တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လေ့လာရေးခရီးလာရောက်ကြသည့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့ ကိုယ်စားလှယ်များအား တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲသို့တက်ရောက်


Ministry of Ethnic Affairs/ Naypyitaw / June 05, 2026
image_latest


ကယားပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ နေပြည်တော်သို့ လေ့လာရေးခရီးလာရောက်ကြသည့် တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့ ကိုယ်စားလှယ်များအား  တည်ခင်းဧည့်ခံသည့်  ဂုဏ်ပြုညစာ စားပွဲ အခမ်းအနားကို ယနေ့ညနေ ၁၈:၀၀ နာရီ၌ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်၊ ဒုတိယဝန်ကြီး ဦးစိုင်းထွန်းညို၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လေ့လာရေးခရီးလာရောက်ကြသည့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

              ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြား ရာတွင် ယခုလေ့လာရေးခရီးစဉ်သည် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ (၉)ကြိမ်မြောက် လေ့လာရေးခရီးစဉ်ဖြစ်ပြီး အစိုးရသစ်လက်ထက်တွင် ပထမဆုံးအကြိမ်နှင့် ရက် ၁၀၀ စီမံကိန်းအတွင်း စီစဉ်ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊  တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့ ကိုယ်စားလှယ်များအကြား တစ်ဦးနှင့်တစ်ဦး အတွေ့အကြုံများကို အမြင်ချင်းဖလှယ်၍ ပိုမိုထိတွေ့ဆက်ဆံမှုများ ရရှိခြင်းဖြင့် သွေးစည်းညီညွှတ်စေမည် ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များကို ပေါင်းစုထားသည့် ပြည်ထောင်စုဖြစ်သည်နှင့်အညီ တစ်ဦးနှင့်တစ်ဦး နားလည်မှုနှင့် အပြန်အလှန် ယုံကြည်မှု တည်ဆောက်နိုင်ပါက စစ်မှန်သည့် ငြိမ်းချမ်းရေးကို ရရှိပိုင်ဆိုင်နိုင်မည် ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးသည် ဒွန်တွဲလျက်ရှိရာ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အသင်းအဖွဲ့များအနေဖြင့် မိမိတို့ဒေသ တည်ငြိမ်းအေးချမ်းအောင် ယခင်ကထက် အရှိန်အဟုန် မြှင့်ကာ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ယခု ၄ ရက်တာ လေ့လာရေး ခရီးစဉ်မှလည်း ငြိမ်းချမ်းသည့် ဒေသများ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုများကို လက်တွေ့မြင်တွေ့ နိုင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုသည် တိုင်းရင်းသားများ၏ ဖွံ့ဖြိုးတိုးတက်မှုပင် ဖြစ်သဖြင့် နိုင်ငံတော်က ငြိမ်းချမ်းရေးနှင့်တိုင်းရင်းသားပြည်သူများ၏     လူမှုစီးပွားဘဝဘက်စုံ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသည့်နည်းတူ တိုင်းရင်းသားညီအစ်ကို မောင်နှစ်မများအားလုံးကလည်း အတူတကွ စည်းလုံးညီညွတ်စွာဖြင့် လက်တွဲ၍ ပူးပေါင်းပါဝင် ကြိုးပမ်းဆောင်ရွက်ပေးကြရန်နှင့်  မိမိတို့၏ ရပ်ရွာဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စစ်မှန်သော ပြည်ထောင်စုစိတ်ဓါတ်ဖြင့် ဒီမိုကရေစီဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး ပေါ်ထွန်းစေရေးအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက် ကြရန် တိုက်တွန်းပြောကြားပါသည်။

              ထို့နောက် ဒုတိယဝန်ကြီး ဦးစိုင်းထွန်းညိုက နှုတ်ခွန်းဆက်စကားပြောကြားပါသည်။

              ဆက်လက်၍ ကယားပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ လေ့လာရေးခရီးလာရောက်ကြသည့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့ (၁၂)ဖွဲ့အား ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယ ဝန်ကြီးတို့က ထောက်ပံ့ငွေများပေးအပ်ခဲ့ရာ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်း အဖွဲ့များကိုယ်စား ပဲခူးတိုင်းဒေသကြီး၊ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့မှ ကိုယ်စားလှယ် (၁)ဦးက ကျေးဇူးတင်စကားပြောကြားပါသည်။

              ၎င်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့ ကိုယ်စားလှယ်များနှင့်အတူ စုပေါင်း၍ မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကြပါသည်။

              ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် လေ့လာရေးခရီး လာရောက်ကြသည့်အဖွဲ့များနှင့်အတူ ချစ်ကြည်ရင်းနှီးစွာဖြင့် ညစာသုံးဆောင် ခဲ့ကြပြီး ညစာသုံးဆောင်စဉ် တိုင်းရင်းသားရိုးရာတေးသီချင်းများ၊ အကအလှများဖြင့် ဖျော်ဖြေ တင်ဆက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

Newspaper

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၀ ရက် ၊ ဇွန် ၉ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ June 09, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၉ ရက် ၊ ဇွန် ၈ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ June 08, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၈ ရက် ၊ ဇွန် ၇ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ June 08, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

ပုံနှိပ်ခြင်း လုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း (သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီ လုပ်ငန်း ခွင့်ပြုထားရှိမှု နှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၅-၂၀၂၆)

Ministry of Information / Posted on June 08, 2026

ပုံနှိပ်ခြင်း လုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း (သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီ လုပ်ငန်း ခွင့်ပြုထားရှိမှု နှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၅-၂၀၂၆)

အဂတိလိုက်စားမှု ကင်းရှင်းစေရေး " 1111 "ကို ‌ဖြေကြားပေးရန် ပြည်သူသို့ အသိပေးနှိုးဆော်ခြင်း

Ministry of Ethnic Affairs / Posted on June 08, 2026

အဂတိလိုက်စားမှု ကင်းရှင်းစေရေး " 1111 "ကို ‌ဖြေကြားပေးရန် ပြည်သူသို့ အသိပေးနှိုးဆော်ခြင်း

ချင်းပြည်နယ် တရားလွှတ်တော် တရားသူကြီး ခန့်အပ် တာဝန်ပေးခြင်း

Ministry of Information / Posted on June 04, 2026

ချင်းပြည်နယ် တရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန် ပေးခြင်း

Video