ဒုတိယဝန်ကြီး ဦးမြင့်စိုး သမ/ ကျေးလက် ဝန်ထမ်းများအတွက် ယာယီဝန်ထမ်းအိမ်ရာ တည်ဆောက်ပေးနေမှု ကြည့်ရှုစစ်ဆေး
ဒုတိယဝန်ကြီး ဦးမြင့်စိုး သမ/ ကျေးလက် ဝန်ထမ်းများအတွက် ယာယီဝန်ထမ်းအိမ်ရာ တည်ဆောက်ပေးနေမှု ကြည့်ရှုစစ်ဆေး
Ministry of Cooperatives and Rural Development/ Naypyitaw / May 14, 2025
နေပြည်တော် ဧပြီ ၁၄
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့မွန်းလွဲ ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့သို့ သွားရောက်ပြီး ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၏ မြောက်လွှတ်ကုန်း သင်တန်းဆောင်၌ ၂ ခန်းတွဲ အရာထမ်းအိမ်ရာ ၅ လုံး တည်ဆောက်နေမှုကိုလည်းကောင်း၊ ယန္တရားဝင်းအတွင်း ပစ္စည်းသိုလှောင်ရုံများ၌ အမှုထမ်း များအတွက် အခန်း ၄၈ ခန်း ဖွဲ့စည်းနေရာချထားမှုအခြေအနေနှင့် ထမင်းဟင်းချက်ပြုတ်ရန် စီစဉ်ပေးထားသော နေရာကိုလည်းကောင်း၊ သောက်သုံးရေသွယ်တန်းပေးထားမှုကိုလည်းကောင်း၊ ၈ ခန်းတွဲ တည်ဆောက်ပေးထားသည့် သန့်စင်ခန်းများကိုလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေး ကာ မေလတတိယပတ်အတွင်း လုပ်ငန်းများ အပြီးဆောင်ရွက်၍ ဝန်ထမ်းမိသားစုများကို စနစ်တကျ နေရာချထားပေးရန်၊ မိုးတွင်းကာလ ရေမဝပ်စေရေးနှင့် အမိုးအကာများ လုံခြုံမှုရှိစေရေး ဂရုပြု ဆောင်ရွက်ရန် မှာကြားသည်။
ထိုမှတဆင့် ဒုတိယဝန်ကြီးသည် ဇဗ္ဗသီရိမြို့နယ်ရှိ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန တိုင်းရုံး မြေနေရာ၌ ဝန်ထမ်းများ ယာယီနေထိုင်နိုင်ရေး ၄ ခန်းတွဲ အရာထမ်းအိမ်ရာ (၈) လုံး တည်ဆောက်နေရာချထားမှုနှင့် ပတ်လမ်းဆောင်ရွက်နေမှု၊ ရေချိုးခန်းနှင့် သန့်စင်ခန်းများအား ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးချုပ်သို့ သွားရောက်ပြီး Fabricated Modular House အလုံး ၂၀ ထားရှိမည့် မြေနေရာအား ကြည့်ရှုစစ်ဆေး ကာ Fabricated Modular House များ ရရှိသည်နှင့် အမြန်တည်ဆောက် နေရာချထားပေးရန် မှာကြားခဲ့ကြောင်း သိရသည်။
Newspaper
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၁ ရက် ၊ ဇန်နဝါရီ ၁၃ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၀ ရက် ၊ ဇန်နဝါရီ ၁၂ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၉ ရက် ၊ ဇန်နဝါရီ ၁၁ ရက်၊ တနင်္ဂနွေနေ့။
Announcement
ပြည်ပထွက်ခွာခွင့်နှင့်ပတ်သက်၍ အသိပေးကြေညာချက်
Ministry of Information / Posted on January 13, 2026
ပြည်ပထွက်ခွာခွင့်နှင့်ပတ်သက်၍ အသိပေးကြေညာချက်
သတင်းထုတ်ပြန်ချက်
Ministry of Information / Posted on January 12, 2026
ရန်ကုန်မြို့၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက် – မြန်မာနိုင်ငံသည် ရွေးကောက်ပွဲအပြီးတွင် သမိုင်းစာမျက်နှာအသစ်သို့ ကူးပြောင်းကာ နိုင်ငံတော်သစ် တည်ဆောက်ရေးလုပ်ငန်းစဉ်များကို စတင်ဖော်ဆောင်တော့မည့်အချိန်အခါဖြစ်ပါသည်။ ထိုသို့ နိုင်ငံသစ်တစ်ရပ်ကို အောင်မြင်စွာ တည်ဆောက်နိုင်ရန်အတွက် နိုင်ငံတကာအသိုက်အဝန်း၏ အပြုသဘောဆောင်သော အားပေးကူညီမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများသည်...