တတိယအကြိမ်ကရင်ပြည်နယ်လွှတ်တော်ပထမပုံမှန်အစည်းအဝေးဆဋ္ဌမနေ့ကျင်းပ ပြည်နယ်ဝန်ကြီးချုပ်နှင့်ပြည်နယ် အဆင့်အဖွဲ့အစည်းဝင်များ ကတိသစ္စာပြု
တတိယအကြိမ်ကရင်ပြည်နယ်လွှတ်တော်ပထမပုံမှန်အစည်းအဝေးဆဋ္ဌမနေ့ကျင်းပ ပြည်နယ်ဝန်ကြီးချုပ်နှင့်ပြည်နယ် အဆင့်အဖွဲ့အစည်းဝင်များ ကတိသစ္စာပြု
Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး / April 10, 2026
ဘားအံ - ဧပြီ (၁၀)
တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ဧပြီလ ၁၀ ရက်နေ့ နံနက် ၁၀ နာရီက ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌဦးစန်းကိုက အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ ၂၂ ဦးအနက် ၂၁ ဦးနှင့် ဖိတ်ကြားထားသော ပြည်နယ်အဆင့် အဖွဲ့အစည်းဝင်များ တက်ရောက်ကြသည့်အတွက် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်းကြေညာ ပြီး အစည်းအဝေးတက်ရောက်မှုအခြေအနေကို လွှတ်တော်၏အတည်ပြုချက်ရယူ၍ အတည်ပြုမှတ်တမ်းတင်သည်။
ထို့နောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးစန်းကိုက ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်စိစစ်ရေးနှင့် အခွင့်အရေး ဆိုင်ရာကော်မတီ၊ ပြည်နယ်ဘဏ္ဍာငွေအရအသုံးဆိုင်ရာကော်မတီ၊ အစိုးရအဖွဲ့၏ အာမခံချက်များ၊ ကတိကဝတ်များနှင့် တာဝန်ခံချက်များဆိုင်ရာကော်မတီ၊ ပြည်သူတို့၏ တိုင်ကြားစာနှင့်အသနားခံစာဆိုင်ရာစိစစ်ရေးကော်မတီတို့၏ ကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ အစားထိုးတာဝန်ပေးအပ်နိုင်ရေးနှင့်ကော်မတီ ဝင်များ နုတ်ထွက်ခြင်းနှင့်စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်၏အတည်ပြုချက်ကို ရယူသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်အဖြစ်ရွေးချယ်တင်မြှောက်ခံရသူ ဦးစောမြင့်ဦး ဘားအံမြို့နယ်လွှတ်တော်ကိုယ် စားလှယ်အမှတ်(၁)က ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌရှေ့မှောက်၌ ကတိသစ္စာပြုပြီး ပြည်နယ်အဆင့်အဖွဲ့အစည်းဝင်များက ကတိသစ္စာပြုကြကာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ပြည်နယ်လွှတ်တော်တွင် မိန့်ခွန်းပြောကြား၍ အဆိုပါမိန့်ခွန်းကို ပြည်နယ်လွှတ်တော်တွင်မှတ်တမ်းတင်ကြောင်း ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌက ကြေညာသည်။
ထို့နောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ကရင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ ရပ်နားကြောင်းနှင့် ပထမပုံမှန်အစည်းအဝေးပြီးစီးကြောင်း ကြေညာခဲ့သည်။

Newspaper
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၅ ရက် ၊ မေ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 20, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၄ ရက် ၊ မေ ၁၉ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 19, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၃ ရက် ၊ မေ ၁၈ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ May 17, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)ရှိ မြေနေရာအချို့နှင့် အဆောက်အဦအချို့အား နှစ်တို/ နှစ်ရှည် ငှားရမ်းဆောင်ရွက်နိုင်ရန်အတွက် စိတ်ဝင်စားသူများအား ဖိတ်ခေါ်ခြင်း (Expression of Interest)
Ministry of Ethnic Affairs / Posted on May 19, 2026
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)ရှိ မြေနေရာအချို့နှင့် အဆောက်အဦအချို့အား နှစ်တို/ နှစ်ရှည် ငှားရမ်းဆောင်ရွက်နိုင်ရန်အတွက် စိတ်ဝင်စားသူများအား ဖိတ်ခေါ်ခြင်း (Expression of Interest)
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ ငလျင်ဒဏ်သင့် ကျေးရွာများရှိ အိမ်ထောင်စု(၅၀) တွင် အိမ်သုံး Solar System တပ်ဆင်ခြင်းလုပ်ငန်းအတွက် တင်ဒါအောင်မြင်သော ကုမ္ပဏီအား ကြေညာခြင်း
Ministry of Ethnic Affairs / Posted on February 28, 2026
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ ငလျင်ဒဏ်သင့် ကျေးရွာများရှိ အိမ်ထောင်စု(၅၀) တွင် အိမ်သုံး Solar System တပ်ဆင်ခြင်းလုပ်ငန်းအတွက် တင်ဒါအောင်မြင်သော ကုမ္ပဏီအား ကြေညာခြင်း
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊စီမံရေးရာဌာနမှ ကြေညာခြင်း
Naypyitaw Development Committee / Posted on May 18, 2026
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊စီမံရေးရာဌာနမှ ကြေညာခြင်း