ပြည်နယ်အတွင်းရှိ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများအား သင်ထောက်ကူပစ္စည်းများထောက်ပံ့
ပြည်နယ်အတွင်းရှိ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများအား သင်ထောက်ကူပစ္စည်းများထောက်ပံ့
Kayin State Government/ ကရင်ပြည်နယ်အစိုးအဖွဲ့ရုံး / November 20, 2024
ဘားအံ - နိုဝင်ဘာ (၂၀)
“အနာဂတ်သာယာကောင်းမွန်ရေး ကလေးများအသံနားထောင်ပေး” ဆောင်ပုဒ်ဖြင့် (၃၅)နှစ်မြောက် ကလေး သူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းနှစ်ပတ်လည်နေ့အထိမ်းအမှတ် ကမ္ဘာ့ကလေးများနေ့ အခမ်း အနားကို နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက် ၈ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြည်နယ်အတွင်းရှိကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများအတွက် ငွေကျပ် ၁၁၆ သိန်းကျော် တန်ဖိုးရှိ သင်ထောက်ကူပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ကရင်ပြည်နယ်အနေဖြင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီများကို အဆင့်ဆင့်ဖွဲ့စည်းထားပြီး ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ကလေးငယ်များဘက်စုံဖွံ့ဖြိုးရေးအတွက် ပညာရေး၊အသက်မွေးဝမ်း ကျောင်း၊ယဉ်ကျေးမှု၊အားကစားအစရှိသည့်ကဏ္ဍများအလိုက်မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကလေးသူငယ် များအတွက် ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရေး၊ ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ကလေးများ၏ ပကတိလိုအပ်ချက်များအပေါ်အခြေခံ၍ တစ်နည်းအားဖြင့်ကလေးများ၏အသံကိုနားထောင်ပြီး အားလုံးပူးပေါင်း ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးမှ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း (၁၁၆)ကျောင်းအတွက် စုစုပေါင်းငွေကျပ် ၁၁၆ သိန်းကျော်တန်ဖိုးရှိ သင်ထောက်ကူပစ္စည်းများကို ထောက်ပံ့ပေးအပ် ခဲ့ကြပြီး ကမ္ဘာ့ကလေးများနေ့အထိမ်းအမှတ် Video clip ကို တက်ရောက်လာသူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြ သည်။
ယင်းနောက် မူလတန်းကြိုကျောင်းများမှ ရင်သွေးငယ်လေးများက တေးသရုပ်ဖော်များဖြင့် သီဆိုကပြဖျော် ဖြေတင်ဆက်ခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ခဲ့ကြပြီး အခမ်းအနားသို့တက်ရောက်လာသော မူကြိုရင်သွေးငယ်လေးများနှင့်ကျောင်းသား၊ကျောင်းသူများအား လက်ဆောင် ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ကြကာ တက်ရောက်လာကြသော လူမှုရေးအသင်းအဖွဲ့များ၊ ရင်သွေးငယ်လေးများ နှင့်၎င်းတို့၏မိဘများ၊ ကျောင်းသား၊ကျောင်းသူ၊ဆရာ၊ဆရာမများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ကာ အားပေး စကားများပြောကြားခဲ့ပါသည်။
Newspaper
၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်၊ နိုဝင်ဘာ ၂၃ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ November 23, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၆ ရက်၊ နိုဝင်ဘာ ၂၁ ရက်၊ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ November 21, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၅ ရက်၊ နိုဝင်ဘာ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ November 20, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
DownloadAnnouncement
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနမှ ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ခေါ်ဆိုခဲ့သောတင်ဒါများအတွက် တင်ဒါအောင်မြင်သော ကုမ္ပဏီအမည်စာရင်း
Ministry of Electric Power / Posted on November 22, 2024
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနမှ ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ခေါ်ဆိုခဲ့သောတင်ဒါများအတွက် တင်ဒါအောင်မြင်သော ကုမ္ပဏီအမည်စာရင်း
အလုပ်လျှောက်လွှာခေါ်ယူခြင်း
Ministry of Ethnic Affairs / Posted on November 22, 2024
အလုပ်လျှောက်လွှာခေါ်ယူခြင်း
ပြည်တွင်းအခွန်များဦးစီးဌာန ဒုတိယဦးစီးမှူး(ဝင်ပေါက်) ရာထူနေရာများအတွက် ရွေးချယ်ခံရသူများစာရင်း ထုတ်ပြန်ကြေညာခြင်း
Ministry of Planning and Finance / Posted on November 22, 2024