိလိုပါက နေပြည်တော်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စီမံရေးရာဦးစီးဌာန၊ ဝန်ထမ်းရေးရာဌာနခွဲ၊ ဖုန်းအမှတ်၊ ၀၆၇-၈၁၀၃၄၈၇ သို့ဖြစ်စေ၊ လူကိုယ်တိုင် ဖြစ်စေ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။

 

 

                                                                   အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး

Video