တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)မှ နယ်လှည့်ဆေးကုသရေးအဖွဲ့ လပွတ္တာမြို့နယ် ဘီတွတ်ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်
တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)မှ နယ်လှည့်ဆေးကုသရေးအဖွဲ့ လပွတ္တာမြို့နယ် ဘီတွတ်ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်
Ministry of Information/ Naypyitaw / December 02, 2025
နေပြည်တော် ဒီဇင်ဘာ ၁
ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်)၊ မြစ်ရေယာဉ်(စကု)တို့နှင့်အတူလိုက်ပါလာသည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ် ဘီတွတ်ကျေးရွာသို့ရောက်ရှိရာ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ဒေသခံပြည်သူများက သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် တပ်မတော် နယ်လှည့်အထူးကုဆေးအဖွဲ့များသည် လပွတ္တာမြို့နယ် ဘီတွတ်ကျေးရွာရှိ သာသနာ့ဇေယျုံ ကျောင်းတိုက်၌အခြေပြု၍ ၎င်းကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူ ၅၁၄ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာ ဆေးကုသမှုဆိုင်ရာရောဂါ ၁၈၈ ဦး၊ ခွဲစိတ်ရောဂါ ၃၉ ဦး၊ သားဖွား/မီးယပ်ရောဂါ ၃၁ ဦး၊ ကလေးရောဂါ ၃၈ ဦး၊ အရိုးရောဂါ ၉၈ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၃၄ ဦး၊ မျက်စိရောဂါ ၅၄ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၃၂ ဦး စုစုပေါင်းဒေသခံပြည်သူ ၅၁၄ ဦးတို့ကို လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ၎င်းတို့အနက် အထွေထွေခွဲစိတ်လူနာ ငါးဦး၊ သွားနုတ်/သွားဖာ ၁၄ ဦး၊ ဓာတ်မှန်ရိုက်လူနာ ၁၈ ဦး၊ အာထရာဆောင်းစက်ဖြင့် စမ်းသပ်စစ်ဆေးလူနာ ၃၅ ဦး၊ ECG စက် ဖြင့် နှလုံးစမ်းသပ်လူနာ ၁၃ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၄၉ ဦး တို့ကို ရောဂါရှာဖွေစမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများအပေါ် ဒေသခံပြည်သူများ၏ စကားသံများကို ယခုကဲ့သို့ ကြားသိရပါသည်-
၁။ အရိုးအကြော မကောင်းလို့လာပြတာပါ။ ကြာပြီနှစ်(၂၀)ကျော်ပြီ။ အဲဒီလိုပဲ ကောင်းလိုက်မကောင်းလိုက်နဲ့ပေါ့၊ အခုမျက်စိလည်းပြဖို့လာတာ။ မျက်စိတော့မပြရသေးဘူး။ အရိုးအကြောတော့ပြပြီးသွားပြီ။ အရိုးတွေကကိုက်တာပေါ့။ ထလို့ထိုင်လို့မကောင်းဘူး။ မကောင်းတဲ့ကြားထဲက အဲလို ကိုယ့်အိမ်မှာကိုယ်အလုပ်လုပ်နေတာပဲပေါ့။ ဆေး သောက်လိုက်၊ ဆေးထိုးလိုက် အဲလိုပဲနေရတာပဲ။ အခုလိုပဲ လူတွေအများကြီး လာလာပြကြပါတယ်။ ရွှေပုဇွန်သင်္ဘောကြီးလာပြီဆို အစောကြီးတည်းက သတင်းကြည့်ထားတာ။ ဘယ်တော့လာမလဲဆိုတာ သိကြတာပေါ့နော်။ အခြားတစ်ပါးမသွားနိုင်တဲ့ သူတွေဒီမှာကုရတာလေ၊ တချို့တွေဆို လပွတ္တာတောင် သွားမကုနိုင်တဲ့သူတွေအများကြီး ရှိသေး တယ်။ ဝမ်းသာတာပေါ့။ ကိုယ့်ရွာမှာ ဒီလိုလာပြီးတော့ ဆေးကုသပေးတာ အခမဲ့လာကုသပေးတော့ ဝမ်းသာတာပေါ့။
၂။ ဒူးနာလို့ လာပြတာပါ။ ဒူးနာတာတော့ လေးငါးခြောက်လလောက်ရှိပါပြီ ဒီဒူးနာတဲ့ ဝေဒနာကထော့နဲ့ထော့နဲ့ သွားနေရတာ ဘယ်လိုမှ အဆင်မပြေဘူးလေ။ အခုလိုမျိုး ဆေးထိုးပေးတယ်ဆို ကောင်းသွားတယ်ဆိုရင် ကျွန်မတို့လောက်ပျော်တဲ့သူ ရှိတောင်မရှိဘူး။ ကိုယ့်ရွာကိုယ့်နယ်ကလူတွေ ဒီလိုမျိုးကုသနိုင်ဖို့ဆိုတာ မလွယ်ဘူးလေ။ အကုန်လုံး အတွက်လည်း ကျေးဇူးတင်ပါတယ်။ ဝမ်းလည်းဝမ်းသာပါတယ်။ ဒီအဖွဲ့ကိုလည်း ကြိုဆိုပါတယ်။ ပျော်လည်း ပျော်ပါတယ်။ ကျေးဇူးလည်းအများကြီးတင်ပါတယ်။ ဘယ်တော့မှလည်း မမေ့ပါဘူး။ စိတ်ထဲမှာလဲ အမြဲတမ်းမှတ်ထားပါတယ်။
သတင်းစဉ်
Newspaper
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၃ ရက် ၊ ဒီဇင်ဘာ ၂ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ December 02, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၂ ရက် ၊ ဒီဇင်ဘာ ၁ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 01, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၁ ရက် ၊ နိုဝင်ဘာ၃၀ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ November 30, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
DownloadAnnouncement
ရှေ့ဟောင်း Classic မော်တော်ယာဉ်များ ပြန်လည်မှတ်ပုံတင်ပေးခြင်းဆိုင်ရာ အသိပေးကြေညာခြင်း
Ministry of Transport and Communications / Posted on November 29, 2025
ရှေ့ဟောင်း Classic မော်တော်ယာဉ်များ ပြန်လည်မှတ်ပုံတင်ပေးခြင်းဆိုင်ရာ အသိပေးကြေညာခြင်း
ရှေ့ဟောင်း Classic မော်တော်ယာဉ်များ ပြန်လည်မှတ်ပုံတင်ပေးခြင်းဆိုင်ရာ အသိပေးကြေညာခြင်း
Ministry of Transport and Communications / Posted on November 29, 2025
ရှေ့ဟောင်း Classic မော်တော်ယာဉ်များ ပြန်လည်မှတ်ပုံတင်ပေးခြင်းဆိုင်ရာ အသိပေးကြေညာခြင်း
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လစ်လပ်လျက်ရှိသောရာထူးနေရာများအတွက် လျှောက်လွှာခေါ်ယူခြင်း
Ministry of Cooperatives and Rural Development / Posted on November 26, 2025
