တံတားဦးမြို့နယ်၌ လူမှုစီးပွားမြှင့်တင်ရေးရန်ပုံငွေ(သက်တန့်ရောင်)စီမံကိန်းမှ သွင်းအားစု ထောက်ပံ့ပေးအပ်ပွဲကျင်းပ
တံတားဦးမြို့နယ်၌ လူမှုစီးပွားမြှင့်တင်ရေးရန်ပုံငွေ(သက်တန့်ရောင်)စီမံကိန်းမှ သွင်းအားစု ထောက်ပံ့ပေးအပ်ပွဲကျင်းပ
Ministry of Cooperatives and Rural Development/ Naypyitaw / June 09, 2026
တံတားဦး ဇွန် ၈
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ် သမဝါယမဦးစီးဌာနမှ ဦးဆောင်ကျင်းပသည့် သူငယ်တော်ကျေးရွာ ရွှေငယ်မြေလယ်ယာနှင့်အထွေထွေစီပွားရေးလုပ်ငန်း သမဝါယမအသင်းစပါးစိုက် အသင်းသားတောင်သူများအား လူမှုစီးပွားမြှင့်တင်ရေး ရန်ပုံငွေ (သက်တန့်ရောင်) စီမံကိန်းမှသွင်းအားစု ထောက်ပံ့ပေးအပ်ပွဲကို အဆိုပါကျေးရွာ ကိုးတောင်ပြည့် ဓမ္မာရုံ၌ ကျင်းပကြောင်းသိရသည်။
ထောက်ပံ့ပေးအပ်ပွဲတွင် မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်ဆန်းလင်းက လူမှုစီးပွားမြှင့်တင်ရေး(သက်တန့်ရောင်) စီမံကိန်း လုပ်ငန်းဆောင်ရွက်မှုနှင့်ပတ်သက်ပြီး အကျယ်တဝင့်ရှင်းလင်းပြောကြား၍ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ်ဦးစီးဌာနမှူး ဦးကျော်ကျော်နောင်က သွင်းအားစုများ ထောက်ပံ့ပေးရခြင်း နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီးသမဝါယမဦးစီးဌာနလက်ထောက် ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက သွင်းအားစုများကို အသင်းသားတောင်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်သည်။
တံတားဦးမြို့နယ် သူငယ်တော်ကျေးရွာ ရွှေငယ်မြေလယ်ယာနှင့် အထွေထွေစီပွားရေး လုပ်ငန်း သမဝါယမအသင်းစပါးစိုက် အသင်းသားတောင်သူ ၂၈ ဦးရှိပြီး စပါးစိုက်ဧက ၅၀ အတွက် လိုအပ်သည့် သွင်းအားစုများနှင့် စပါးမျိုးများတန်ဖိုးငွေကျပ် ၁၄ ဒသမ ၄ သန်းအား ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ရဲတင့်(ပြန်/ဆက်)
Newspaper
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၀ ရက် ၊ ဇွန် ၉ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ June 09, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၉ ရက် ၊ ဇွန် ၈ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ June 08, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၈ ရက် ၊ ဇွန် ၇ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ June 08, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
ပုံနှိပ်ခြင်း လုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း (သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီ လုပ်ငန်း ခွင့်ပြုထားရှိမှု နှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၅-၂၀၂၆)
Ministry of Information / Posted on June 08, 2026
ပုံနှိပ်ခြင်း လုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း (သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီ လုပ်ငန်း ခွင့်ပြုထားရှိမှု နှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၅-၂၀၂၆)
အဂတိလိုက်စားမှု ကင်းရှင်းစေရေး " 1111 "ကို ဖြေကြားပေးရန် ပြည်သူသို့ အသိပေးနှိုးဆော်ခြင်း
Ministry of Ethnic Affairs / Posted on June 08, 2026
အဂတိလိုက်စားမှု ကင်းရှင်းစေရေး " 1111 "ကို ဖြေကြားပေးရန် ပြည်သူသို့ အသိပေးနှိုးဆော်ခြင်း
ချင်းပြည်နယ် တရားလွှတ်တော် တရားသူကြီး ခန့်အပ် တာဝန်ပေးခြင်း
Ministry of Information / Posted on June 04, 2026
ချင်းပြည်နယ် တရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန် ပေးခြင်း

