ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း UNFPA ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်အား လက်ခံတွေ့ဆုံ


Ministry of Information/ Naypyitaw / December 02, 2025
image_latest


နေပြည်တော် ဒီဇင်ဘာ ၁

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ကုလသမဂ္ဂလူဦးရေရန်ပုံငွေ အဖွဲ့(UNFPA)၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စား လှယ် Mr. Jaime Nadal Roig အား ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးဌာနဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံစဉ် UNFPA မှ ငလျင်ဘေးသင့်ဒေသ များအတွက် Dignity Kits များ ထောက်ပံ့ပေးခဲ့မှု၊ လူမှုဝန်ထမ်းဦးစီးဌာနလက်အောက်ရှိ အကြမ်းဖက် ခံရသည့် အမျိုးသမီး များအား ဝန်ဆောင်မှုပေးသည့် စင်တာ (One Stop Women Support Centre- OSWSC) များတွင် အကြမ်းဖက်ခံရသည့် အမျိုးသမီးများအတွက် UNFPA မှ ထောက်ပံ့ပေးနေမှု၊ UNFPA ၏ နိုင်ငံခြားသားဝန်ထမ်းများအတွက် ပြည်ဝင်ခွင့်ဗီဇာဆိုင်ရာကိစ္စများ ညှိနှိုင်းဆောင်ရွက်ပေးခဲ့မှုနှင့် လူမှုဝန်ထမ်းဦးစီးဌာနနှင့် UNFPA တို့အကြား ကျား၊ မ တန်းတူညီမျှရေးနှင့် အမျိုးသမီးများစွမ်းဆောင်ရည် မြင့်မားရေးလုပ်ငန်းအစီအစဉ် Workplan အား သက်တမ်းတိုးလက်မှတ်ရေးထိုး၍ လုပ်ငန်းများ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဘာသာရပ်ဆိုင်ရာအရာထမ်းများနှင့် UNFPA ရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

သတင်းစဉ်

Newspaper

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၃ ရက် ၊ ဒီဇင်ဘာ ၂ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ December 02, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၂ ရက် ၊ ဒီဇင်ဘာ ၁ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ December 01, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၁ ရက် ၊ နိုဝင်ဘာ၃၀ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ November 30, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

Announcement

ရှေ့ဟောင်း Classic မော်တော်ယာဉ်များ ပြန်လည်မှတ်ပုံတင်ပေးခြင်းဆိုင်ရာ အသိပေးကြေညာခြင်း

Ministry of Transport and Communications / Posted on November 29, 2025

ရှေ့ဟောင်း Classic မော်တော်ယာဉ်များ ပြန်လည်မှတ်ပုံတင်ပေးခြင်းဆိုင်ရာ အသိပေးကြေညာခြင်း

ရှေ့ဟောင်း Classic မော်တော်ယာဉ်များ ပြန်လည်မှတ်ပုံတင်ပေးခြင်းဆိုင်ရာ အသိပေးကြေညာခြင်း

Ministry of Transport and Communications / Posted on November 29, 2025

ရှေ့ဟောင်း Classic မော်တော်ယာဉ်များ ပြန်လည်မှတ်ပုံတင်ပေးခြင်းဆိုင်ရာ အသိပေးကြေညာခြင်း

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023