ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ


Ministry of Information/ Naypyitaw / June 18, 2025
image_latest


နေပြည်တော် ဇွန် ၁၈

မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့်နေရာများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့အတွင်းရှိ သကျဓီတာ သီလရှင်စာသင်တိုက်နှင့် နဝလောဟာကျောင်းတိုက်များ၌ ငလျင်ပြီးနောက် သာသနိကအဆောက်အအုံများကို အဖွဲ့အစည်းအသီးသီးနှင့် စက်ယန္တရားကြီးများအသုံးပြု၍ အရှိန်အဟုန်မြှင့် အပြီးသတ်ဖယ်ရှားရှင်းလင်းပြီး ပြန်လည်တည်ဆောက်နေမှုအခြေအနေများနှင့် စစ်ကိုင်းမြို့အတွင်းရှိ ငလျင်ဘေးဒဏ်သင့် လူနေအဆောက်အအုံများ၊ လမ်းတစ်လျှောက် လမ်းဘေးဝဲ/ယာများရှိ အပြိုအပျက်များကို မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်သာယာလှပစေရေး ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုအားပေးကာ လုပ်ငန်းဆောင်ရွက်နေသူများအား အချိုရည်များပေးအပ်ပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဆက်လက်ပြီး ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့ ရွှေဟင်္သာတိုက်သစ် ဩဝါဒါစရိယဆရာတော်အား သွားရောက်ဖူးမျှော်ကြည်ညိုကြပြီး ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော သာသနိကအဆောက်အအုံအား ပြန်လည်ပြုပြင်မွမ်းမံတည်ဆောက်နိုင်ရန်အတွက် ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံနှင့် အလှူရှင်များက ငွေကျပ်သိန်း (၁၀၀) အား ဆရာတော်ကြီးထံ ဆက်ကပ်လှူဒါန်း၍ ရေစက်သွန်းချအမျှဝေခဲ့သည်။

၎င်းနောက် စစ်ကိုင်းမြို့ ငလျင်ဘေးဒဏ်သင့် ရဟန်း၊သံဃာတော်များ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များအား တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်ပေးနေမှုအခြေအနေများ၊ စစ်ကိုင်းတောင်ရှိ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်းများ ပြန်လည်တည်ဆောက်ရန်အတွက် လျာထားမြေလွတ်နေရာအား စက်ယန္တရားကြီးဖြင့် ဖယ်ရှားရှင်းလင်းနေမှု အခြေအနေများနှင့် အမှိုက်များစွန့်ပစ်သည့်နေရာသို့ သွားရောက်ကြည့်ရှုပြီး စနစ်တကျစွန့်ပစ်နိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ အနှိပ်တော်ရပ်ကွက်ရှိ Sky Villa နေရာတွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော ရှင်းလင်းရန်ကျန်ရှိနေသည့် “A” အဆောင်အား စက်ယန္တရားကြီးများအသုံးပြု၍ ဖယ်ရှားရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် အခြေအနေနှင့် ဖယ်ရှားရှင်းလင်းရာမှ တွေ့ရှိသောပစ္စည်းများအား ပစ္စည်းလက်ခံရေးနှင့် ပြန်လည်အပ်နှံရေးအဖွဲ့ထံသို့ စနစ်တကျအပ်နှံမှု၊ ထိန်းသိမ်းထားရှိမှုအခြေအနေများအားလည်းကောင်း၊ သက်ဆိုင်ရာပိုင်ရှင်များလက်ဝယ်သို့ ပြန်လည်လွှဲပြောင်းပေးနိုင်မှုအခြေအနေများအားလည်းကောင်း ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်နှင့်အဖွဲ့သည် ချမ်းအေးသာစံမြို့နယ်၊ မောရဂီဝါရပ်ကွက်နှင့် အောင်နန်းအရှေ့ရပ်ကွက်ရှိ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့် အန္တရာယ်ရှိ အဆောက်အအုံအပျက်အစီးများအား စက်ယန္တရားကြီးများအသုံးပြု၍ အင်တိုက်အားတိုက် ရှင်းလင်းဖယ်ရှားနေမှုများ၊ ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံးဥသျှောင်ရပ်ကွက်ရှိ ဒက္ခိဏာရာမ ဘုရားကြီးကျောင်းတိုက်အတွင်း ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော တမ္ပဝတီကျောင်း၊ အလယ်တိုက်ကြီးတို့ရှိ အပျက်အစီးများအား တပ်မတော်သားစစ်သည်များနှင့်အတူ စက်ယန္တရားကြီးများအသုံးပြု၍ ဖယ်ရှားရှင်းလင်းနေမှုအခြေအနေများအား ကြည့်ရှုအားပေးပြီး လုပ်ငန်းခွင်အန္တရာယ်မရှိစေရေး စနစ်တကျပြုလုပ် ဆောင်ရွက်သွားရန်မှာကြားကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Newspaper

၁၃၈၇ ခုနှစ်၊ တပေါင်းလကွယ်နေ့ ၊ မတ် ၁၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 17, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၄ ရက် ၊ မတ် ၁၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 16, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၃ ရက် ၊ မတ် ၁၅ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 15, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

Announcement

အမြဲတမ်းအတွင်းဝန်/ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်း

Ministry of Information / Posted on March 16, 2026

အမြဲတမ်းအတွင်းဝန်/ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်း

၂၀၂၆ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ပြဋ္ဌာန်း

Ministry of Information / Posted on March 16, 2026

၂၀၂၆ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ပြဋ္ဌာန်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ အများပြည်သူသို့အသိပေးကြော်ငြာခြင်း

Naypyitaw Development Committee / Posted on March 16, 2026

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ အများပြည်သူသို့အသိပေးကြော်ငြာခြင်း

Video