ဒုတိယဝန်ကြီး ဦးမျိုးမြင့် အဆောက်အဦဦးစီးဌာနမှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ အမျိုးသားကင်ဆာရောဂါကုသရေးဌာန တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး
ဒုတိယဝန်ကြီး ဦးမျိုးမြင့် အဆောက်အဦဦးစီးဌာနမှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ အမျိုးသားကင်ဆာရောဂါကုသရေးဌာန တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး
Ministry of Information/ Naypyitaw / November 02, 2025
နေပြည်တော် နိုဝင်ဘာ ၁
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမျိုးမြင့်သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် အဆောက်အဦဦးစီးဌာနမှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ရန်ကုန်တိုင်းဒေသကြီးတွင် တည်ဆောက်လျက်ရှိသော အမျိုးသားကင်ဆာရောဂါကုသရေးဌာန(Oncology Unit)တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေကို ကြည့်ရှု စစ်ဆေးသည်။
ဆွေးနွေးတင်ပြ
ဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အမျိုးသားကင်ဆာရောဂါကုသရေးဌာန အစည်းအဝေးခန်းမ၌ အဆောက်အဦဦးစီးဌာန အထူးအဖွဲ့များက အရာထမ်း၊ အမှုထမ်းများနှင့်တွေ့ဆုံရာ အရာထမ်း၊ အမှုထမ်းများက လုပ်ငန်းတာဝန်ဆောင်ရွက်နေမှုတို့ကို ဆွေးနွေးတင်ပြကြပြီး ဒုတိယဝန်ကြီးက ဝန်ကြီးဌာန၏ ရည်မှန်းချက်နှင့်အညီ နိုင်ငံတစ်ဝန်းလမ်းပန်းဆက်သွယ်ရေးနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက် လျက်ရှိပါကြောင်း၊ ဝန်ထမ်းများ နိုင်ငံ့ဝန်ထမ်းသစ္စာ အဓိဋ္ဌာန်(၆)ချက်ကို လိုက်နာကျင့်ကြံရမည်ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်စည်းမျဉ်း၊ စည်းကမ်းပြဋ္ဌာန်းချက်ပါအတိုင်း လိုက်နာကျင့်သုံးရမည်ဖြစ်ကြောင်း၊ လုပ်ငန်းတာဝန်ထမ်းဆောင်ရာတွင် မိသားစုစိတ်မျိုးဖြင့် လုပ်ငန်းတာဝန်များကို အောင်မြင်အောင်ဆောင်ရွက်ကြရန်၊ ပြည်သူများအားကိုးယုံကြည်ရသည့် ဝန်ထမ်းကောင်းများဖြစ်ရန်လိုကြောင်း မှာကြားသည်။
ဆက်လက်၍ အဆိုပါအစည်းအဝေးခန်းမ၌ အမျိုးသားကင်ဆာရောဂါကုသရေးဌာန (Oncology Unit)ကို တာဝန်ယူတည်ဆောက်လျက်ရှိသော အဆောက်အဦဦးစီးဌာန အဆောက်အဦအထူးအဖွဲ့ (၁) တာဝန်ခံအင်ဂျင်နီယာက ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်သည့် (မြို့ပြ/ရေသန့်/လျှပ်စစ်) လုပ်ငန်းများဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်တို့ကို ရှင်းလင်းတင်ပြရာဒုတိယဝန်ကြီးက ဆေးရုံအဆောက်အအုံအား ငလျင်ဒဏ်ခံနိုင်အောင် ထပ်မံအားဖြည့်ထားသည့် Shear Wall များ၊ Secondary Beams များအား Structure ဒီဇိုင်းပါအတိုင်း Q.C အဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့် သေချာစွာဆောင်ရွက်သွားရန်၊ ကင်ဆာရောဂါကုဆေးရုံကြီးသည် ပြည်သူများအတွက် မရှိမဖြစ်လိုအပ်သည့် ကျန်းမာရေးအထောက်အပံ့ ဆေးရုံဖြစ်သည့်အတွက် လူနာများစိတ်အေးချမ်းသာစွာဖြင့် ကုသမှုခံယူနိုင်ရန် ဆေးရုံပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေး အလေးထားဆောင်ရွက်သွားရန်၊ ရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်သွားရန်တို့ကို မှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဆေးရုံအုပ်ကြီးနှင့်အတူ အမျိုးသားကင်ဆာရောဂါ ကုသရေးဌာန (Oncology Unit) တည်ဆောက်ရေး လုပ်ငန်းဆောင်ရွက်နေသည့် လုပ်ငန်းခွင်အတွင်း အသေးစိတ်လိုက်လံလှည့်လည် ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းသုံးပစ္စည်းများ အရည်အသွေးပြည့်မီစေရန်၊ လက်ရာများသေသပ်ကောင်းမွန်စေရေး အလေးထားဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားသည်။
အဆိုပါ အဆောက်အအုံသည် ရှစ်ထပ်အဆောက်အအုံဖြစ်ပြီး ပြည်သူများ ဆောလျင်စွာ ဆေးကုသမှုခံယူနိုင်ရန် မြေညီထပ်ကင်ဆာ ဓာတ်ရောင်ခြည်ကုသခန်းများကို ဦးစွာတည်ဆောက် အသုံးပြုနေပြီဖြစ်ပြီး ကျန်အထပ်များကိုလည်း ယခုဘဏ္ဍာနှစ်အတွင်း အပြီးတည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
Newspaper
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၃ ရက် ၊ နိုဝင်ဘာ ၂ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ November 02, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၂ ရက် ၊ နိုဝင်ဘာ ၁ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ November 01, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၁ ရက် ၊ အောက်တိုဘာ ၃၁ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ October 31, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
ကြော်ငြာစာအမှတ် (၂/၂၀၂၅)ပါ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်စီမံရေးရာဦးစီးဌာန၊ ဌာနစုမှူး(၂)/ တတိယအတွင်းဝန် (အမျိုးသား/အမျိုးသမီး) ရာထူး (၃၀) နေရာအတွက် စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးမှုခံယူမည့်သူများသတင်းပို့ရန်အတွက် အကြောင်းကြားစာနှင့် ရေးသွင်းရမည့်ပုံစံများကြေညာခြင်း
Union Civil Service Board / Posted on November 01, 2025

ကြော်ငြာစာအမှတ် (၁/၂၀၂၅)ပါ လစ်လပ်ရာထူး (၆၀၉) နေရာအတွက် စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးမှုခံယူမည့်သူများသတင်းပို့ရန်အတွက် အကြောင်းကြားစာနှင့် ရေးသွင်းရမည့်ပုံစံများကြေညာခြင်း

ကြော်ငြာစာအမှတ် (၂/၂၀၂၅)အတွက်စိတ်အခြေအနေနှင့်လူတွေ့စစ်ဆေးမှုခံယူမည့်သူများအမည်စာရင်းကြေညာခြင်း
Union Civil Service Board / Posted on November 01, 2025
ကြော်ငြာစာအမှတ် (၂/၂၀၂၅)အတွက်စိတ်အခြေအနေနှင့်လူတွေ့စစ်ဆေးမှုခံယူမည့်သူများအမည်စာရင်းကြေညာခြင်း