ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး Container House များ တပ်ဆင်နေမှုနှင့် တည်‌ဆောက်ထားသည့် ယာယီအဆောင်များ ကြည့်ရှုစစ်ဆေး


Ministry of Information/ Naypyitaw / May 15, 2025
image_latest


နေပြည်တော် မေ ၁၄

ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ရုံးအမှတ် (၂၅) ဥပဒေရေးရာဝန်ကြီးဌာန ယာယီဝန်ထမ်းအိမ်ရာဝင်း၌ ဝန်ထမ်းများ နေထိုင်နိုင်ရန် တရုတ်နိုင်ငံမှ ကူညီထောက်ပံ့သည့် Container House များ တပ်ဆင်တည်ဆောက်ခြင်းလုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေးသည်။

သက်ဆိုင်ရာပညာရှင်အဖွဲ့က ပြန်လည်ရှင်းလင်း

ဦးစွာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပညာရှင်အဖွဲ့ခေါင်းဆောင်က ယာယီအဆောက်အအုံများ ဆောက်လုပ်တပ်ဆင်ခြင်းကို Video Clip ဖြင့် ရှင်းလင်းပြသပြီး ယာယီအဆောက်အအုံများ ချထားမည့်မြေနေရာတွင် လက်တွေ့တည်ဆောက်တပ်ဆင်ခြင်းများကို ဆောင်ရွက်ရာ တာဝန်ရှိသူများက တပ်ဆင်တည်ဆောက်နေမှုများကို လေ့လာ၍ သိရှိလိုသည့်အချက်များကို မေးမြန်းပြီး သက်ဆိုင်ရာပညာရှင်အဖွဲ့က ပြန်လည်ရှင်းလင်းသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က Container House များ လာရောက်တပ်ဆင်ပေးသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပညာရှင်အဖွဲ့အား ကျေးဇူးတင်စကား ပြောကြားပြီး တည်ဆောက်တပ်ဆင်နေသည့် ယာယီအဆောက်အအုံများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၃ ရက်၊ မေ ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၂ ရက်၊ မေ ၁၂ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 12, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၁ ရက်၊ မေ ၁၁ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 11, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

အမြဲတမ်းအတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ်အဖြစ်တာဝန်ပေးအပ်ခြင်း

Ministry of Information / Posted on May 13, 2026

အမြဲတမ်းအတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ်အဖြစ်တာဝန်ပေးအပ်ခြင်း

အခွန်အယူခံခုံအဖွဲ့က (၁၉-၅-၂၀၂၆)ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုများစာရင်း

Revenue Appellate Tribunal / Posted on May 12, 2026

အခွန်အယူခံခုံအဖွဲ့က (၁၉-၅-၂၀၂၆)ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုများစာရင်း

Video