တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့သည် မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ထနီးကျေးရွာရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်


Ministry of Information/ Naypyitaw / January 16, 2025
image_latest


နေပြည်တော် ဇန်နဝါရီ ၁၆

ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)၊ မြစ်ရေယာဉ်(စကု)တို့နှင့်အတူ လိုက်ပါလာသည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ထနီးကျေးရွာ၊ အောင်ကျိုက္ခမီဘုန်းကြီးကျောင်းရှိ ဓမ္မရတနာဗိမာန်တွင် အခြေပြု၍ အဆိုပါမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၅၈၃ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် နယ်လှည့်အထူးကုဆေးအဖွဲ့က ဆေးကုသမှုဆိုင်ရာ ရောဂါ ၁၆၄ ဦး၊ ခွဲစိတ်ရောဂါ ၂၃ ဦး၊ သားဖွား/မီးယပ်ရောဂါ ၁၄ ဦး၊ ကလေးရောဂါ ၁၉ ဦး၊ အရိုး ရောဂါ ၁၄၁ ဦး၊ နား၊နှာခေါင်း၊လည်ချောင်းရောဂါ ၅၃ ဦး၊ မျက်စိရောဂါ ၁၁၇ ဦး၊ သွားရောဂါ ၅၂ ဦးတို့ကို လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။

ထို့အပြင်အထွေထွေခွဲစိတ်လူနာ ၁၅ ဦးတို့ကို ခွဲစိတ်ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဓာတ်မှန်ရိုက်လူနာ ၈ ဦး၊ တယ်လီဗေးရှင်းဓါတ်မှန်ရိုက်လူနာ ၃၁ ဦး၊ ECG စက်ဖြင့် နှလုံး စမ်းသပ်လူနာ ၃၂ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၄၃ ဦးတို့ကို ရောဂါရှာဖွေ စမ်းသပ်ပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သည့်လူနာ ၇ ဦးတို့ကို နီးစပ်ရာ တပ်မတော်ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

ထို့ပြင် တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)ပေါ်၌ ဇန်နဝါရီလ ၁၅ ရက်၊ ည ၉ နာရီ ၂၉ မိနစ်ခန့်တွင် မအူပင်မြို့နယ်၊ ကွန်ဒိုင်းကလေးကျေးရွာနေ မောင်အောင်အောင်ဦး၏ ဇနီးဖြစ်သူ မသန္တာဌေးကို ၇ ပေါင် ၃ အောင်စရှိ သားဦးရတနာအား အောင်မြင်စွာ ခွဲစိတ်မွေးဖွားပေးနိုင်ခဲ့ပြီး မိခင်နှင့်ကလေးမှာ ကျန်းမာရေးကောင်းမွန်လျက်ရှိသည်။ အဆိုပါကလေးငယ်အား ကာကွယ်ရေးဦးစီးချုပ်(ရေ)မှ ပေးအပ်သည့် ငွေသားနှင့် လက်ဆောင်ပစ္စည်းများကို တာဝန်ရှိသူတစ်ဦးက ကိုယ်စားပေးအပ်ခဲ့သည်။

အဆိုပါ ကလေးငယ်သည် ယခုခရီးစဉ်အတွင်း ပထမဆုံးမွေးဖွားပေးခဲ့သည့် ကလေးငယ်ဖြစ်ပြီး တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ်(ရွှေပုဇွန်)၏ သမိုင်းမှတ်တမ်းတွင် ၂၉ ဦးမြောက်အဖြစ် အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

Newspaper

၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၃ ရက်၊ ဖေဖော်ဝါရီ ၁၅ ရက် ၊စနေနေ့။


Publisher: မြန်မာ့အလင်း/ February 15, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၂ ရက်၊ ဖေဖော်ဝါရီ ၁၄ ရက် ၊သောကြာနေ့။


Publisher: မြန်မာ့အလင်း/ February 14, 2025

Publication Date: 2025

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁ ရက်၊ ဖေဖော်ဝါရီ ၁၃ ရက် ၊ကြာသာပတေးနေ့။


Publisher: မြန်မာ့အလင်း/ February 13, 2025

Publication Date: 2025

Page: 32 pages

Language: မြန်မာ

Download

Announcement

ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်းနှင့် သတင်းအေဂျင်စီ လုပ်ငန်းလုပ်ကိုင်သူများ လုပ်ငန်းအသိအမှတ်ပြုလက်မှတ် အသစ်လဲလှယ်ရန် အသိပေးကြေညာခြင်း

Ministry of Information / Posted on February 14, 2025

၁။ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းနည်းဥပဒေများထွက်ရှိသည့် ၁၀-၁၀-၂၀၁၄ ရက်နေ့မှစ၍ ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်း အသိအမှတ်ပြုလက်မှတ်များအား ၅ နှစ် သက်တမ်းခွင့်ပြုပေးခဲ့ပါသည်။

ရေးဖြေစာမေးပွဲဖြေဆိုရမည့် စာစစ်ဌာနနှင့်ဖြေဆိုခွင့်ကတ်ပြား ထုတ်ယူရမည့်နေရာများကြေညာခြင်း (မွန်စာစစ်)

Union Civil Service Board / Posted on February 14, 2025

ရေးဖြေစာမေးပွဲဖြေဆိုရမည့် စာစစ်ဌာနနှင့်ဖြေဆိုခွင့်ကတ်ပြား ထုတ်ယူရမည့်နေရာများကြေညာခြင်း (မွန်စာစစ်)

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023