တစ်မျိုးသားလုံးစည်းလုံးညီညွတ်မှုဖြင့် အမျိုးသားအောင်ပွဲများ ဖော်ဆောင်
တစ်မျိုးသားလုံးစည်းလုံးညီညွတ်မှုဖြင့် အမျိုးသားအောင်ပွဲများ ဖော်ဆောင်
Ministry of Information/ Naypyitaw / November 14, 2025
၁၃၈၇ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော်(၁၀)ရက်၊ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့သည် သမိုင်းတွင်၊ သမိုင်းဝင် ဂုဏ်ယူဖွယ်ရာဆောင်သည့် မြန်မာတစ်မျိုးသားလုံး၏ အမျိုးသားအောင်ပွဲနေ့ဖြစ်သည်။ မြန်မာတို့၏ နယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓာတ်၊ အမျိုးသားရေးစိတ်ဓာတ် ပိုမိုကိန်းအောင်းလာမှုကြောင့် အမျိုးသားကျောင်းသားကြီးများဦးဆောင်သည့် နယ်ချဲ့ဆန့်ကျင်ရေး တစ်နိုင်ငံလုံးလှုပ်ရှားဆောင်ရွက်နိုင်ခဲ့သည့် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ကို အမျိုးသား အောင်ပွဲနေ့အဖြစ် နှစ်စဉ်နှစ်တိုင်း နိုင်ငံတစ်ဝန်းကျင်းပလျက်ရှိသည်။
ထိုသို့ ကျင်းပလာခဲ့သည်မှာ ယခုအခါ နှစ်ပေါင်း ၁၀၅ နှစ်ပင်ပြည့်ခဲ့ပြီးဖြစ်သည်။ အမျိုးသားအောင်ပွဲနေ့သည် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် ကဏ္ဍတစ်ခုအနေဖြင့် ကျယ်ပြန့်စွာပါဝင်ခဲ့သည့် သမိုင်းမှတ်တမ်းဖြစ်သည်။ အမျိုးသားအောင်ပွဲနေ့သည် မြန်မာတို့၏ပညာရေးကို ဖိနှိပ်ချုပ်ချယ်ထားသည့် ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို ဆန့်ကျင်သပိတ်မှောက်ခဲ့သည့် လှုပ်ရှားမှုကြီးဖြစ်သော်လည်း အဆိုပါလှုပ်ရှားမှုကြီးမှတစ်ဆင့် နိုင်ငံသူနိုင်ငံသားများအားလုံး၏ အမျိုးသားရေးစိတ်ဓာတ်များ ထက်သန်နိုးကြားပြီး တစည်းတလုံးတည်း ထုတ်ဖော်ပြသနိုင်ခဲ့သည့် သမိုင်းဝင်နေ့ထူးကြီးဖြစ်သည်။
မည်သည့်နိုင်ငံတွင်မဆို မိမိနိုင်ငံနှင့် မိမိလူမျိုးကို ချစ်မြတ်နိုးသောစိတ်၊ ကာကွယ်စောင့်ရှောက်လိုစိတ်၊ တန်ဖိုးထားလိုစိတ်တို့သည် အမျိုးသားရေးစိတ်ဓာတ်ပင်ဖြစ်သည်။ ထိုအမျိုးသားရေးစိတ်ဓာတ်များ တစ်နိုင်ငံလုံး လွှမ်းခြုံပြန့်ပွားပြီး မိမိနိုင်ငံနှင့် မိမိလူမျိုးအပေါ် မတရားအနိုင်ကျင့်၊ ဖျက်ဆီးသူ တိုင်းတစ်ပါးနယ်ချဲ့တို့အား တစည်းတလုံးတည်း ဆန့်ကျင်တော်လှန်ကန့်ကွက်ခဲ့ကြသောနေ့ကို တစ်မျိုးသားလုံး၏အောင်ပွဲ သို့မဟုတ် အမျိုးသားအောင်ပွဲနေ့ဟု သတ်မှတ် ဆောင်ရွက်ကြသည်။ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာကို တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက အမျိုးသားရေးစိတ်ဓာတ်များပေါင်းစုကာ ရယူခဲ့ကြသည်။ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် အမျိုးသားအောင်ပွဲနေ့သည် အမျိုးသားရေးစိတ်ဓာတ်ကို အထူးဖော်ညွှန်းပြသနိုင်ခဲ့သည့် နေ့တစ်နေ့ဖြစ်သည်။
ယခုနှစ် ၂၀၂၅ ခုနှစ် (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို “စည်းလုံးချစ်ကြည် လက်တွဲညီ ရွှေပြည်သစ်ဆီလှမ်းကြမည်” ဆောင်ပုဒ်ဖြင့် ဦးတည်လှုပ်ရှားကြမည်ဖြစ်သည်။ ယနေ့ကာလတွင် မြန်မာနိုင်ငံ၌ နိုင်ငံသူနိုင်ငံသားများအားလုံး၏ ဒီမိုကရေစီဆန္ဒကို အကောင်အထည်ဖော်နိုင်ရန် ကြိုးပမ်းဆောင်ရွက်နေသောကာလ ဖြစ်သည်။ မြန်မာတစ်နိုင်ငံလုံး ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ဖြောင့်တန်းစွာ လျှောက်လှမ်းနိုင်ရန်အတွက် ရွေးကောက်ပွဲမှတစ်ဆင့် ဒီမိုကရေစီနိုင်ငံသစ်ဆီ တက်လှမ်းနေသောကာလဖြစ်သည်။
ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်ရေးအတွက် နိုင်ငံတော်အစိုးရနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ ပြည်သူ့အကျိုးကို သယ်ပိုးထမ်းဆောင်မည့် ပြည်သူ့ကိုယ်စားလှယ်လောင်းများ၊ တိုင်းရင်းသား အဖွဲ့အစည်းများနှင့် မဲဆန္ဒရှင်ပြည်သူများအားလုံး တစည်းတလုံးတည်း ပါဝင်ဆောင်ရွက်ကြပြီး အမျိုးသားအောင်ပွဲ မှတ်တိုင်တစ်ခုကို စိုက်ထူကြမည်ဖြစ်သည်။ တစ်မျိုးသားလုံးပါဝင်လှုပ်ရှား ဆောင်ရွက်ကြမည့် လွတ်လပ်ပြီးတရားမျှတသည့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် နိုင်ငံသူနိုင်ငံသားအားလုံး တက်ညီလက်ညီ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရမည်ဖြစ်သည်။ လွတ်လပ်သော၊ တရားမျှတသော၊ ဂုဏ်သိက္ခာရှိသောရွေးကောက် ပွဲဖြစ်ပေါ်လာအောင် ကျရာကဏ္ဍမှ ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်သည်။
၂၀၂၅ ခုနှစ် (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့နှင့်ပတ်သက်၍ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲရေးကို အမျိုးသားရေးတာဝန်တစ်ရပ်ဖြင့် ထိန်းသိမ်းစောင့်ရှောက်ရေး။ အသိပညာ၊ အတတ်ပညာနှင့်ပြည့်စုံသော လူ့စွမ်းအားအရင်းအမြစ်များဖြင့် နိုင်ငံတော်ကို တည်ဆောက်ရေး။ အမျိုးသားပညာရေးကို မြှင့်တင်ခြင်းဖြင့် နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ခိုင်မာစေရေးနှင့် အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး”ဟူသည့် ဦးတည်ချက်(၄)ရပ်ဖြင့် အကောင်အထည်ဖော်လှုပ်ရှားဆောင်ရွက်လျက်ရှိရာ ဦးတည်ချက်ပါအတိုင်း ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲရေးကို စည်းလုံးညီညွတ်မှုဖြင့် ဝိုင်းဝန်းအကောင်အထည်ဖော်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ ၂၀၂၅ ခုနှစ် (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဆောင်ပုဒ်ဖြစ်သည့် “စည်းလုံးချစ်ကြည် လက်တွဲညီ ရွှေပြည်သစ်ဆီလှမ်းကြမည်” ဆိုသည့်အတိုင်း ပြည်ထောင်စုတစ်ဝန်းလုံး မှီတင်းနေထိုင်ကြသော တိုင်းရင်းသားပြည်သူအားလုံး စည်းလုံးညီညွတ်မှုအားမာန်များ၊ အမျိုးသားရေးလှုပ်ရှားမှုအောင်ပွဲများနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုရွှေပြည်သစ်ကြီးကို ခိုင်မြဲစွာတည်ဆောက်နိုင်အောင် ဝိုင်းဝန်းလက်တွဲဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။
Newspaper
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်၊ နိုဝင်ဘာ ၁၄ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ November 14, 2025
Publication Date: 2025
Page: 32 pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၉ ရက်၊ နိုဝင်ဘာ ၁၃ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ November 13, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်၊ နိုဝင်ဘာ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ November 12, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
DownloadAnnouncement
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) ၂၀၂၅ -၂၀၂၆ ပညာသင်နှစ်၊ ပထမနှစ်ဝင်ခွင့် ရရှိသူများစာရင်း
Ministry of Cooperatives and Rural Development / Posted on November 13, 2025
သမဝါယမကောလိပ်(ဖောင်ကြီး)နှင့်သမဝါယမကောလိပ်(မန္တလေး) ပထမနှစ်ဝင်ခွင့်ရရှိသူများစာရင်း
Ministry of Cooperatives and Rural Development / Posted on November 13, 2025
သမဝါယမကောလိပ် (မန္တလေး၊ ဖောင်ကြီး)တို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပထမနှစ် (ပထမနှစ်ဝက်)သင်တန်းနှင့် ဒုတိယနှစ် (ပထမနှစ်ဝက်)သင်တန်းများကို (၁၇-၁၁-၂၀၂၅)ရက်နေ့မှ စတင်၍ ကျောင်းအပ်လက်ခံပြီး (၂၄-၁၁-၂၀၂၅)ရက်နေ့၌ စတင်ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဝန်ကြီးရုံး(သာသနာရေး)၊ ရုံးအမှတ်(၃၁)၊ နေပြည်တော်တွင် လစ်လပ်လျက်ရှိသော အငယ်တန်းစာရေး ၂ နေရာ၊ ယာဉ်မောင်း(၅) ၁ နေရာ၊ သန့်ရှင်းရေးအကူ ၁ နေရာတို့အတွက် လျှောက်လွှာခေါ်ယူခြင်း
Ministry of Religious Affairs & Culture / Posted on November 12, 2025
လျှောက်လွှာပုံစံ
