တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင် ကရင်ပြည်နယ် အတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေး၊ ဝန်ထမ်းများနှင့်တွေ့ဆုံအမှာစကားပြောကြား


Ministry of Ethnic Affairs/ Naypyitaw / May 23, 2026
image_latest


           တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်သည် ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးတင်မောင်လှိုင်၊ ကရင် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးမျိုးမြင့်နိုင်၊ ပအိုဝ်းတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ခွန်မြတ်ထူး၊ တာဝန်ရှိသူများနှင့်အတူ မေလ (၂၃) ရက်နေ့ နေ့လယ်ပိုင်းတွင် ဘားအံမြို့ရှိ  တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံး အစည်းအဝေး ခန်းမ၌ ကရင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးပါသည်။

          ပထမဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်က တွေ့ဆုံအမှာစကားပြောကြားရာတွင် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များ ပိုမိုလွယ်ကူစွာ ဆောင်ရွက်နိုင်ရန်အတွက် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်းပြီး မိမိတို့ဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းရင်းသား ရိုးရာဝတ်စားဆင်ယင်မှုများကို ရှိရင်းစွဲ မူလလက်ရာကို မထိခိုက်စေရန် အထူးသတိပြု ဆောင်ရွက်ကြရန်နှင့် စည်းမျဉ်းများသတ်မှတ်ထားကြရန် မှာကြားလိုပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာနအနေဖြင့် မကြာမီကာလအတွင်း တိုင်းရင်းသားများအချင်းချင်း ပိုမိုစည်းလုံး ချစ်ကြည်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်များရှိ တိုင်းရင်းသားများကိုဖိတ်ခေါပြီး ပြည်တွင်းလေ့လာရေးခရီးစဉ်နှင့် တွေ့ဆုံပွဲများကျင်းပနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးသည် ဒွန်တွဲလျက်ရှိသဖြင့် မိမိတို့ ပြည်နယ်၊ ဒေသတည်ငြိမ်အေးချမ်းအောင် တိုင်းရင်းသားများအနေဖြင့် ယခုအစိုးရသစ်နှင့် အတူတကွ လက်တွဲပြီး အားသစ်မာန်သစ်ဖြင့် ယခင်ကထက်အရှိန်တိုးမြှင့်ကာ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်က ဆောင်ရွက်နေသည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် တိုင်းရင်းသားပြည်သူများပူးပေါင်းပါဝင်မှသာ ပိုမိုထိရောက်အောင်မြင်မည်ဖြစ်ပါကြောင်း၊ မိမိတို့ဒေသတွင် ကြုံတွေ့နေရသည့်အခက်အခဲများကို ပွင့်လင်းစွာတင်ပြဆွေးနွေးစေလိုပါကြောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အသင်းအဖွဲ့များ၏ တင်ပြသည့်အချက်များကို သေချာစွာမှတ်သားပြီး သက်ဆိုင်ရာ ဆက်စပ်ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များတို့နှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

          ယင်းနောက် ကရင်၊ မွန်၊ ဗမာ၊ ပအိုဝ်းနှင့် ရှမ်း တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အသင်းအဖွဲ့များက ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စများ၊ စာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့ မှတ်ပုံတင်ရာတွင် ကြုံတွေ့ရသည့်အခက်အခဲများ၊ တိုင်းရင်းသားဘာသာစာပေသင် (TA/LT) ဆရာ၊ ဆရာမများ ကြုံတွေ့ရသည့်အခက်အခဲများ ဖြေရှင်းပေးနိုင်ရေး၊ ယဉ်ကျေးမှုဆိုင်ရာ ကိစ္စရပ်များ၊ တိုင်းရင်းသားများ၏ နေ့ထူးနေ့မြတ်ပွဲတော် ကျင်းပရေးဆိုင်ရာများနှင့် ပတ်သက်ပြီး အထွေထွေဆွေးနွေးတင်ပြကြရာ ဆွေးနွေးတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး တိုင်းရင်းသားစာပေ နှင့်ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များ ပိုမိုထိန်းသိမ်းမြှင့်တင် ဆောင်ရွက်နိုင်ရန်အတွက် မွန်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်း အဖွဲ့များအား ချီးမြှင့်ငွေများ ပေးအပ်ခဲ့ပါသည်။

       ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးများတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့် တွေ့ဆုံပြီး ဝန်ထမ်းများအနေဖြင့် မိမိတို့ဝန်ကြီးဌာနနှင့် ပြည်နယ်အစိုးရအဖွဲ့က ပေးအပ်သည့်လုပ်ငန်းတာဝန်များကို  ကျေပွန်စွာကြိုးစားဆောင်ရွက်သွားကြရန်မှာကြားလိုပါကြောင်း ပြောကြားခဲ့ပြီး တာဝန်ခံညွှန်ကြားရေးမှူးများက လုပ်ငန်းဆောင်ရွက်နေမှုများ၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်းများနှင့် စပ်လျဉ်း၍ Power Point ဖြင့် ရှင်းလင်းတင်ပြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပြီး ဝန်ထမ်းများအား ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

 

Newspaper

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၉ ရက် ၊ မေ ၂၄ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 24, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၈ ရက် ၊ မေ ၂၃ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 23, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၇ ရက် ၊ မေ ၂၂ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 22, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ

Ministry of Transport and Communications / Posted on January 31, 2025

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ

Video