အသိပေးကြေညာချက် ၂ဝ၂၄ ခုနှစ်၊ မေလ ၂၄ ရက်

Latest News

ကြေညာချက်

Ministry of Information / Posted on August 31, 2024

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ မြန်မာနိုင်ငံတစ်ဝန်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ စာဖတ်နှုန်းမြင့်တက်စေရန် ရည်ရွယ်၍ တစ်ဖက်တစ်လမ်းမှ ပါဝင်ဝန်ဆောင်မှုပေးသည့်အနေဖြင့် ပြန်ကြားရေးဝန်ကြီးဌာနမှ ဖွင့်လှစ်ထားသော လူထုအခြေပြုဗဟိုဌာန (စာကြည့်တိုက်)များသို့ စာအုပ်များ ပေးပို့လှူဒါန်းလိုပါက မြန်မာ့စာတိုက်လုပ်ငန်းရှိ စာတိုက်များတွင် (အခမဲ့)ပေးပို့နိုင်ပါကြောင်း ကြေညာအပ်ပါသည်။

ဒုတိယဝန်ကြီး ဒေါ်နုမြဇံ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး) ၂၀၂၃-၂၀၂၄ ပညာသင်နှစ် (၁၈)ကြိမ်မြောက် ပန်းချီ၊ ပန်းပု လက်ရာမွန်ပြပွဲနှင့် ဂီတ၊ သဘင်၊ ရုပ်ရှင်နှင့် ပြဇာတ် စင်တင်တင်ဆက်ပွဲအခမ်းအနား တက်ရောက်

Ministry of Information / Posted on August 31, 2024

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် ယနေ့မွန်းလွဲပိုင်းက မန္တလေးမြို့ အမျိုးသားဇာတ်ရုံတွင် ကျင်းပသည့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး) ၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် (၁၈) ကြိမ်မြောက် ပန်းချီ၊ ပန်းပုလက်ရာမွန်ပြပွဲနှင့် ဂီတ၊ သဘင်၊ ရုပ်ရှင်နှင့် ပြဇာတ်စင်တင်တင်ဆက်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

စာပေဗိမာန်စာမူဆုရ စာအုပ်ဖြန့်ချိရောင်းချ

Ministry of Information / Posted on August 31, 2024

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က စာပေဗိမာန်စာမူဆု ကဗျာပေါင်းချုပ် တတိယဆုရရှိသည့် စာရေးသူမြတ်ဘုန်း(တပ်ကုန်း)၏ “နှလုံးလှအမေရဲ့ ဇာတ်စင်နှင့် အခြားကဗျာများ” စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။

Newspaper

၁၃၈၆ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၂ ရက်၊ သြဂုတ် ၃၁ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ August 31, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၁ ရက် ၊ သြဂုတ် ၃၀ ရက် ၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ August 30, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၀ ရက် ၊ သြဂုတ် ၂၉ ရက် ၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ August 28, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023

အသိပေးကြေညာချက် ၂ဝ၂၄ ခုနှစ်၊ မေလ ၂၄ ရက်


Ministry of Information/ Naypyitaw / May 25, 2024
image


 

၁။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ ပုဒ်မ ၄၀(င)နှင့် ပုဒ်မ ၆၂ တို့အရ မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် ပြည်တွင်းသုံးငွေကို တစ်ဦးတည်းထုတ်ဝေသူနှင့် စီမံခန့်ခွဲသူဖြစ်ပါသည်။

၂။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ၁၅-၅-၂၀၂၀ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၉/၂၀၂၀)ဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က Digital ငွေကြေးများဖြစ်သော Cryptocurrency: Bitcoin(BTC) ၊ Litecoin(LTC)၊ Ethereum(ETH) နှင့် Perfect Money(PM) စသည်တို့အား တရားဝင်ငွေကြေးအဖြစ် သတ်မှတ်ထားခြင်းမရှိသကဲ့သို့ ယင်းကို ရောင်း/ဝယ်လဲလှယ်ခြင်း များဆောင်ရွက်ရန် ငွေရေးကြေးရေးအဖွဲ့အစည်းများသို့ ခွင့်ပြုထားခြင်းမရှိကြောင်းနှင့် Digital ငွေကြေးများအား Personal Facebook Account များနှင့် Web Page များအသုံးပြု၍ ရောင်း/ဝယ်ခြင်း၊ လဲလှယ်ခြင်းများ မပြုလုပ်ရန် ထုတ်ပြန်ထားပြီးဖြစ်ပါသည်။

၃။ ယခုအခါ နိုင်ငံတော်အတွင်း USDT အပါအဝင် တရားမဝင် Digital ငွေကြေးများကို ရောင်း/ဝယ် လဲလှယ်ခြင်းများ၊ USDT အသုံးပြု၍ ဟွန်ဒီလုပ်ငန်းများ ဆောင်ရွက်နေကြောင်း တွေ့ရှိရပြီး ယင်းသို့ဆောင်ရွက်သူများကို ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေနှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေတို့ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ငွေစာရင်းများ ပိတ်သိမ်းခြင်း၊ တရားစွဲအရေးယူခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။

၄။ သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် အထက်အပိုဒ် (၂) ပါ တားမြစ်ချက်များကို ပါဝင် ဆောင်ရွက်ခြင်းမပြုလုပ်ရန်နှင့် ဖောက်ဖျက်ကျူးလွန်ကြောင်းတွေ့ရှိပါက ငွေစာရင်းများ ပိတ်သိမ်းခြင်းအပြင် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေအရလည်းကောင်း၊ ငွေရေးကြေးရေး အဖွဲ့အစည်းများဥပဒေအရလည်းကောင်း ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ခံရမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်

HOT NEWS
January 4,